Wednesday, March 15, 2017

မျိုးချစ် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်

သူ့ကျွန်မခံလိုသော မဟာဝံသသီရိဇယ သိုဟုံဘွားဘွဲ့ခံ မျိုးချစ်ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်

ဝန်းသို့ စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။ အဘ အမည်မှာ မင်းလှ သမန္ဈရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။ မွးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။

Tuesday, March 14, 2017

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် (မြန်မာ ၁၂၂၃ - ၁၃၂၆) သည် မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးတော်လှန်ရေးသမား တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဦးအောင်မြတ်ဖြစ်သည်။ (ဝိန်းဆေ စဝ်ဖှ) စဝ်အောင်မြတ်ဟူ၍လည်း ခေါ်သည်။

Monday, March 13, 2017

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။

Sunday, March 12, 2017

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ

ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ မွေးဖွား) သည် မြန်မာနိုင်ငံသား မွန်လူမျိုး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။

Saturday, March 11, 2017

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား) သည် အာဏာသိမ်းစစ်​ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်များအားထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်သင်တန်းအမှတ်စဉ်(၂၂)ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ဗထူးတပ်မြို့ရှိတပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၏ကျောင်းအုပ်ကြီး၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့်တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

Friday, March 10, 2017

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

                                                                                 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော်သားတစ်ဦးဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ကိုပါ ရယူထားသူဖြစ်သည်။

Wednesday, March 8, 2017

ဗိုလ်ချုပ်ကြီး ခင်ညွန့်

ဗိုလ်ချုပ်ကြီး ခင်ညွန့်

ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် (၂၃ အောက်တိုဘာ ၁၉၃၉ မွေးဖွား) သည် မြန်မာ တပ်မတော်အရာရှိဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ်လည်းကောင်း၊ ၂၅ ဩဂုတ် ၂၀၀၃ မှ ၁၈ အောက်တိုဘာ ၂၀၀၄ အထိ မြန်မာနိုင်ငံ၏ နဝမမြောက် ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဦးခင်ညွန့်သည် မြန်မာတရုတ် တစ်ဦး ဖြစ်သည်။

Tuesday, March 7, 2017

ယုတ္တိဗေဒ

ယုတ္တိဗေဒ

စာသင်ခန်းထဲမှာ တစ်နေ့ အိုင်စတိုင်းက ကျောင်းသားတွေကိုမေးတယ် “ မီးခိုးခေါင်းတိုင်ဟောင်းတက် ပြင်တဲ့သူနှစ်ယောက်ရှိတယ် သူတို့နှစ်ယောက်ခေါင်းတိုင်ထဲကနေထွက်လာကြတဲ့အခါ ဖြစ်ချင်တော့ တစ်ယောက်က တစ်ကိုယ်လုံးသန့်ရှင်းနေတယ် နောက်တစ်ယောက်ကျတော့ပေတူးလံနေတယ် တစ်ကိုယ်မဲတူးနေတယ် မေးချင်တာက ဘယ်တစ်ယောက်အရင်ရေသွားချိုး လိမ့်မယ်ထင်သလဲ ?

Monday, March 6, 2017

မြန်မာလအမည်များ၏ အဓိပ္ပါယ်များ



 မြန်မာလအမည်များ၏ အဓိပ္ပါယ်များ

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                
                သိထားသင့်သော ဗဟုသုတလေးမို့  ရှားပါးစွာ ဖတ်ရှု လေ့လာရှာဖွေ၍ တင်ပြလိုက်ပါတယ်
၁။တန်ခူး... ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။
ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန်

Saturday, March 4, 2017

ခံစားချက်ကို ပြောင်းလိုက်ပါ

ခံစားချက်ကို ပြောင်းလိုက်ပါ

ငါး - သို့သော် လေအိတ်မရှိတဲ့ငါး ...
လူငယ်တစ်ယောက်ရှိခဲ့ဖူးတယ်၊ အိမ်က အင်မတန်ဆင်းရဲတဲ့အတွက်စာမဖတ်နိုင်ဘူး၊ ဒါနဲ့မြို့ပေါ်တက်ပြီး အလုပ်တစ်ခုရှာတယ်၊ ဒါပေမယ့်မြို့မှာ ဘယ်သူမှ သူ့ကိုအလုပ်မခန့်ချင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အတန်းပညာ အောင်လက်မှတ်တွေမရှိလို့ဖြစ်တယ်၊
ဒါနဲ့ မြို့ပေါ်ကဆင်းခါနီးမှာ နာမည်အရမ်းကြီးတဲ့

Friday, March 3, 2017

ဗိုလ်ချုပ်ကြီးစိုးဝင်း

ဗိုလ်ချုပ်ကြီးစိုးဝင်း

ဗိုလ်ချုပ်ကြီးစိုးဝင်း (၁၀ မေ ၁၉၄၇ ’ ၁၂ အောက်တိုဘာ ၂၀၀၇)သည် မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သည်။ သူ့အား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ နှင့် နီးစပ်သူတစ်ဦး ဖြစ်သူဟု ဆိုကြသည်။ သူသည် သူ၏ ရှေ့မှ ဝန်ကြီးချုပ်ရာထူးယူခဲ့သူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက်စာလျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တင်းခံထားမည်ဟု ယူဆထားကြသည်။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလက မိန့်ခွန်းတစ်ခု၏ အဆိုအရ ‘နအဖသည် အင်အယ်လ်ဒီနှင့် စကားမပြောရုံမကပဲ မည်သည့်အခါမှလည်း အာဏာကို လွှဲပြောင်းပေးမည်မဟုတ်’ ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်လ်ဒီအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည့် ဒီပဲယင်း သတ်ဖြတ်မှု အတွက် သူ့အား တာဝန်ရှိသူဟု စွပ်စွဲထား ကြသည်။

