Monday, November 7, 2016

မမေ့အပ်သော သူရမချစ်ပို

မမေ့အပ်သော သူရမချစ်ပို

                 ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအလေးပြုမိသော အမျိုးသမီးကိုပြပါဆိုလျင် သူရမချစ်ပိုသာလျင်ဖြစ် သည်။ အမျိုးသမီးဖြစ်သော်ငြား သူမ၏စွမ်းဆောင်မှုသည် အမျိုးသားကွန်မန်ဒိုစစ်သည်တစ်ဦးထက် သာလွန်ခဲ့သည်ကို မည်သူမှငြင်းဆန်နိုင်မည်မဟုတ်ပေ။

Tuesday, October 25, 2016

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ
ခွင့်အမျိုးအစားဆိုင်ရာ သတ်မှတ်ချက်များအား ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကုမ္ပဏီများအတွက် အများဆုံးအသုံးပြုနေသော ခွင့်အမျိုးအစားများအနေဖြင့်

Sunday, October 23, 2016

ရှားစောင်းလက်ပတ် (Aloe vera)



ရှားစောင်းလက်ပတ် (Aloe vera)

(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)
ရှားစောင်းလက်ပတ်ပင်သိပ်ကိုအသုံးဝင် သော၊တန်ဖိုးရှိသော၊ချစ်စရာကောင်း သောအပင်လေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ သိရအောင် စု တု ပြု ထားတာလေးတွေကို share ပေးလိုက်ပါတယ်နော်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ
ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။အူမကြီးကို ရှင်းလင်းပေးသည့် ၀မ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။
လေ့လာချက်များအရ

Saturday, October 22, 2016

အမုန်းကို အမုန်းနဲ့



အမုန်းကို အမုန်းနဲ့

အမုန်းကို အမုန်းနဲ့ တုန့်ပြန်တာ၊ အကြမ်းဖက်ပြီး ဒေါသကို ထွက်ပေါက်ပေးတာဟာ ပြသာနာကို ဖြေရှင်းတာ မဟုတ်ဘူး
===========================

၁၉၈၄ ခုနှစ်....အိန္ဒိယမှာ အင်ဒီရာ ဂန္ဒီ လက်ထက်က ကြယ်ပြာစစ်ဆင်ရေး Operation Blue Star ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုကတော့ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီကိုယ်တိုင် အသတ်ခံခဲ့ရတာပါဘဲ ။ သူအသတ်ခံရပြီးနောက် သုံးရက်အတွင်းမှာ ဆစ်ခ် Sikh လူမျိုးတွေနဲ့ ဟိန္ဒူတွေအကြား ဗျင်းကြတာ အနည်းဆုံးလူ ၃ ထောင်လောက်သေတယ်။

Friday, October 21, 2016

Myanmar NAVY SEAL တပ်ဖွဲ့ဝင်ဖြစ်ချင်ပါသလား?

Myanmar NAVY SEAL တပ်ဖွဲ့ဝင်ဖြစ်ချင်ပါသလား?
 
လိုအပ်သည်များ၊ သင်တန်းအကြောင်းအနှစ်ချုပ် နှင့် ဆက်သွယ်ရန်လိပ်စာ
Navy Seal သင်တန်းတတ်ရန်လိုအပ်သည်များ
***************************
မြန်မာ Navy Seal တပ်ဖွဲ့ဝင်ဖြစ်ဖို့ Navy seal ထဲကို ဒါရိုက်တန်းဝင်လို့မရပါဘူး
အရင်ဆုံး ရေတပ်စုဆောင်းရေးကို အရင်သွားရပါမယ်
လိုအပ်တဲ့ စာရွက်စာတမ်းက ..

Wednesday, October 19, 2016

ဂျပန်လူမျိုးတွေဆီက အတုယူစရာ

ဂျပန်လူမျိုးတွေဆီက အတုယူစရာ

 ၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။
တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ”ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ “စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။
အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို “ကောင်းသောနံနက်ခင်းပါခင်ဗျာ”လို့နှုတ်ဆက်ပြီး၊
အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း “ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ”စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။
မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က စတင်ပြီးတောင်းပန်တတ်ကြပါတယ်။

၂။ ။ အချိန်ကိုလေးစားခြင်း
ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။
ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။
ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

၃။ ။စည်းကမ်းရှိခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။
တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။
အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။
ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင် သိမ်းပြီးမှပြန်လေ့ရှိပါတယ်။

