Friday, December 31, 2021

သူတို့လက်ထက်မှာ

                    သူတို့လက်ထက်မှာ ဘာသာ၊ သာသနာဟာ ဒီလိုဖြစ်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံပါ။ နိုင်ငံတော် ဘာသာအဖြစ်လည်း ပြဌာန်းခဲ့ပါတယ်။ တခြားဘာသာကိုးကွယ်သူတွေကိုလည်း မနှိမ့်ချခဲ့ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ပြုထားခဲ့ပါတယ်။ သူတို့လက်ထက်မှာတော့ အမျိုး၊ ဘာသာ၊ သာသနာဟာ နိမ့်ကျခဲ့ရတယ်။ နှိမ့်ချခံခဲ့ရတယ်။ 

Wednesday, December 29, 2021

NUG..ပညာ​ရေးမှာ...သင်ဖို့အတွက်...အသစ်ပြဌာန်းလိုက်တဲ့.မြန်မာစာသင်ရိုးညွှန်းတန်းအသစ်


(အနိုင်ရနေသော နယူးဂျီးအဖွဲ့ဝင်တစ်ယောက်ပုံ)

NUG..ပညာ​ရေးမှာ...သင်ဖို့အတွက်...အသစ်ပြဌာန်းလိုက်တဲ့.မြန်မာစာသင်ရိုးညွှန်းတန်းအသစ်


(ခက်ဆစ်အဖွင့်)

၁။ နိုင်သည် =ပြေးသည်
၂။ နိုင်တော့မှာ =ပြေးတော့မှာ

Tuesday, December 28, 2021

မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်

မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်

မြစ်တွင်းအမြန်သွားတိုက်ရေယာဉ် Riverine Fast Attack Craft ဟာ မြန်မာရေတပ်က တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ် ဖြစ်ပါတယ်။
ဒီစစ်ရေယာဉ်ဟာ အလျား ၁၈ မီတာ၊ အနံ ၄.၄ မီတာရှိပြီး ရေစူးကတော့ ၀.၈ မီတာသာ ရှိပါတယ်။
ဒါ့အပြင် ဒီစစ်ရေယာဉ်ဟာ ပေါ့ပါးပြီး ရေစူးတိမ်ကာ water jet အင်ဂျင် တပ်ဆင်ထားတဲ့အတွက် အမြန်နှုန်း တစ်နာရီကို ကီလိုမီတာ ၅၀ ခန့်အထိ မောင်းနှင်နိုင်ပါတယ်။

Sunday, December 26, 2021

အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်

အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်

တပ်မတော်မှ မွေးထုတ်လိုက်သည့် ပထမဆုံး အမျိုးသမီး လေသူရဲ ၆ ဦးသည် လေသူရဲအရာရှိများအဖြစ် သင်ကြား လေ့ကျင့် ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အမျိုးသားများနှင့် တန်းတူ ပျံသန်းရေးတာဝန်များကို စတင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

Thursday, December 23, 2021

အထင်နဲ့အမြင်

အထင်နဲ့အမြင်

ကျနော် တချိန်တုန်းက ထင်မြင်ခဲ့ဖူးတဲ့ အထင်ကြီးဖွယ် လူတယောက်အကြောင်း ဒီနေ့မှ သိခဲ့ရလို့ အလွန်အံ့သြခဲ့ရပါတယ် ။ ဒီတော့မှ သြော် ဒါကြောင့်လည်း သူတို့ခြင်း ပေါင်းဖက်မိတာကိုးလို့ အဖြေရှာမရခဲ့တဲ့ ပုစ္ဆာကို ဖြေရှင်းလို့ ရသွားပါတယ် ။
အားလုံး သိကြတဲ့အတိုင်းပဲ NLD ပါတီရဲ့ ဖုံးမရ ဖိမရ လာဘ်စားမှုတွေ နဲ့ ပြည်သူ့ဘဏ္ဍာ အလွန်အကျွံ ခိုးယူခဲ့ကြတဲ့ အဖွဲ့လိုက် သူခိုးတွေကြားထဲမှာ ဦးဝင်းတင်ကြီး အသက်ရှင်နေရင် ဘယ်လောက် ရှက်ရှာ မလဲလို့ တွေးမိပြီး ဦးဝင်းတင် အကြောင်း လေ့လာမိတော့မှ အံ့သြဖွယ် သူ့သမိုင်းကိုလည်း ဒီလို ကြားသိခဲ့ရပါတော့တယ် ။

