Wednesday, February 24, 2016

`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´


`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´
လူအများစုလည်း ‪#‎ထောပတ်သီး‬ စားရင်
ထောပတ်သီး အစေ့ကြီး ထုတ်ပစ်လိုက်ရ မှ သဘောကျကြတယ် ထင်တယ်။
ကျနော်ဆိုရင် အလယ်ခေါင်က အစေ့မာမာကြီး ကို ဇွန်းနဲ့ ကော်ထုတ်ပစ်ပီး ထောပတ်အသားလေး တွေချည်း ကျန်တော့ရင် သိပ်ပျော်တာ
smile emoticon
ဒါပေမဲ့ သိပ်မကြာသေးခင်က ` လူတွေ မသိသေးတဲ့ ထောပတ်သီး ´ အကြောင်းကို အင်တာနက် website တခုကနေ ဖတ်မိပီး အံ့သြခဲ့ရတယ်။

ဒါနဲ့ပဲ စာဖတ်သူတွေ ကို အလွန်အသုံးဝင်တဲ့
``ထောပတ်သီး ရဲ့ အလယ်ခေါင်က ရတနာလေး´´ အကြောင်း မျှဝေချင်တဲ့ စိတ်ပေါ်လာတယ်။
*ထောပတ်သီး ရဲ့ ရတနာ ဟာ ထောပတ်သီးအစေ့ပါ။
*သင်မသိသေးတာကတော့
ထောပတ်သီး တစ်ခုလုံးရဲ့ ၇၀ % သော Antioxidant တွေဟာ ‪#‎ထောပတ်သီးအစေ့‬ မှာ ပါဝင်နေတယ် ဆိုတာပါပဲ။
ကျနော်တို့ မြန်မာလူမျိုးတွေ ထောပတ်သီးအစေ့ အကြောင်းကို ပိုအသိနည်းမယ်ထင်မိတယ်။ ထောပတ်သီးစားရင် ထောပတ်သီးအစေ့ကို လွှင့်ပစ်တာများတယ်။အချို့လည်း တင်းတိပ်တို့ ဘာတို့ မှာ သွေးလိမ်းဖို့ သိမ်းထားတဲ့လူလည်း ရှိမှာပါ။ဒါပေမဲ့ ဘယ်သူမှတော့ ထောပတ်သီးဖျော်ရည် ဖျော်သောက်ရင် အစေ့ကိုပါ ထည့်ကြိတ်မယ်မထင်ဘူး။
#ထောပတ်သီးအစေ့ ဟာ အခြား သစ်သီးအစေ့တွေ နဲ့မတူပါဘူး။
Cyanide , Tannin တွေအပြင်
Green Tea မှာတွေ့ရတဲ့ Natural polyphenols တွေ၊ Soluble Fiber ဆိုတဲ့ ပျော်ဝင် အမျှင်ဓာတ်တွေ နဲ့
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ ကြွယ်ဝနေပါတယ်။
ဘာရောဂါတွေ အတွက်ကောင်းသလဲ ဆိုရင်…
‪#‎Cancer‬ ကို တိုက်ခိုက်နိုင်စွမ်းရှိတယ်။
Procyanidin Trimmers A, 3-O - caffeoylquinic acid နဲ့ 3-op - coumaroylquinic acid တွေကြောင့် ကင်ဆာရောဂါ နဲ့ ‪#‎အသည်းရောဂါ‬ တွေမှာ အထူးကောင်းမွန်တယ်လို့ သိရပါတယ်။
‪#‎နှလုံးသွေးလည်ပတ်မှုဆိုင်ရာ‬ ရောဂါ တွေမှာ သွေးမခဲစေတဲ့ သတ္တိကြောင့် *လေဖြတ်တာ ကို ကာကွယ်ပေးသလို မကောင်းတဲ့ Cholestrol ကိုလည်း ကျစေတယ်။
‪#‎အရောင်ကျစေခြင်း‬ အာနိသင်ကြောင့် *အဆစ်ရောင်အမျိုးမျိုး နဲ့ အဆစ်အဆက်ရောဂါတွေမှာ သုံးနိုင်ပါတယ်။
‪#‎အစာကြေစေခြင်း‬
