Tuesday, February 28, 2017

နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်


နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်

ဦးထင်ကျော် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် ၂၀၁၆ မတ်လမှ ၂၀၁၈ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒုသမ္မတလောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဆိုပြုခြင်းခံကာ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဦးထင်ကျော်အား ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အရပ်သားသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။

Monday, February 27, 2017

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်

အဂ္ဂမဟာသရေစည်သူဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် သောကြာနေ့တွင် ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျုံကူးရွာတွင် ဖွားမြင်ခဲ့သည်။

Sunday, February 26, 2017

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဦးသန်းရွှေ သည် ၁၉၉၂ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ အစရှိသော အရေးပါသည့် ရာထူးများကိုလည်း ရယူထားခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံ့အကြီးအကဲ အဖြစ်မှ တရားဝင် အနားယူခဲ့သည်။

Saturday, February 25, 2017

သစ်သားပုံး နှင့် လူဘဝ


သစ်သားပုံး နှင့် လူဘဝ 

သစ်ခုတ်သမား (၄) ယောက်က သစ်ပင်တစ်ပင်ဆီ ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ လုပ်ကြသည်။
ပထမသစ်ခုတ်သမားက ဝက်, မစင်ထည့်တဲ့ပုံး လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ခေါ်တယ်။ လူတွေရဲ့နောက်မှာ အမြဲတမ်းပုန်းနေရတယ်။
ဒုတိယသစ်ခုတ်သမားက ရေထည့်လိုက်တဲ့အတွက် ရေပုံးလို့ခေါ်တယ်။
လူတွေအသုံးပြုကြတယ်။
တတိယသစ်ခုတ်သမားက အရက်ထည့်လိုက်တဲ့အတွက် အရက်ပုံးလို့ခေါ်တယ်။ လူတွေနှစ်သက်ကြတယ်။

Friday, February 24, 2017

အာရုံကြောအားနည်းသူများအတွက်



မြန်မာသံပုရာသီးကို ဆားနှင့်ပွတ်ပေးပါ။ (အဖန်အရသာများ ထွက်သွားစေရန်ဖြစ်သည်။)
ထို့နောက်ရေဆေး၍ အကွင်းလေးဖြစ်အောင် လှီးပါ။ (ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။)
အစေ့များကို ဖယ်ရန်မလိုပါ။
ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။

Thursday, February 23, 2017

ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်


ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်

သခွတ်အစွမ်းကြောင့် စီပိုးအသည်းသမားသည် ပိုးကောင်ရေသိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန် ရှိတော့ပြီးရောဂါမှာသိသိသာသာပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာခင်မောင်ဝင်းဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သောလူနာကိုမှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

Wednesday, February 22, 2017

ဗိုလ်ချုပ်မှူးကြီးစောမောင်

ဗိုလ်ချုပ်မှူးကြီးစောမောင်

ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံတော်သမ္မတ ​​ဒေါက်တာ​မောင်​မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုတ်တရက် အနားယူခဲ့သည်။

Tuesday, February 21, 2017

ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင် (၁၉၂၅ - ၁၉၉၄) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ဥပဒေ ပညာရှင်တစ်ဦး ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ သတ္တမမြောက် သမ္မတ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန် ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ ဒေါက်တာမောင်မောင်သည်၁၉၄၅ခုနှစ်ဂျပန်တော်လှန်ရေးတွင်ဖက်ဆစ်ဂျပန်တော်လှန်ရေးသမား တစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရေးသားပေးခဲ့သူ ဖြစ်သည်။ အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်နှင့်ရန်ကုန်တက္ကသိုလ် ဥပဒေကထိက၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် ပြည်ထောင်စုတရားသူကြီးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

Saturday, February 18, 2017

Professional တစ်ယောက်ရဲ့ အရည်အချင်း

Professional တစ်ယောက်ရဲ့ အရည်အချင်း

           (Professional)Pro..ပရိုဖက်ရှင်နယ်..ဆိုတဲ့စကားလုံးကိုကျယ်လောင်စွာပြောလာနေကြတဲ့ယနေ့ခေတ်
လူငယ်များအတွက် ပရိုဖက်ရှင်နယ်တစ်ယောက်ရဲ့အရည်အချင်းများကို ဖြည့်ဆည်းပိုင်ဆိုင်နိုင်ကြစေဖို့
 ဖော်ပြလိုက်ရပါသည်။
1. Commitment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့ အလုပ်မှာ အာရုံ စူးစိုက်နစ်ဝင်မှု ရှိရမယ်။
2. Responsibility
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိလုပ်တဲ့အလုပ်ကိုတာဝန်ယူရဲတဲ့သတ္တိ၊တာဝန်ယူလိုတဲ့စိတ်ရှိရမယ်။
3. Determined
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာရမယ်။