Wednesday, December 22, 2021

တပ်မတော် (လေ)

 တပ်မတော် (လေ)

တပ်မတော်(လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်း ပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှု ဖြစ်စဉ် အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။

Tuesday, December 21, 2021

ပြည်ဖျက်စီမံကိန်း

ပြည်ဖျက်စီမံကိန်း

        ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ Nld ပါတီဟာ နိုင်ငံရေးပဋိပက္ခတွေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)ခေါ် ဖြေရှင်းရမယ့်အစားဘာသာပေါင်းစုံဆုတောင်းပွဲဆိုပြီး Liberal အစွန်းရောက်ဝါဒကိုကျင့်သုံးခဲ့တယ်။

Monday, December 20, 2021

ဗိုလ်အောင်မင်းကွေ့

ဗိုလ်အောင်မင်းကွေ့

ပေါက်ခေါင်း - အုတ်တွင်းလမ်း မိုင်တိုင် ၄၉ / ၂ မှာ ဗိုလ်အောင်မင်းကွေ့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။
ပဲခူးရိုးမ၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ ဗကပ တွေလှုပ်ရှားနေတဲ့အချိန်က အုတ်တွင်းဘက်ကနေ ချီတက်လာတဲ့ ခလရ (၅၃) က ဗိုလ်အောင်မင်း ဦးစီးတဲ့ တပ်စုကို ဗကပတွေက ချုံခိုတိုက်ခဲ့တဲ့နေ ရာ ကို အမှတ်အသားလုပ်ထားတာပါ။

Sunday, December 19, 2021

နိုင်ငံ့အကြီးအကဲများ လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများ (၁၉၈၈ မှ ၂၀၁၅ ထိ)

နိုင်ငံတော်တာဝန်ယူခဲ့သည့် နိုင်ငံ့အကြီးအကဲများ လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများ (၁၉၈၈ မှ ၂၀၁၅ ထိ)


စိုက်ပျိုးမြေဧကသစ်ဖော် = ၁.၈ သန်း
ဆည်မြောင်းတာတံမံ = ၂၁၃ ခု
မြစ်ရေတင်လုပ်ငန်း = ၃၇၆ ခု
ရထားလမ်းသစ်ဖောက် = ၁၁၅၉.၀၄ မိုင်

Saturday, December 18, 2021

စစ်သားဆိုတာ

စစ်သားဆိုတာ

        နိုင်ငံရေးကို ငါ ဝါသနာကို မပါဘူး။ တချိန်တုံးက ငါ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာက တပ်မတော်က တာဝန်ပေးလို့ လုပ်ခဲ့တာ။ စစ်သားစိတ်တော့ ရှိတယ်၊ စစ်သားစိတ်သည် ပြည်သူနဲ့ ဆက်ဆံတဲ့အခါ ဘယ်လို ဆက်ဆံရမယ်၊ ပြည်သူအပေါ် ဘယ်လိုကျင့်ကြံရမယ် ဆိုတာ တပ်မတော်က လေ့ကျင့်ပေးထားတာကွ။

Thursday, December 16, 2021

သတင်းကောင်း

သတင်းကောင်း

လေးကေကော်ကို လွတ်မြောက်နယ်မြေဆိုပြီး PDF နဲ့ ပေါလောကသားတွေ ခိုလှုံနေတယ်တော့ ကျနော် အံ့သြမိပါသေးတယ် လေးကေကော်ဆိုတာ မြဝတီမြို့ကနေ ကားနဲ့ ခပ်သွက်သွက် မောင်းသွားရင်ပဲ ၁၅ မိနစ်ဆိုရောက်ပြီဗျ

တောင်ကုန်းတခုလုံးကို အလှပန်းပင်တွေနဲ့ မွမ်းမံထားတဲ့ ကြည်နူးဖွယ်ဗျူးတောင်ကုန်းလေး ကျော်သွားရင် မြန်မာ့တပ်မတော် တပ်စခန်းတခုလည်း ရှိပါတယ်

