Sunday, January 31, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)
  • Posted by Myanmar Network Forum Moderator3 on March 18, 2014 at 11:08
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များ (Tips to remember words)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်။
  • စနစ်ကျသော ဝေါဟာရ မှတ်စုစာအုပ်ကိုထားပါ။
  • ထိုဝေါဟာရများကို (၂၄)နာရီကြာပြီး၊ ရက်သတ္တ(၁)ပတ်ကြာပြီး၊ တစ်လကြာပြီးတဲ့အခါမှာ နောက်တစ်ကြိမ် ပြန်ကြည့်ပါ။

Saturday, January 30, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)
  • Posted by Myanmar Network Forum Moderator3 on March 11, 2014 at 11:28
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 
    ဘယ်လိုစာလုံးပေါင်းသလဲ ? (How do you spell it)

    Vocabulary exam တွေမှာ စာလုံးပေါင်းမှန်ခြင်းဟာလည်း အမှတ်ပိုရနိုင်စေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အင်္ဂလိပ်စကား လုံးတွေကို ပေါင်းရတာဟာခဲရာခဲဆစ် (tricky)နိုင်တတ်ပါတယ်။ ဒါကြောင့်မို့လို့  ဝေါဟာရတွေကို သင်ယူရင်းနဲ့  တစ်ချိန်တည်းမှာပဲ သူတို့ရဲ့  စာလုံးပေါင်းတွေကို ပါကျက်မှတ်ပါ။

Friday, January 29, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)
  • Posted by Myanmar Network Forum Moderator3 on March 4, 2014 at 10:55
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 

ဝါကျပုံစံပြောင်းလဲခြင်း (Sentence transformation)

ဒီလိုမေးခွန်းပုံစံများမှာဝါကျ နှစ်ကြောင်းပေးထားပါတယ်။ တစ်ကြောင်းက ပြည့်စုံ (complete)ပြီး ကျန်တစ်ကြောင်းက မပြည့်စုံ (incomplete)ပါ။ ဒုတိယ၀ါကျကို ပထမစာကြောင်းနှင့် အဓိပ္ပါယ်တူညီသော ၀ါကျဖြစ်အောင် ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။

Thursday, January 28, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)
  • Posted by Myanmar Network Forum Moderator3 on February 25, 2014 at 10:58
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

အများထဲမှ အမှန်ကို ရွေးချယ်ခြင်း (Choose the correct option)

ဝါကျထဲမှ ကွက်လပ်တွင်ဖြည့်ရန် ပေးထားသော ရွေးချယ်စရာများ (options)ထဲမှ မှန်သော အဖြေကို ရွေးချယ်ရပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကို ကောင်းစွာ ဖြေဆိုနိုင်ရန် အောက်ပါတို့ကို အကြံပြုလိုက်ရပါတယ်။
  • ရွေးချယ်မှုမပြုမီ ကွက်လပ်ထဲကို option တစ်ခုချင်းစီကို ထည့်ကြည့်ပြီး ၀ါကျကို ဖတ်ကြည့်ပါ။
  • option တစ်ခုကို ရွေးလိုက်တဲ့အခါ ထို option ဘာကြောင့် မှန်သလဲဆိုတာကို သိပါသလား? ဒီလို သိခြင်းသည် သင့်အား ဆုံးဖြတ်ချက်ချနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။

Wednesday, January 27, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)
  • Posted by Myanmar Network Forum Moderator3 on February 19, 2014 at 18:15
  •  

  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဒီကဏ္ဍမှာတော့ သဒ္ဒါ(Grammar)နှင့် ဝေဟာရဆိုင်ရာ စာမေးပွဲများ ဖြေဆိုရန်အတွက် ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းများနှင့်ပတ်သက်လို့ အကြံပြုချက်များ တင်ပြသွားမှာဖြစ်ပါတယ်။ ဝေါဟာရသစ်များ သင်ယူပုံ၊ သဒ္ဒါတည်ဆောက်မှုများ သင်ယူပုံနှင့် သက်ဆိုင်သော အကြံပြုချက်များအပြင် အမျိုးမျိုးသော စာမေးပွဲနှင့် စစ်ဆေးမှု များအတွက် သီးခြားအကြံပြုချက်များကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။
    ဒါ့အပြင် သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများအတွက် လေ့ကျင့်ရန် လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်း ထားပါတယ်။ ဒီကဏ္ဍပါ အကြောင်းအရာများကို လေ့လာသွားခြင်းဖြင့် နောက်ဖြေဆိုရမည့် Grammar and vocabulary exam မှာ အမှတ်ကောင်းကောင်းရနိုင်မှာ ဖြစ်ပါတယ်။