Thursday, March 2, 2017

သမ္မတ ဦးဝင်းမြင့်

သမ္မတ ဦးဝင်းမြင့်

ဦးဝင်းမြင့် (၈နိုဝင်ဘာ၁၉၅၁မွေးဖွား)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏၁၀ဦးမြောက် နိုင်ငံတော် သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Tuesday, February 28, 2017

နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်


နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်

ဦးထင်ကျော် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် ၂၀၁၆ မတ်လမှ ၂၀၁၈ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒုသမ္မတလောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဆိုပြုခြင်းခံကာ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဦးထင်ကျော်အား ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အရပ်သားသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။

Monday, February 27, 2017

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်

အဂ္ဂမဟာသရေစည်သူဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် သောကြာနေ့တွင် ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျုံကူးရွာတွင် ဖွားမြင်ခဲ့သည်။

Sunday, February 26, 2017

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဦးသန်းရွှေ သည် ၁၉၉၂ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ အစရှိသော အရေးပါသည့် ရာထူးများကိုလည်း ရယူထားခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံ့အကြီးအကဲ အဖြစ်မှ တရားဝင် အနားယူခဲ့သည်။

Saturday, February 25, 2017

သစ်သားပုံး နှင့် လူဘဝ


သစ်သားပုံး နှင့် လူဘဝ 

သစ်ခုတ်သမား (၄) ယောက်က သစ်ပင်တစ်ပင်ဆီ ခုတ်လှဲပြီး သစ်သားပုံးတစ်ခုဆီ လုပ်ကြသည်။
ပထမသစ်ခုတ်သမားက ဝက်, မစင်ထည့်တဲ့ပုံး လုပ်လိုက်တဲ့အတွက် မစင်ပုံးလို့ခေါ်တယ်။ လူတွေရဲ့နောက်မှာ အမြဲတမ်းပုန်းနေရတယ်။
ဒုတိယသစ်ခုတ်သမားက ရေထည့်လိုက်တဲ့အတွက် ရေပုံးလို့ခေါ်တယ်။
လူတွေအသုံးပြုကြတယ်။
တတိယသစ်ခုတ်သမားက အရက်ထည့်လိုက်တဲ့အတွက် အရက်ပုံးလို့ခေါ်တယ်။ လူတွေနှစ်သက်ကြတယ်။

Friday, February 24, 2017

အာရုံကြောအားနည်းသူများအတွက်



မြန်မာသံပုရာသီးကို ဆားနှင့်ပွတ်ပေးပါ။ (အဖန်အရသာများ ထွက်သွားစေရန်ဖြစ်သည်။)
ထို့နောက်ရေဆေး၍ အကွင်းလေးဖြစ်အောင် လှီးပါ။ (ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။)
အစေ့များကို ဖယ်ရန်မလိုပါ။
ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။

Thursday, February 23, 2017

ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်


ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်

သခွတ်အစွမ်းကြောင့် စီပိုးအသည်းသမားသည် ပိုးကောင်ရေသိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန် ရှိတော့ပြီးရောဂါမှာသိသိသာသာပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာခင်မောင်ဝင်းဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သောလူနာကိုမှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

Wednesday, February 22, 2017

ဗိုလ်ချုပ်မှူးကြီးစောမောင်

ဗိုလ်ချုပ်မှူးကြီးစောမောင်

ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံတော်သမ္မတ ​​ဒေါက်တာ​မောင်​မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုတ်တရက် အနားယူခဲ့သည်။

Tuesday, February 21, 2017

ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင် (၁၉၂၅ - ၁၉၉၄) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ဥပဒေ ပညာရှင်တစ်ဦး ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ သတ္တမမြောက် သမ္မတ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန် ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ ဒေါက်တာမောင်မောင်သည်၁၉၄၅ခုနှစ်ဂျပန်တော်လှန်ရေးတွင်ဖက်ဆစ်ဂျပန်တော်လှန်ရေးသမား တစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရေးသားပေးခဲ့သူ ဖြစ်သည်။ အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်နှင့်ရန်ကုန်တက္ကသိုလ် ဥပဒေကထိက၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် ပြည်ထောင်စုတရားသူကြီးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

Saturday, February 18, 2017

Professional တစ်ယောက်ရဲ့ အရည်အချင်း

Professional တစ်ယောက်ရဲ့ အရည်အချင်း

           (Professional)Pro..ပရိုဖက်ရှင်နယ်..ဆိုတဲ့စကားလုံးကိုကျယ်လောင်စွာပြောလာနေကြတဲ့ယနေ့ခေတ်
လူငယ်များအတွက် ပရိုဖက်ရှင်နယ်တစ်ယောက်ရဲ့အရည်အချင်းများကို ဖြည့်ဆည်းပိုင်ဆိုင်နိုင်ကြစေဖို့
 ဖော်ပြလိုက်ရပါသည်။
1. Commitment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့ အလုပ်မှာ အာရုံ စူးစိုက်နစ်ဝင်မှု ရှိရမယ်။
2. Responsibility
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိလုပ်တဲ့အလုပ်ကိုတာဝန်ယူရဲတဲ့သတ္တိ၊တာဝန်ယူလိုတဲ့စိတ်ရှိရမယ်။
3. Determined
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာရမယ်။