Wednesday, March 16, 2016

ဦးနေဝင်း

ဦးနေဝင်း

ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁ - ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။

Tuesday, March 8, 2016

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ မန်းဝင်းမောင်

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ မန်းဝင်းမောင်

အဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူဦးဝင်းမောင် (ခ) မန်းဝင်းမောင် သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ နိုင်ငံရေးလောကတွင် မန်းဝင်းမောင်ဟု လူသိများ ထင်ရှားခဲ့သည်။

Sunday, March 6, 2016

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး


အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ပါလီမန် ဒီမိုကရေစီ ခေတ်အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခံရခြင်း ဖြစ် သည်။ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။