၎။ ။ပတ်ဝန်းကျင်ကို အလေးထားခြင်း
ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။
ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် တယ်လီဖုန်းမပြောကြပါဘူး။ဖုန်းကိုလည်း အမြဲတမ်း အသံမထွက်အောင် vibrate mode(တုန်ခါမှု)ပဲလုပ်ထားကြပါတယ်။
ဖုန်းလာလျှင် ရထား၊ကားကနေဆင်း၊ အပြင်ထွက်ပီး စကားပြောကြပါတယ်။
မြို့ထဲမှာ ကားအမျိုးမျိုး မောင်းနှင်သွားလာနေကြပေမယ့် ကားဟွန်းမတီးကြပါဘူး။ကားဟွန်းသံ မကြားရပါဘူး။

၅။ ။ တာဝန်ယူမှုရှိခြင်း
ဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။
ကလေးကအစ လူကြီးအဆုံး ကိုယ့်တာဝန်ကိုယ်ယူကြပါတယ်။
ဂျပန်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေမထားပါဘူး။
အိမ်သာကအစ စာသင်ခန်းအဆုံး ကျောင်းသားလေးတွေက အလှည့်ကျ သန့်ရှင်ရေးလုပ်ကြရပါတယ်။
လူကြီးတွေကလည်း တာဝန်ယူစိတ်အလွန် ပြင်းထန်ကြပါတယ်။
ဂျပန်အိမ်တွေမှာ အိမ်ဖော်ထားတဲ့ ယဉ်ကျေးမှုဆိုတာ မရှိပါဘူး။
ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် သန့်ရှင်းရေးလုပ်ပြီး၊ ကိုယ့်မိသားစုအတွက် ကိုယ်ကိုတိုင်ချက်ပြုတ်ကြပါတယ်။
ဝန်ထမ်းတွေကလည်း မိမိတို့အမှားလုပ်မိလျှင် အမှားလုပ်မိကြောင်း ဝန်ခံတောင်းပန်ပြီး တာဝန်ယူတဲ့အနေနဲ့ အလုပ် ကနေနှုတ်ထွက်ကြပါတယ်။

၆။ ။အလုပ်ကြိုးစားခြင်း
ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။
ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။
အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။
နေစရာမရှိလို့ ဘူတာတို့ ပန်းခြံတို့မှာ နေထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့တွေတောင် မတောင်းစားကြပါဘူး။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါတယ်။

၇။ ။ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း
ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်၊ဝါသနာကို တိတိကျကျသိကြပါတယ်။
ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပြီး ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် မဖြစ်မနေကြိုးစားကြပါတယ်။

မူလရေးသားသူအား Credit:

Tuesday, October 18, 2016

ခြင်္သေ့

ခြင်္သေ့
တစ်ကောင်ထဲ၊ ဒါပေမဲ့ ...

Saturday, October 15, 2016

How to Team-work (အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုနည်းလမ်းများ)

How to Team-work (အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုနည်းလမ်းများ)

                လုပ်ငန်းတိုင်းရဲ့ အောင်မြင်တဲ့ပန်းတိုင်တခုသို့ ရောက်ရှိဖို့ဆိုရင် အဖွဲ့မှာပါဝင်နေသူတွေရဲ့ တဦးချင်းရဲ့ တာဝန်ယူမှုဟာလည်း လွန်စွာအရေးကြီးမှာဖြစ်ပါတယ်။ ဘောလုံးအသင်းနဲ့ ဥပမာပြရရင် အသင်းခေါင်းဆောင်တဦးတည်းကတော်နေရုံနဲ့ ဘောလုံးအသင်းတခုလုံးဟာအားသာမှုမဖြစ်နိုင်ပါဘူး၊ အသင်းမှာပါဝင်နေတဲ့ ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်းစတဲ့ သူတွေအားလုံးရဲ့ တဦးချင်းရဲ့ ကျွမ်းကျင်မှု၊ မိမိရဲ့တာဝန်ကျေပွန်မှုတွေဟာ အရေးကြီးမှာဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းဟာအသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တက်ပြီးပိုမိုအောင်မြင်မှုများဖန်တီးနိုင်ဖို့ရာအလွန်အရေးကြီးလှပါတယ်။
အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရာဝယ်…

Friday, October 14, 2016

သတိ



           ၁၉၄၅ ခုနှစ် ဂျပန်ပြည်အကြီးအကျယ်ဗုံးကြဲခံနေရစဉ် သေဆုံးနေသော ညီဖြစ်သူအလောင်းအား ချီပိုးထားသူ ဂျပန်ကလေးငယ်။ စစ်ခရာသံကြားသဖြင့် သတိဆွဲနေစဉ်။