Monday, December 13, 2021

တိုက်ခိုက်ဖို့မွေးဖွားလာသူ

တိုက်ခိုက်ဖို့မွေးဖွားလာသူ

အငြိမ်းစား ကပ္ပတိန် ဒီအက်စ်ရှာမာ ဟာ လက်ဖက်ရည်ချိုချိုကို တစေ့စေ့သောက်ရင်းက ငယ်စဉ်ဘဝက စွန့်စားခဲ့ရတာတွေ၊ စစ်တိုက်ရတာတွေ ကို ပြန်အမှတ်ရလို့ သူ့မျက်နှာပေါ်က အသားတွေ တွန့်သွားတဲ့အထိ ပြုံးလိုက်ပါတယ်။ 

Sunday, December 12, 2021

သူရဦးထွန်းတင်

သူရဦးထွန်းတင်

သူရဦးထွန်းတင် (၂ အောက်တိုဘာ ၁၉၂၀–၁ မေ ၂၀၂၀) သည် ၁၉၈၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူရထွန်းတင် ကို ၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ကျောင်းသား သံမဏိခေါင်းဆောင်နှင့် မြေအောက် တော်လှန်ရေး ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥပစာ(သိပ္ပံဘွဲ့)ရရှိခဲ့သည်။

Saturday, December 11, 2021

လူကြီးလူကောင်းဆိုတာ


             ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးခင်ညွန့်(အငြိမ်းစား)ရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး ပြန်ကာနီးအချိန် တလေးတစားနဲ့အလေးပြု နှုတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။

Friday, December 10, 2021

မှတ်မိသလောက် သူတို့သမိုင်း

(ဦးတင်ဦး)
မှတ်မိသလောက် သူတို့သမိုင်း
ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ဦးသန့် အရေးအခင်းမှာ ဦးတင်ဦးက စစ်ဦးစီးချုပ်ပဲ ။ အရေးအခင်း နှိမ်နင်းတော့ သူ့အမိန့်အရ ပစ်ခတ်ဖြိုခွဲခဲ့ကြတယ် ။ ကျောင်းသူ ကျောင်းသားတွေ သေကြတော့ မဆလ ပါတီထိပ်သီးလူကြီးတွေရဲ့ သား သမီးတွေ သေခဲ့ကြလို့ ဦးတင်ဦးကို ရန်ငြိုးထားခဲ့ကြတယ် ။

Thursday, December 9, 2021

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့(ကကလှမ်း)ကို ဖျက်သိမ်းပြီး စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ် ခေါင်းဆောင်မှာ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်သည်။

Wednesday, December 8, 2021

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်ဖွဲ့သင့်သလား

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်ဖွဲ့သင့်သလား

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ပေါ်ပေါက်လာရခြင်းသည် ရှိနှင့်ပြီးသော ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများ အချင်းချင်းညှိနှိုင်းဆောင်ရွက်ရန် Coordination Needs ဟူသော အကြောင်းတရားကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

Tuesday, December 7, 2021

တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့

တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့

ကျနော်တို့ တိုင်းပြည်ဟာ အင်မတန် အံ့သြစရာတွေ များတဲ့တိုင်းပြည်ပါပဲ ။ ကျနော်တို့ငယ်စဥ် ကျနော်တို့မြို့မှာ ပွဲရုံလုပ်ငန်း ၊ ဆီစက်လုပ်ငန်း နဲ့ ဆေးလိပ်ခုံလုပ်ငန်းတွေ အလွန်များပြားခဲ့ပြီး အလုပ်အကိုင်လည်း အလွန်ပေါများခဲ့ပါတယ် ။

ကျနော်ငယ်စဥ်ကဆိုရင် အရက်သောက်ကြတဲ့ လူကြီးတွေဟာ အစိုးရအရက်ဖြူဆိုင်က BE ကို ခွဲတမ်းနဲ့ (တယောက် တပိုင်း) သောက်ကြရပါတယ် ။ ပြင်ပက ချက်အရက်ဆိုတာကလည်း ထန်းလျှက်သီးသန့် နဲ့ ချက်ထားတဲ့ အရက်ပဲ ရှိပါတယ် ။


လူကြီးတွေ အရက်သောက်ကြတာကလည်း မနက်လင်းတာနဲ့ ပွဲရုံ ၊ ဆီစက် ၊ ဆေးလိပ်ခုံတွေကို သွားပြီး တနေကုန် အလုပ် လုပ်ကြပါတယ် ။ ညနေစောင်းမှ တယောက်ကို BE တပိုင်းမော့ပြီး လမစ်ပြီးသွားပါတယ် ။

