Sunday, October 25, 2015

Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)သွယ်





Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)သွယ်
          Blogger ဆိုတဲ့ စာလုံးကိုတော့ စာဖတ်ပရိတ်သတ်ကြီး ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယူဆပါတယ်။ အင်တာနက် ပေါ်မှာ ဘလော့တစ်ခုတည်ဆောက်ပြီး မိမိဝါသနာပါရာ၊ မိမိဗဟုသုတတွေကို ဘလော့ရေးသားသူကို Blogger လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားသေးပါဘူး။ လုပ်ကိုင်နေတဲ့ သူအချို့တော့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာတော့ ဘလော့ရေးသားခြင်းဖြင့် ပိုက်ဆံရှာဖွေတဲ့ သူအမြောက်အမြားရှိပါတယ်။ ဘလော့ တစ်ခုအောင်မြင်သွားရင် ပိုက်ဆံရှာစရာ နည်းလမ်းတွေ အများကြီးပေါ်လာ တတ်ပါတယ်။ သင်ရော စာရေး ရတာ ဝါသနာပါတဲ့ သူတစ်ယောက်လား၊ ဒါဆိုရင်တော့ သင်ဘလော့တစ်ခု ဖန်တီးသင့်ပါတယ်။ ဘလော့ ရေးသားခြင်း ဆိုတာ တကယ်တော့ အောင်မြင်ဖို့ ဆိုရင် ကြိုးစားရပါတယ်။ ဇွဲရှိရပါတယ်။ အောက်မှာတော့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့နည်းလမ်းငါးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Saturday, October 24, 2015

Capsule Hotels



ဟိုတယ်နှင့်ခရီးသွား ရပ်ဝန်း

>>Capsule Hotels<<
===============
အားလုံးပဲ မင်္ဂလာပါခင်ဗျ။
ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှ အစပြု ပြီး ပေါ်ထွက်လာခဲ့တဲ့ Capsule Hotels တွေအကြောင်း ပြောပြပါမယ်။
Capsule hotel အမျိုးအစားကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ၁၉၇၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
Capsule Hotelဟာ budget ဟိုတယ် အမျိုးအစား ဖြစ်ပြီး တည်းခိုမယ့် ဧည့်သည်အတွက် အခြေခံလိုအပ်ချက်အားလုံကို အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ၃လက်မ၊ အမြင့် ၄ပေ၁လက်မ သာကျယ်သော အလွန်သေးငယ်တဲ့ အခန်းထဲမှာ ထည့်သွင်းပေထားတာ ဖြစ်ပါတယ်။
Capsuleကိုတော့ ပုံမှာတွေ့ရတဲ့ အတိုင်း ဖန်၊ ဖိုင်ဘာ၊ ဘိလပ်မြေ စတာတွေနဲ့ သေသပ်စွာ တည်ဆောက်ထားပြီး တစ်ဖက်ခြမ်းမှာတော့ အဝင်တံခါးပေါက် ပါရှိပါတယ်။

Thursday, October 22, 2015

စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၂)





Bottom of Form
 စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၂)
ယခင်အပိုင်းမှအဆက်

Kid’s meal -
ကလေးများအတွက် ရည်ရွယ်ပြီး ဖြန့်ဖြူးသည့် အမြန်စား အစားအသောက်။ Kid’s meal အတော်များများသည် အရောင်အသွေးစုံသည့် အိတ်များ (သို့) ကတ်ထူပုံးများနှင့်အတူ အိတ်နှင့် ကတ်ထူပုံးများပေါ်တွင် လေ့ကျင့်ခန်းများနှင့် အတွင်းတွင် အရုပ် တစ်ခု ပါလေ့ရှိသည်။ ပုံမှန် kid’s meal တစ်ခုတွင် ဘာဂါ၊ အာလူးချောင်းကြော် (သို့) ပန်းသီးစိတ်များ အစရှိသော အရံ (side) တစ်မျိုးမျိုးနှင့် အအေးတစ်မျိုးမျိုး ပါဝင်လေ့ရှိသည်။

Wednesday, October 21, 2015

စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၁)



Bottom of Fo 

စားသောက်ဆိုင်နှင့် ပါတ်သက်သည့် အသုံးအနှုံးများ - အပိုင်း (၁)
À la carte - "according to the menu" အစားအသောက်စာရင်းတွင် ပါရှိသည့်အတိုင်း ဟု အဓိပ္ပါယ်ရသည့် ပြင်သစ်ဘာသာမှ မွေးစားထားသောစကား

(ဟင်းပွဲတစ်ခုချင်းစီအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး တကွဲစီမှာယူရသော menu ကို ရည်ညွှန်းရာ၌လည်းကောင်း (၎င်းသည် စားသောက်ဆိုင်များလုပ်ရိုးလုပ်စဉ်ဖြစ်ပါသည် ၊ menu မှနေ၍ အစားအစာတစ်ခုကို ၎င်းချည်းသက်သက် မှာယူရာ၌လည်းကောင်း အသုံးပြုပါသည်။)

Bartender -
ဘားကောင်တာနောက်မှနေ၍ အရက်နှင့်ဆိုင်သော သောက်စရာများကို စပ်၍ ပေးသောသူ၊ များသောအားဖြင့် လိုင်စင်ဖြင့် အရက်ရောင်းသောနေရာများတွင် လုပ်ကိုင်သည်။