Wednesday, June 1, 2016

ဦးအေးကို (နိုင်ငံတော် သမ္မတ)

ဦးအေးကို (နိုင်ငံတော် သမ္မတ)

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတ တာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု ဆိုသည်။

Tuesday, May 10, 2016

ဦးစိန်လွင် (နိုင်ငံတော်သမ္မတ)

ဦးစိန်လွင် (နိုင်ငံတော်သမ္မတ)

မြန်မာပြည်သမိုင်းတွင် ၁၆ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦး ဖြစ်သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

Wednesday, April 13, 2016

နိုင်ငံတော် သမ္မတကြီးဦးစန်းယု

နိုင်ငံတော် သမ္မတကြီးဦးစန်းယု

ဗိုလ်ချုပ်ကြီး ဦးစန်းယုသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက် ၁၉၈၁ မှ ဇူလိုင်လ ၂၇ ရက် ၁၉၈၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Wednesday, March 16, 2016

ဦးနေဝင်း

ဦးနေဝင်း

ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁ - ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။

Tuesday, March 8, 2016

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ မန်းဝင်းမောင်

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ မန်းဝင်းမောင်

အဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူဦးဝင်းမောင် (ခ) မန်းဝင်းမောင် သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ နိုင်ငံရေးလောကတွင် မန်းဝင်းမောင်ဟု လူသိများ ထင်ရှားခဲ့သည်။

Sunday, March 6, 2016

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး


အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး

အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ပါလီမန် ဒီမိုကရေစီ ခေတ်အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခံရခြင်း ဖြစ် သည်။ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။

Sunday, February 28, 2016

စဝ်ရွှေသိုက် (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး)

စဝ်ရွှေသိုက် (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး)

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။ 

Thursday, February 25, 2016

မဟာသရေစည်သူ ဦးသန့်


ဦးသန့်

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

Wednesday, February 24, 2016

`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´


`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´
လူအများစုလည်း ‪#‎ထောပတ်သီး‬ စားရင်
ထောပတ်သီး အစေ့ကြီး ထုတ်ပစ်လိုက်ရ မှ သဘောကျကြတယ် ထင်တယ်။
ကျနော်ဆိုရင် အလယ်ခေါင်က အစေ့မာမာကြီး ကို ဇွန်းနဲ့ ကော်ထုတ်ပစ်ပီး ထောပတ်အသားလေး တွေချည်း ကျန်တော့ရင် သိပ်ပျော်တာ
smile emoticon
ဒါပေမဲ့ သိပ်မကြာသေးခင်က ` လူတွေ မသိသေးတဲ့ ထောပတ်သီး ´ အကြောင်းကို အင်တာနက် website တခုကနေ ဖတ်မိပီး အံ့သြခဲ့ရတယ်။

Tuesday, February 23, 2016

ငရုတ်သီးရောင်းသူ


ငရုတ်သီးရောင်းသူ
------------------------
ငရုတ်သီးရောင်းသူတွေမှာ ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို "ငရုတ်သီးက စပ်လား"လို့ ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။
ငရုတ်သီးရောင်းသူက "စပ်တယ်"လို့ ပြန်ဖြေရင် ငရုတ်သီးဝယ်သူ အစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲထွက်သွားတော့မယ်။ "မစပ်ဘူး"လို့ ဖြေပြန်ရင်လည်း ဝယ်သူက အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။
ဒီလိုအခက်အခဲကို ဖြေရှင်းတဲ့နည်းက အားလုံးသိကြတဲ့နည်းဖြစ်တယ်။ ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံကစပ်တယ်၊ တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။ ဒါက အများသိတဲ့ စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။
တစ်နေ့မှာ ကျွန်တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင် ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို

Monday, February 22, 2016

ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ




ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ

          မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သော ဦးသန့်ကို (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်(အစမ်းခန့်)အဖြစ် စတင်ခန့်အပ်ခဲ့သည်။ (၃၀.၁၁.၁၉၆၂)ရက်နေ့ ရောက်သော အခါ အတည်ပြုခန့်အပ်ခဲ့ပါသည်။
          ဦးသန့်သည် ထိုအချိန်က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ သူသည် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပထမ(၅)နှစ် သက်တမ်း ကုန်ဆုံးသွားပြီးနောက် (၁၉၆၇)ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ဒုတိယ(၅)နှစ်သက်တမ်းအတွက် ထပ်မံခန့်အပ်ခြင်း ခံရပြန်ပါသည်။ (၁၉၇၁)ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ရောက်လေမှ အထွေထွေအတွင်းရေး မှူးချုပ်ရာထူးမှ အငြိမ်းစားယူခဲ့သည်။