အဲဒီလူကြီးတွေဟာ ကျန်းမာသန်စွမ်းကြပါတယ် ။ အသက်ရှည်စွာ နေခဲ့ကြရပါတယ် ။ ကျနော်တို့ အရွယ်ရောက်လာတော့ ၈၈ နောက်ပိုင်းမှာ အရက်ချက်စက်ရုံတွေ မှိုလိုပေါက်လာပါပြီ ။

သူတို့အရက်ချက်နည်း ဖော်မြူလာတွေထဲမှာ ပုလဲဓာတ်မြေသြဇာတွေပါ ထည့်ချက်ကြပါတယ် ။ အဲဒီ စက်ရုံက ထွက်လာတဲ့ အရက်အဆီ (ရေ လေးဆ မရောမှီ) ထည့်ထားတဲ့ စဥ့်အိုးကြီးကို အတွင်းက အရက်အဆီအား ခဏမွှေနှောက်ပြီး အပြင်မှ လက်နဲ့ စမ်းကြည့်ပါက မီးကင်ထားသကဲ့သို့ အပူကူးလာတာ တွေ့ရပါတယ် ။

နောက် ချက်အရက်လောက ကို ပြန်ကြည့်ပါ ။ ပေါက်ကရ ဓာတုကုန်ကြမ်းတွေနဲ့ ချက်နေကြပါပြီ ။ အဆိုးဆုံး တွေ့ရတာက အင်ဒရင်း အဆိပ်ပြင်းအား နှီးစလေးနဲ့ တို့စိမ်ပြီး ယင်းနှီးစဖြင့် ချက်အရက်အား မွှေပေးရတာ မြင်ဖူးပါတယ် ။

ဒီတော့ ဘာတွေဖြစ်လာသလဲ လေ့လာကြည့်ပါ ။ အရက်တွေ အင်မတန်ပေါလာပါပြီ ။ အရက်စျေးကလည်း ရေသန့်စျေးထက် နည်းနေပါပြီ ။ ယခုတော့ ကျနော်မသိပါဘူး ယခင်က ရေသန့် တဗူး ၃၀၀ိ ဖြစ်ချိန်မှာ မြင်းခြံက ချက်အရက် တလုံး ၂၅၀ိ ဆိုတာ ပုံပြင်မဟုတ်ပါဘူး ။

တချိန်က ကာယလုပ်သားတွေဟာ အင်မတန်သန်မာပြီး လုပ်နိုင်ကိုင်နိုင်ကြပေမယ့် ကျနော်တို့ အရွယ် ကာယလုပ်သားတွေကျတော့ ခွန်အားမဲ့ကုန်ပါပြီ ။ အရက်က အချိန်တိုအတွင်း ကောင်းစွာ ဖျက်ဆီးလိုက်ပါပြီ ။

အသက်ငယ်ငယ်နဲ့ ရောဂါပေါင်းစုံရပြီး ဗိုက်ပူနံကားနဲ့ မိသားစုရဲ့ ဒုက္ခအိုး အရက်သမားမျိုးဆက်ကို မွေးဖွားပေးခဲ့ပါပြီ ။ အမြဲတမ်းလိုလို ခရီးထွက်နေရတဲ့ ကျနော်လည်း ခရီးတခေါက် ပြန်လာလိုက် သူငယ်ချင်း အရက်သမားတယောက် သေသွားလိုက်နဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်မှာတော့ ရာနဲ့ချီနေတဲ့ ကျောင်းနေဖက် ငယ်သူချင်းတွေ ဆယ်ဂဏန်းမျှသာ ကျန်ပါတော့တယ် ။

သတိထားမိတာက အနုပညာသည်တွေ ၊ စာရေးဆရာတွေ အရက်ကို အမွှမ်းတင် ရေးပြ ရိုက်ပြနေတာလည်း အတုခိုးဖို့ ဖြစ်နေတာ လက်တွေ့သိမြင်ခဲ့ရပါတယ် ။ မြန်မာပေါကားတွေမှာ အရက်သောက်ခန်း မပါတဲ့ဇာတ်ကား လက်ချိုးရေလို့ ရနေတာ သတိပြုမိကြမယ် ထင်ပါတယ် ။