အစေ့မှာ အုတ်ဂျုံထက် ပိုများတဲ့ ပျော်ဝင် အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာကို ကြေစေပါတယ်။Phenolic compounds တွေ အများကြီးပါလို့ အစာအိမ်အနာတွေ မဖြစ်အောင် နဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှို ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ တောင်အမေရိက မှာ ဝမ်းကိုက် နဲ့ အခြား အစာလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ သုံးကြတယ်။
‪#‎အသားအရေကောင်းမွန်စေခြင်း‬
ထောပတ်သီးအသား ကိုပဲ အရေပြားအတွက်ကောင်းတယ်လို့သိခဲ့မယ်ထင်တယ်။ အစေ့ မှာ အရေပြား တစ်လျှူးတွေ ကို ပိုအကျိုးရှိစေလို့ အရေတွန့်တာတွေ မဖြစ်စေဘဲ နုပျိုတောက်ပနေစေတယ်။
‪#‎ရောဂါကာကွယ်နိုင်စွမ်းမြင့်မား‬ စေတဲ့အတွက် လွယ်လွယ်ကူကူ ရောဂါ မဖြစ်တော့တဲ့အပြင် အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ် ကိုပါ နှေးသွားစေပါတယ်။
ဒီတော့ အခြား အသီး အနှံ နဲ့ အရွက်တွေ ထက် အာဟာရဓာတ်တန်ဖိုး ပိုမိုသာလွန်နေတာကို သိရင် အစေ့ကိုလည်း လွှင့်မပစ်ဘဲ စားတော့မှာပေါ့။
‪#‎ဘယ်လိုစားမလဲ‬???
ပထမနည်း
********
*အများစုက ထောပတ်သီးအစေ့ကို ဓားနဲ့ ၄ စိတ် စိတ်ပီး Blender ထဲ ထည့်ကြိတ်ပီး အမှုန့်ပြုလိုက်တယ်။ *ဒါမှမဟုတ် အစေ့ကို ပလက်စတစ်အိတ်ထဲထည့်ပီး တူနဲ့ ထုပစ်လိုက်တယ်။
ရလာတဲ့ အမှုန့်ကိုမှ ဖျော်ရည်ထဲ၊ ဟင်းရည်တွေထဲ ဖြူးပီးသောက်ကြတယ်။
*ချက်ချင်း မသုံးချင်သေးရင်တော့ အစေ့ကို ပြတင်းပေါက်ဘောင်မှာပဲ နေလှန်းအခြောက်ခံထားနိုင်ပါတယ်။
ဒုတိယနည်း
*********
*ပထမနည်းက အနံ့တော်တော် ပြင်းလို့ အချို့တွေက မခံနိုင်ကြဘူး။ ဒါ့ကြောင့် Blender ထဲကို ထောပတ်သီး အစေ့ နဲ့ ထောပတ်သီးအသားထည့် ပီးရင် အရသာ ပြင်းရှတဲ့ ဘယ်ရီသီး၊ ဟင်းနုနယ်ရွက်၊ နာနတ်သီး စတာတွေ နဲ့အတူ ရောဖျော်သောက်ကြတယ်။
*တချို့ကတော့ ငှက်ပျောသီး၊ ကီဝီသီး၊ သစ်တော်သီး၊ ပန်းသီး၊ စွန်ပလွန်သီး၊ စပျစ်သီး၊ အုန်းနို့၊ ဂျင်း စတာတွေ ထည့်ပီး အစေ့ရဲ့ ပြင်းထန်တဲ့ အနံ့အရသာ ပျောက်အောင် ရောဖျော်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။
‪#‎ထောပတ်သီးအစေ့တခြမ်း‬ ဆိုရင် ဖျော်ရည် ၁ ခွက်စာ အတွက် လုံလောက်ပါပီ။
ဒီလောက်ဆိုရင် စာမရှည်အောင် ဒီမှာပဲ နိဂုံးချုပ်ပါရစေ…
`` ထောပတ်သီး ရဲ့ ရတနာ ´´ ဖြစ်တဲ့ ထောပတ်သီးအစေ့ကို ထောပတ်သီးခွဲစားတိုင်း သတိရရင် ကျေနပ်ပါပီ။
အမှုန့်ပြုသုံးရင်ဖြစ်ဖြစ် ဖျော်ရည်ထဲထည့်ကြိတ်သောက်ရင်ဖြစ်ဖြစ် အကျိုးများအောင် သုံးနိုင်ပါစေ…
လို့ ဆန္ဒပြုရင်း…
smile emoticon
ကျေးဇူးတင်ပါတယ်။
ဆက်ပီး ကြိုးစားသွားပါဦးမယ်>>>
မူရင်းတင်သူ Hello. Dr, Diet မှ ကူးယူပါသည် ...

No comments:

Post a Comment