Monday, February 15, 2016

သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်




သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်
  • Posted by whitesnowcool 
  •  
  • ဒီကမ္ဘကြီးမှာ မပျော်ရွှင်လိုတဲ့သူဆိုတာ ရှိကောင်းရှိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ လူတိုင်းပျော်ရွှင်ချင်ကြပေမယ့် လူတိုင်းတော့ မအောင်မြင်နိုင်ကြပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့ တစ်သက်တာမှာ အနည်းဆုံးတော့ နည်းနည်းဖြစ်ဖြစ်ပိုမိုပျော်ရွှင်စေနိုင်မယ့် အောက်ပါ နည်းလမ်း (၂၅) သွယ်ကို တင်ပြလိုပါတယ်။

Sunday, February 14, 2016

အညွန့်ချိုးခံနေရတဲ့ခေတ်



အညွန့်ချိုးခံနေရတဲ့ခေတ်

     သာလွန်မင်းလက်ထက်က မွန်ဝန်ကြီးတစ်ပါးရှိတယ်။ ဗညားကြမ်းတောလို့ခေါ်တယ်။ အလွန်ဖြောင့်မတ်ပြီး သတ္တိရှိသူလို့ နာမည်ကြီးတယ်။ ၀န်ကြီးဖြစ်မှ တရားစီရင်တာတွေ၊ ဆုံးဖြတ်ချက်ပေးရာတွေမှာ အရမ်း နာမည် ကျော်တယ်။ လူရိုသေ ရှင်ကြောက်ရလောက်အောင် သြဇာကြီးမားသူဖြစ်တယ်။
တစ်နေ့တော့ အမတ်ကြီး ဗညားကြမ်းတောဟာ စစ်ကိုင်းဘက်ကို ဘုရားတည်ဖို့သွားတယ်။ မြစ်ကူးတော့ မြစ်ကမ်းဘေးမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင်ကိုတွေ့တယ်။ မန်ကျည်းပင်ပေါ်မှာ လူငယ်တွေ ဆော့ ကစားရင်းနဲ့ မန်ကျည်းရွက်ခူးနေကြတာကိုတွေ့လိုက်တော့
"ဒီလူငယ်တွေ အများကြီးထဲမှာ သူရဲကောင်း နှစ်ယောက် ထွက်ရင်ကောင်းမယ်" လို့ပြောပြီး မန်ကျည်းပင် ပေါ်က လူငယ်တွေကို

Wednesday, February 10, 2016

စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း



စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း
ရေးသူ=မျိုးဆွေသန်း

             သက္ကရာဇ် ၄၁၅ ခုလို့ပါတဲ့ လွန်ခဲ့သောနှစ်ပေါင်း ၉၆၀ က ၁၁ရာစုခေတ်
အနော်ရထာမင်းရဲ့သားတော် စောလူးမင်းရေးထိုးခဲ့တဲ့
မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ၊ ဂျွမ်း (၅)ဘာသာနဲ့ရေးထိုးထားတဲ့ ကျောက်စာတစ်ချပ်ကို မြစ်သားမြို့ ပေတော ပရဟိတကျောင်းမှာရှာဖွေတွေ့ရှိခဲ့တယ်လို့
မြန်မာ့အသံကသတင်းထုတ်ပြန်သွားပါတယ်။
မြန်မာဘာသာ (၈)ကြောင်း၊ ပျူလက်ရေးဖြင့် ပါဠိစာ(၁၄)ကြောင်း၊ ပျူလက်ရေးဖြင့်ပျူစာ(၇)ကြောင်း ကတစ်မျက်နှာ
မွန်ဘာသာဖြင့်(၁၅)ကြောင်း၊ ပါဠိဘာသာဖြင့်(၈)ကြောင်း၊ ဂျွမ်းဘာသာဖြင့်(၄) ကြောင်းကတစ်မျက်နှာ အားလုံး(၂)မျက်နှာရေးထိုးထားတဲ့ (၅)ပေမြင့်ပြီး (၃) ပေခွဲလောက်ကျယ်တဲ့ကျောက်စာကို (၅)ပိုင်းကျိုးလျက်ကို (၄)ပိုင်း ရှာဖွေတွေ့ရှိပေါ်ပေါက်ခြင်းပါ။

Tuesday, February 9, 2016

အရေးကြီးတာက ...


အရေးကြီးတာက ...