ယခုဆိုရင် မိန်းကလေးများပါ သောက်တာ စားတာကို ပြောလာကြပါပြီ ။ အရက်အပေါစားတွေ စျေးပေါပေါနဲ့ ရနေတာ အလွန်ကြီးမားတဲ့ အန္တရာယ်လို့ ရှုမြင်သင့်ပါပြီ ။

PMG ခေတ်ကောင်းတုန်းက တနေ့ကို ရေကူးကန် နှစ်ကန်စာ ချက်တာတောင် မလောက်ဖူးတဲ့ ။ ယခု နာမည်ကြီးတံဆိပ်တမျိုးဆိုရင် တနေ့ ဂါလံ ၅၀၀၀ အနည်းဆုံး ချက်ကုန် ဖြစ်နေပါတယ် ။

အဲဒါကြောင့် အရက်အပေါစားတွေ ခိုးချက်နေကြတာကို ပြင်းထန်တိကျစွာ ဖော်ထုတ်အရေးယူရပါ့မယ် ။ ဖမ်းဆီးလိုလျှင် နယ်မြေခံ ရဲ နယ်ထိမ်းများ အားလုံး သိပြီးသားပါ ။

အရက်ချက်စက်ရုံများအား အခွန်ကြီးစွာကောက်ခံခြင်း ၊ အရက်​ရောင်းချခွင့် (ဆိုင်)လိုင်စင်များအား ကြီးလေးသော အခွန် သတ်မှတ်ခြင်း ဖြင့် အရက်အမျိုးမျိုးအာ စျေးကြီးအောင် ဖန်တီးသင့်ပါတယ် ။

ဂျာမဏီလို လုပ်အားခ မြင့်မားသော တိုင်းပြည်မျိုးမှာ အရက်ကို သာမန်လူတန်းစား မသောက်နိုင်အောင် အခွန်နဲ့ စျေးကြီးစေရန် ဖန်တီးထားလို့ အရက်တပက် ကနေ နှစ်ပက် သောက်ဖို့ မလွယ်ပါဘူး ။

ကျနော်တို့ဆီမှာ ယခု ချက်အရက်တလုံး ၅၀၀ / ၆၀၀ နဲ့ ရနေတာ လူငယ်တွေအတွက် လက်တည့်စမ်းဖို့ အလွန်လွယ်ကူနေပါတယ် ။ အရက်ကနေတဆင့် မူးယစ်ဆေးလမ်းကြောင်း ၊ လောင်းကစားလမ်းကြောင်း ၊ မိန်းမအပျော်အပါး လမ်းကြောင်းပေါ်သို့ လွယ်လင့်တကူ ကူးပြောင်းမြူဆွယ်နိုင်ပါတယ် ။

မြန်မာလူငယ်တွေရဲ့ အနာဂါတ်ကို ကုစားချင်တယ် ဆိုရင်တော့ မူးယစ် နဲ့ အရက်ကို အမြန်ဆုံး ​အပြင်းထန်ဆုံး ဖြတ်တောက်နိုင်မှ အောင်မြင်ပါမယ် ။ ယနေ့ PDF အများစုဟာ အရက် မူးယစ်တို့ရဲ့ ကျေးကျွန်တွေများပါတယ် ။

- တရက်လက်နှစ်လုံးပဲ သောက်ဆိုလို့ လင်ဗန်းထဲ ထည့်သောက်တဲ့ မြန်မာအရက်သမားများ....

- ကြည့်သောက် သေလိမ့်မယ်ဆိုလို့ မှန်ကြည့်သောက်တဲ့ မြန်မာအရက်သမားများ..

- သူများတွေ အရက်ကစွဲတယ် ပြောကြပေမယ့် ငါဖြင့် နေ့တိုင်း နေ့ရောညရော သောက်နေတာ မစွဲပေါင် ဆိုတဲ့ မြန်မာအရက်သမားများအား.....

ရည်ညွှန်းလျှက် .....

- စည်းကမ်းတကျ လူလိုသူလို သောက်စားတတ်သူများအတွက် ဆေးဖြစ် ဝါးဖြစ် မှီဝဲခြင်းကို ကဲ့ရဲ့လိုရင်း မရှိပါဘူး ။

Credit: ကိုရွှေမျိုးဝင်း

Monday, December 6, 2021

မေ့နေမှာစိုးလို့

မေ့နေမှာစိုးလို့

မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။

ကျနော်ကတော့ ရက်စက်တယ်ပဲ ဆိုချင်ဆိုပါစေ ၊ ဒီလို ဖမ်းဆီး နှပ်ကွပ်တာ ကြိုက်တယ် ။ လုပ်တာနောင် အများကြီး နောက်ကျနေတယ်လို့ ယူဆတယ် ။
ဘာကြောင့်လဲဆိုရင် အဲသလို ငြိမ်းချမ်းစွာ ဆန္ဒပြပါတယ်ဆိုတဲ့ လူတွေထဲကပဲ ဒီကနေ့ နိုင်ငံအနှံ့ဖြစ်နေတဲ့ အကြမ်းဖက်သမား လူယုတ်မာ PDF တွေ မွေးပေးလိုက်တာ ပူပူနွေးနွေးပဲ ရှိသေးတယ် ။ သူတို့ကို သနားနေကြသလား.......?

ဒါလား ပြည်သူ့အကျိုးအတွက်

 ဒါလား ပြည်သူ့အကျိုးအတွက်



 ဒါလား ပြည်သူ့အကျိုးအတွက်
ကယားပြည်နယ်၊ အမှတ်(၁) လောပိတ ရေအားလျှပ်စစ်စက်ရုံးမှ ပို့လွှတ်သည့် မဟာဓါတ်အားလိုင်း တာဝါတိုင် နှစ်တိုင်ကို ဒေသခံ PDF အဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ယနေ့ နံနက် (၁၀:၃၀) အချိန်၌ အဆိုပါအဖွဲ့က ထုတ် ပြန်ထားသည်။ (၂၅.၁၁.၂၀၂၁)
Photo - UKSY


Sunday, December 5, 2021

မြန်မာပြည် ဂေါ်ရခါးမှတ်စု

မြန်မာပြည် ဂေါ်ရခါးမှတ်စု

ဤကာလများအတွင်း KIA တပ်ဖွဲ့တွင် ဂေါ်ရခါးတပ်တရင်း အင်အားများပြားလာသည်ကို၎င်း၊ တမူးဒေသ၌ GDF ဂေါ်ရခါးတပ်ရင်းတရင်း ထွက်ပေါ်လာသည်ကို ကြားသိရသဖြင့် ဤမှတ်စုကို ရေးသားဖြစ်ပါသည်။
ဂေါ်ရခါးလူမျိုး၏ မူလဘူတသည် နီပေါနိုင်ငံဖြစ်သည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟုဆိုသည်။ ဂေါရခါးအများစုသည် ဟိန္ဒူဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ရှေးယခင်ကပင် အင်္ဂလိပ်စစ်တပ်တွင် ဂေါ်ရခါးတပ်ဖွဲ့များ ဖွဲ့စည်းထည့်သွင်းခဲ့ကြသည်။ ယနေ့တိုင်လည်း အင်္ဂလိပ်စစ်တပ်၊‌ ဟောင်ကောင်နှင့် စင်္ကာပူတို့တွင် ဂေါရခါးတပ်ဖွဲ့များ ဖွဲ့စည်းထားရှိသည်။

Saturday, December 4, 2021

အာဏာမက်သူ ဘယ်သူလဲ

(ဗိုလ်ချုပ်ကြီးနေဝင်း)

အာဏာမက်သူ ဘယ်သူလဲ

ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးနဲ့ ရောက်လာတာပါပဲ ။ လက်ဖက်ရည်ဆိုင်ရောက်တော့
"ဟေ့ ကောင် ဒီတခါ မင်းအကောင့် ကျတာ ဟိုဖက် ဒီဖက် တွယ်လို့ဖြစ်မယ် ကွ ''
"ဘာဖြစ်လို့လဲ ဗျ ''
"မင်းက ငါ့ကို ရွဲ့ပြီး ဟိုပုံတင်တဲ့သူက ဘာဖြစ်လို့ ဒီပုံတင်တဲ့ သူက ဘာဖြစ်လို့ နဲ့ ဖဲ့တာကိုးကွ ။ နှစ်ဖက်လုံးက အဲလိုလူတွေချည်းလေ မင်းကို ဒီတခါ တက်ညီလက်ညီ ဆော်လိုက်တာ နေမှာ 😁😁😁😁''