ဗုဒ္ဓကပြောတယ်:
"လူတစ်ယောက်အကြောင်းကိုဂဃနဏသိသွားသည့်တိုင်အောင် လူအများသိအောင် ထုတ်ဖော်ပြောပြစရာ မလိုဘူး" တဲ့၊
လူတစ်ယောက်ရဲ့အကြောင်းစုံကိုသိသွားတောင်..သူရဲ့အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင် သူတစ်ပါးအပေါ်လေးစားခြင်း (Respect) ဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..ကိုယ်နဲ့မတည့်တဲ့သူရဲ့ အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင်

Sunday, February 7, 2016

အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ



အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ
Posted by Betty on November 3, 2015 at 10:41 

       ကြီးကျယ်ခမ်းနားလှသည့် ကိုယ်ရေးရာဇဝင်တစ်စောင်နှင့် အင်တာဗျူးနည်းနာတွေ ခိုင်ခိုင်မာမာရှိပါက အလုပ်လျှောက် ထားသူတစ်ဦးသည် လစ်လပ်သောနေရာအတွက် လျာထားခြင်းခံရကောင်းခံရနိုင်ပါသည်။ သို့သော် အောင်မြင်နေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သော Office Team (ရုံးအဖွဲ့)အမည်ရ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့ စစ် တမ်းကောက်ချက်အရ Reference (ခေါ်) အလုပ်အတွက်ထောက်ခံပေးချက်များကို စစ်ဆေးကြည့်ပြီး ရရှိလာသော ရလာဒ်များကသာလျှင် အလုပ်ရှာဖွေခြင်းတစ်ရပ်ကို အမှန်တကယ် အောင်မြင်လာစေမလား၊ လွဲချော်သွားစေမလား

Saturday, February 6, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂၀)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂၀)
  • Posted by Myanmar Network Forum Moderator3 on May 29, 2014 at 17:05
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 

    ကွက်လပ်တွင် အချက်အလက်ဖြည့်ရသော လုပ်ငန်းများ (Information gap activity)

    အချက်အလက်ကွက်လပ်ဖြည့်ခြင်း (Information gap activities) သည် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး speaking exam ပုံစံမှာ ထိပ်သီးအမှတ်ရနိုင်စေမဲ့ အကြံပြုချက်များ ဖော်ပြလိုက်ပါတယ်။
    အခြား ကျောင်းသားတစ်ယောက်ယောက်နှင့်အတူ speaking exam ရှိရင် သင့်အား အချက်အလက် လွတ်လပ် ဖြည့်ခြင်းလုပ်ငန်းကို လုပ်ခိုင်းနိုင်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်မှာ သင်နဲ့သင့်အဖော်ကို မတူညီတဲ့အချက် အလက်တွေကို ကြည့်ခိုင်းပြီးနောက် အချင်းချင်း စကားပြောရင်း အချက်အလက်တွေကို ဖလှယ်ရမှာ ဖြစ်ပါ တယ်။

Friday, February 5, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၉)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၉)
  • Posted by Myanmar Network Forum Moderator3 on May 23, 2014 at 10:40
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 
 လုပ်ရိုးလုပ်စဉ် စကားပြောလုပ်ငန်းများ (Typical Speaking Tasks)
Speaking exam တွေဟာ အပြောင်းအလဲများပြီး သင့်အနေဖြင့် လုပ်ရမဲ့ လုပ်ငန်းတွေကလည်း အမျိုးမျိုး ရှိပါတယ်။ Speaking exam မတိုင်ခင် သင့်ကို ဘာလုပ်ခိုင်းမလဲဆိုတာကို တိတိကျကျ သိနိုင်အောင် လုပ်ထားပါ။ တကယ့် စာမေးပွဲရက်ကြီးမတိုင်ခင် စာမေးပွဲရဲ့ အချို့သော ကဏ္ဍတွေအတွက် ပြင်ဆင်ထားနိုင်ပါတယ်။ Speaking exam တစ်ခုမှာ သင့်အနေနဲ့လုပ်ကောင်းလုပ်ရမဲ့ ပုံမှန်လှုပ်ရှားမှုအချို့ကို ဖော်ပြလိုက်ပါတယ်။

Thursday, February 4, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၈)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၈)
  • Posted by Myanmar Network Forum Moderator3 on April 10, 2014 at 15:48
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 
သင် နားမလည်သောအခါ (when you don’t understand)
  • I don’t understand. (ကျွန်တော် နားမလည်ပါဘူး။)
  • Could you repeat that? (အဲဒါကို ထပ်ပြောနိုင်မလား?)
  • Could you say that again? (အဲဒါကို နောက်တစ်ကြိမ်ပြန်ပြောနိုင်မလား?)
  • What do you mean, exactly? (တိတိကျကျ ဘာကို ပြောချင်တာလဲ?)
  • I’m not sure what you mean. (ခင်ဗျား ဘာကို ဆိုလိုတာလဲ ကျွန်တော် မသေချာဘူး။)
  • Can you explain that? (အဲဒါကို ရှင်းပြနိုင်မလား?)

Wednesday, February 3, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၇)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၇)
  • Posted by Myanmar Network Forum Moderator3 on March 27, 2014 at 17:30
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 
 
ထင်မြင်ချက်များ (Opinions)


သင့်ထင်မြင်ချက်ကို ပြောတဲ့အခါမှာပဲဖြစ်ဖြစ် သင့်အဖော်ရဲ့ ထင်မြင်ချက်ကို တောင်းခံရာမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ စကားအသုံးအနှုန်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ဒီအသုံးအနှုန်းတွေကိုတော့ ဆွေးနွေးရတဲ့လုပ်ငန်း တွေမှာ (discussion activity) မှာ လိုအပ်မှာဖြစ်ပါတယ်။

Tuesday, February 2, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၆)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၆)
  • Posted by Myanmar Network Forum Moderator3 on March 27, 2014 at 17:15
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams)
ဒီကဏ္ဍမှာတော့ ကျောင်းသားအများစုက ကြောက်ကြတဲ့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့ စာမေးပွဲများ (Speaking exams) ဖြေဆိုနိုင်ရန် ပြင်ဆင်ရာတွင် အထောက်အပံ့ဖြစ်စေမဲ့ အကြံပြုချက်များကို တင်ပြမှာဖြစ်ပါ တယ်။ ဒီအကြံ ပြုချက်တွေဟာ သင့်ကို ဘယ် speaking exam မှာ မဆို ဖြစ်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်နိုင်ရန် အကူအညီပေးမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ စာမေးပွဲတွေမှာ အထူးသဖြင့် နှုတ်ဖြေစာမေးပွဲတွေမှာ စိတ်လှုပ်ရှား တတ်ကြတာ ဓမ္မတာပါ။ ယခုဖော်ပြမဲ့ အကြံပြုချက်တွေကတော့ နှုတ်ဖြေ ဖြေတဲ့အခါ သင့်ကိုယ်သင် ပိုပြီး ယုံကြည်ချက်ရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။

Monday, February 1, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၅)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၅)
  • Posted by Myanmar Network Forum Moderator3 on March 24, 2014 at 17:21
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    အမျိုးအစားခွဲခြင်း (Categories)

    တစ်ခါတစ်ရံကျတော့လည်း စကားလုံးတွေကို အမျိုးအစားအလိုက် အုပ်စုခွဲပေးရပါတယ်။ ဒီလိုမျိုး လေ့ကျင့်ခန်းပုံစံက အများအားဖြင့် လွယ်ကူလေ့ရှိတဲ့အတွက် ထိတ်လန့်မနေဘဲ ပေးထားတဲ့ အကြံပြုချက်တွေကို အသုံးပြုကြည့်ပါ။

Sunday, January 31, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)
  • Posted by Myanmar Network Forum Moderator3 on March 18, 2014 at 11:08
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များ (Tips to remember words)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်။
  • စနစ်ကျသော ဝေါဟာရ မှတ်စုစာအုပ်ကိုထားပါ။
  • ထိုဝေါဟာရများကို (၂၄)နာရီကြာပြီး၊ ရက်သတ္တ(၁)ပတ်ကြာပြီး၊ တစ်လကြာပြီးတဲ့အခါမှာ နောက်တစ်ကြိမ် ပြန်ကြည့်ပါ။

Saturday, January 30, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)
  • Posted by Myanmar Network Forum Moderator3 on March 11, 2014 at 11:28
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 
    ဘယ်လိုစာလုံးပေါင်းသလဲ ? (How do you spell it)

    Vocabulary exam တွေမှာ စာလုံးပေါင်းမှန်ခြင်းဟာလည်း အမှတ်ပိုရနိုင်စေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အင်္ဂလိပ်စကား လုံးတွေကို ပေါင်းရတာဟာခဲရာခဲဆစ် (tricky)နိုင်တတ်ပါတယ်။ ဒါကြောင့်မို့လို့  ဝေါဟာရတွေကို သင်ယူရင်းနဲ့  တစ်ချိန်တည်းမှာပဲ သူတို့ရဲ့  စာလုံးပေါင်းတွေကို ပါကျက်မှတ်ပါ။

Friday, January 29, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)
  • Posted by Myanmar Network Forum Moderator3 on March 4, 2014 at 10:55
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 