Friday, December 3, 2021

အဆိုးဆုံး သင်ခန်းစာမှ အကောင်းဆုံး လုပ်ဆောင်ချက်သို့

အဆိုးဆုံး သင်ခန်းစာမှ အကောင်းဆုံး လုပ်ဆောင်ချက်သို့

အိမ်စောင့်အစိုးရကြီး သတိရစေဖို့ တပ်မတော်အတွက် အဆိုးဝါးဆုံး သင်ခန်းစာအချို့ကို ဖော်ပြချင်ပါတယ် ။
၁ ။ ၈၈ အရေးအခင်း
ရန်ကုန် တိုင်း တောင်ဥက္ကလာပ မြို့နယ် မှာမြင်သာစီမံကိန်း ရပ်ကွက်ဆိုတာ ရှိပါတယ်။
စီမံကိန်းရပ်ကွက်ဆိုတာခြေ လက် အင်္ဂါတွေ တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ရလို့ မသန်စွမ်းစစ်သည်တွေ နေထိုင်ရေး အတွက်စီမံကိန်းချပြီး ပေးထားတဲ့ နေရာမို့စီမံကိန်းရပ်ကွက်လို့ ခေါ်ခြင်း ဖြစ်ပါတယ် ။

တိုင်းပြည်ကာကွယ်ဖို့ဆိုတာ


တိုင်းပြည်ကာကွယ်ဖို့အတွက် ဆိုတာ ကာကွယ်ရေးမှာ တိုက်ရိုက်တာဝန်ရှိတဲ့ တပ်မတော်တင်မဟုတ်ဘူး။ ပြည်သူမှာလည်း တာဝန်ရှိတယ်။ ပြည်သူကလည်း ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုတယ်။ ပြည်သူကလည်း တိုင်းပြည်အတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်ဖို့ တော်တော်လိုတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၃.၂.၂၀၂၁)

Thursday, December 2, 2021

ဘောမခြင်း အနုပညာ

ဘောမခြင်း အနုပညာ

ထိုင်းနိုင်ငံမှာ ဘုရင်မျိုးဆက် အခိုင်အမာ ရှိနေသေးတဲ့ အတွက် နန်းတွင်းသုံး တော်ဝင် ပုဏ္ဏားဖြူ ၊ ပုဏ္ဏညို တွေဟာ ယနေ့တိုင် သြဇာအာဏာ ကြီးနေဆဲ အပူဇော်ခံ အကြံပေးများအဖြစ် ရပ်တည်နေနိုင်ကြဆဲ ဖြစ်ပါတယ် ။
ထိုင်း နန်းတွင်းမှာ ထင်ရှားတဲ့ နမိတ်ဟော တခု ရှိနေခဲ့ပါတယ် ။ ထိုင်းရဲ့ ရန်သူတော် မြန်မာနိုင်ငံမှာ တနေ့ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးကဲ့သို့ ဘုန်းတန်ခိုးရှင် တဦး ပေါ်လာမယ်တဲ့ ။

Wednesday, December 1, 2021

လူသိနည်းတဲ့ အကြောင်းတချို့

လူသိနည်းတဲ့ အကြောင်းတချို့

တနေ့က NLD ပါတီရဲ့ ဒုတိယသမ္မတ ဟောင်း ဦးဗန်ထီးယူ အကြောင်း နဲနဲ ဆွလိုက်တော့ သိချင်သူ မိတ်ဆွေ အချို့က မေးနေကြလို့ ကျနော် သိထားရသလောက် ဖောက်သည် ချလိုက်ပါတယ် ။
သူဟာ သားသမီးတွေရှိရာ နိုင်ငံခြားကို သွားပြီး သားသတ်ရုံမှာ အလုပ် လုပ်ခဲ့ပါတယ် ။ မြန်မာပြည်ကို သွားလိုက် ပြန်လိုက် လုပ်ရင်းပေါ့ ။ အဲလိုနေရင်း အမေရိကန် CIA တွေနဲ့ ချိတ်ဆက်ရခဲ့ဟန် တူပါတယ် ။ သူ့ရဲ့ နိုင်ငံရေးခရီးစဥ်ကို မထင်မှတ်ပဲ ဖြတ်သန်းခဲ့ပါတယ် ။