ဝါကျပုံစံပြောင်းလဲခြင်း (Sentence transformation)

ဒီလိုမေးခွန်းပုံစံများမှာဝါကျ နှစ်ကြောင်းပေးထားပါတယ်။ တစ်ကြောင်းက ပြည့်စုံ (complete)ပြီး ကျန်တစ်ကြောင်းက မပြည့်စုံ (incomplete)ပါ။ ဒုတိယ၀ါကျကို ပထမစာကြောင်းနှင့် အဓိပ္ပါယ်တူညီသော ၀ါကျဖြစ်အောင် ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။

Thursday, January 28, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)
  • Posted by Myanmar Network Forum Moderator3 on February 25, 2014 at 10:58
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

အများထဲမှ အမှန်ကို ရွေးချယ်ခြင်း (Choose the correct option)

ဝါကျထဲမှ ကွက်လပ်တွင်ဖြည့်ရန် ပေးထားသော ရွေးချယ်စရာများ (options)ထဲမှ မှန်သော အဖြေကို ရွေးချယ်ရပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကို ကောင်းစွာ ဖြေဆိုနိုင်ရန် အောက်ပါတို့ကို အကြံပြုလိုက်ရပါတယ်။
  • ရွေးချယ်မှုမပြုမီ ကွက်လပ်ထဲကို option တစ်ခုချင်းစီကို ထည့်ကြည့်ပြီး ၀ါကျကို ဖတ်ကြည့်ပါ။
  • option တစ်ခုကို ရွေးလိုက်တဲ့အခါ ထို option ဘာကြောင့် မှန်သလဲဆိုတာကို သိပါသလား? ဒီလို သိခြင်းသည် သင့်အား ဆုံးဖြတ်ချက်ချနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။

Wednesday, January 27, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)
  • Posted by Myanmar Network Forum Moderator3 on February 19, 2014 at 18:15
  •  

  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဒီကဏ္ဍမှာတော့ သဒ္ဒါ(Grammar)နှင့် ဝေဟာရဆိုင်ရာ စာမေးပွဲများ ဖြေဆိုရန်အတွက် ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းများနှင့်ပတ်သက်လို့ အကြံပြုချက်များ တင်ပြသွားမှာဖြစ်ပါတယ်။ ဝေါဟာရသစ်များ သင်ယူပုံ၊ သဒ္ဒါတည်ဆောက်မှုများ သင်ယူပုံနှင့် သက်ဆိုင်သော အကြံပြုချက်များအပြင် အမျိုးမျိုးသော စာမေးပွဲနှင့် စစ်ဆေးမှု များအတွက် သီးခြားအကြံပြုချက်များကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။
    ဒါ့အပြင် သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများအတွက် လေ့ကျင့်ရန် လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်း ထားပါတယ်။ ဒီကဏ္ဍပါ အကြောင်းအရာများကို လေ့လာသွားခြင်းဖြင့် နောက်ဖြေဆိုရမည့် Grammar and vocabulary exam မှာ အမှတ်ကောင်းကောင်းရနိုင်မှာ ဖြစ်ပါတယ်။

Tuesday, January 26, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၉)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၉)
  • Posted by Myanmar Network Forum Moderator3 on February 14, 2014 at 17:20
  •  
  • အများထဲမှ အဖြေမှန်ကို ရွေးထုတ်ခြင်း (Multiple Choice)

    ရွေးချယ်စရာတွေထဲမှာ ဆင်တူရိုးမှားအဖြေနှစ်ခုပါနေပါက ဒီမေးခွန်းပုံစံမျိုးဟာ လွယ်တယ်လို့ မြင်ရပေမဲ့ ခက်တတ်ပါတယ်။ ဒီမေးခွန်းပုံစံကို ကောင်းကောင်းဖြေဆိုနိုင်ရန်အတွက် အောက်ပါအကြံပြုချက်များကို လေ့လာ ကြည့်ပါ။

Monday, January 25, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၈)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၈)
  • Posted by Myanmar Network Forum Moderator3 on February 11, 2014 at 12:28
  •  
  • စာပိုဒ်ဖတ်နေစဉ်အတွင်း (While you read)

    Reading exam မှာ စာဖတ်ပုံ ဖတ်နည်းနဲ့ မဂ္ဂင်း၊ web page (သို့) စာအုပ်တစ်အုပ်ကို ဖတ်ပုံဖတ်နည်းဟာ လွန်စွာမှ ကွဲပြားပါတယ်။ ယခုဖော်ပြမဲ့အချက်တွေသည် စာမေးပွဲက စာပိုဒ်တွေကို မှန်ကန်တဲ့နည်းနဲ့ ဖတ်နိုင်အောင်၊ အတတ်နိုင်ဆုံးအမှတ်ကောင်းကောင်းရနိုင်အောင် အထောက်အပံ့ပေးမဲ့ အကြံပြုချက်တွေဖြစ်ပါတယ်။

Sunday, January 24, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)
အဖတ်စွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Reading Exams)
ဒီကဏ္ဍမှာတော့ reading exams များနှင့် သက်ဆိုင်သော အကြံပြုချက်များကို ဖော်ပြထားပါတယ်။ ဒီအကြံပြုချက်တွေကို ဖတ်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်သွားမယ်ဆိုရင် နောက်တစ်ခါ reading exam ဖြေဆိုရတဲ့အခါ သင့်အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်နေပါလိမ့်မယ်။ စာကို လက်လှမ်းမှီသမျှ ဖတ်နိုင်သမျှ ဖတ်ခြင်းသည် သင့်ရဲ့စာဖတ်စွမ်းအားကို မြင့်မားစေပါတယ်ဆိုတာကို မမေ့ပါနှင့်။ ဒါကြောင့် ၀က်(ဘ)စာမျက်နှာတွေ (web pages)၊ မဂ္ဂဇင်းတွေ၊ ကာတွန်းစာအုပ်တွေ၊ ရုပ်ပုံပါတဲ့ ၀တ္ထုစာအုပ်တွေ (graphic novels) နှင့် သီချင်းစာသား တွေကို ဖတ်ခြင်းသည် ကောင်းသော လေ့ကျင့်မှုများဖြစ်ပါတယ်။

Saturday, January 23, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၆)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၆)
  • Posted by Myanmar Network Forum Moderator3 on January 23, 2014 at 17:20
  •  

  •  အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams)

ဒီကဏ္ဍမှာတော့ ကျောင်းသားအများစု ကြောက်ကြတဲ့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့ စာမေးပွဲများ (Speaking exams)ဖြေဆိုနိုင်ရန် ပြင်ဆင်ရာတွင် အထောက်အပံ့ဖြစ်စေမဲ့ အကြံပြုချက်များကို တင်ပြမှာဖြစ်ပါ တယ်။ ဒီအကြံ ပြုချက်တွေဟာ သင့်ကို ဘယ် speaking exam မှာ မဆို ဖြစ်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်နိုင်ရန် အကူအညီပေးမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ စာမေးပွဲတွေမှာ အထူးသဖြင့် နှုတ်ဖြေစာမေးပွဲတွေမှာ စိတ်လှုပ်ရှား တတ်ကြတာ ဓမ္မတာပါ။ ယခုဖော်ပြမဲ့ အကြံပြုချက်တွေကတော့ နှုတ်ဖြေ ဖြေတဲ့အခါ သင့်ကိုယ်သင် ပိုပြီး ယုံကြည်ချက်ရှိ အောင်ကူညီပေးမှာဖြစ်ပါတယ်။

Friday, January 22, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)
  • Posted by Myanmar Network Forum Moderator3 on January 20, 2014 at 15:
  •  
  •  အကြားစွမ်းရည်စစ်ဆေးသည့် စာမေးပွဲများ (Listening Exams) - 
    နားထောင်ပြီးနောက် (After you listen)
နားထောင်ခြင်း အဆုံးသတ်သွားတဲ့အခါမှာ စာမေးပွဲပြီးသွားပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမှတ်အနည်းငယ်ပိုရနိုင်ရန်အတွက် လုပ်နိုင်တဲ့ အချက်တွေရှိနေပါသေးတယ်။

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)
နားထောင်နေစဉ်အတွင်း (While you listen)

စာပိုဒ်ကို နားထောင်နေတဲ့အခါ 100% အာရုံစိုက်ဖို့ လိုပါတယ်။ ဒီအချိန်ဟာ ပြူတင်းပေါက်အပြင်ဖက်ကို ငေးကြည့်ဖို့ (သို့) နေ့လယ်ထမင်းစားချိန်မှာ ဘာစားရရင်ကောင်းမလဲဆိုတာကို စဉ်းစားနေဖို့ အချိန်မဟုတ်ပါဘူး။ တကယ်နားထောင်ရမဲ့ စာပိုဒ်ကို ဖွင့်ပြချိန်သည် လွန်စွာမှ တိုတောင်းလှအတွက် သင့်အာရုံကို စာမေးပွဲပေါ်မှာပဲ စူးစိုက်ထားရမှာဖြစ်ပါတယ်။