Tuesday, January 26, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၉)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၉)
  • Posted by Myanmar Network Forum Moderator3 on February 14, 2014 at 17:20
  •  
  • အများထဲမှ အဖြေမှန်ကို ရွေးထုတ်ခြင်း (Multiple Choice)

    ရွေးချယ်စရာတွေထဲမှာ ဆင်တူရိုးမှားအဖြေနှစ်ခုပါနေပါက ဒီမေးခွန်းပုံစံမျိုးဟာ လွယ်တယ်လို့ မြင်ရပေမဲ့ ခက်တတ်ပါတယ်။ ဒီမေးခွန်းပုံစံကို ကောင်းကောင်းဖြေဆိုနိုင်ရန်အတွက် အောက်ပါအကြံပြုချက်များကို လေ့လာ ကြည့်ပါ။

Monday, January 25, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၈)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၈)
  • Posted by Myanmar Network Forum Moderator3 on February 11, 2014 at 12:28
  •  
  • စာပိုဒ်ဖတ်နေစဉ်အတွင်း (While you read)

    Reading exam မှာ စာဖတ်ပုံ ဖတ်နည်းနဲ့ မဂ္ဂင်း၊ web page (သို့) စာအုပ်တစ်အုပ်ကို ဖတ်ပုံဖတ်နည်းဟာ လွန်စွာမှ ကွဲပြားပါတယ်။ ယခုဖော်ပြမဲ့အချက်တွေသည် စာမေးပွဲက စာပိုဒ်တွေကို မှန်ကန်တဲ့နည်းနဲ့ ဖတ်နိုင်အောင်၊ အတတ်နိုင်ဆုံးအမှတ်ကောင်းကောင်းရနိုင်အောင် အထောက်အပံ့ပေးမဲ့ အကြံပြုချက်တွေဖြစ်ပါတယ်။

Sunday, January 24, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)
အဖတ်စွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Reading Exams)
ဒီကဏ္ဍမှာတော့ reading exams များနှင့် သက်ဆိုင်သော အကြံပြုချက်များကို ဖော်ပြထားပါတယ်။ ဒီအကြံပြုချက်တွေကို ဖတ်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်သွားမယ်ဆိုရင် နောက်တစ်ခါ reading exam ဖြေဆိုရတဲ့အခါ သင့်အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်နေပါလိမ့်မယ်။ စာကို လက်လှမ်းမှီသမျှ ဖတ်နိုင်သမျှ ဖတ်ခြင်းသည် သင့်ရဲ့စာဖတ်စွမ်းအားကို မြင့်မားစေပါတယ်ဆိုတာကို မမေ့ပါနှင့်။ ဒါကြောင့် ၀က်(ဘ)စာမျက်နှာတွေ (web pages)၊ မဂ္ဂဇင်းတွေ၊ ကာတွန်းစာအုပ်တွေ၊ ရုပ်ပုံပါတဲ့ ၀တ္ထုစာအုပ်တွေ (graphic novels) နှင့် သီချင်းစာသား တွေကို ဖတ်ခြင်းသည် ကောင်းသော လေ့ကျင့်မှုများဖြစ်ပါတယ်။

Saturday, January 23, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၆)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၆)
  • Posted by Myanmar Network Forum Moderator3 on January 23, 2014 at 17:20
  •  

  •  အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams)

ဒီကဏ္ဍမှာတော့ ကျောင်းသားအများစု ကြောက်ကြတဲ့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့ စာမေးပွဲများ (Speaking exams)ဖြေဆိုနိုင်ရန် ပြင်ဆင်ရာတွင် အထောက်အပံ့ဖြစ်စေမဲ့ အကြံပြုချက်များကို တင်ပြမှာဖြစ်ပါ တယ်။ ဒီအကြံ ပြုချက်တွေဟာ သင့်ကို ဘယ် speaking exam မှာ မဆို ဖြစ်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်နိုင်ရန် အကူအညီပေးမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ စာမေးပွဲတွေမှာ အထူးသဖြင့် နှုတ်ဖြေစာမေးပွဲတွေမှာ စိတ်လှုပ်ရှား တတ်ကြတာ ဓမ္မတာပါ။ ယခုဖော်ပြမဲ့ အကြံပြုချက်တွေကတော့ နှုတ်ဖြေ ဖြေတဲ့အခါ သင့်ကိုယ်သင် ပိုပြီး ယုံကြည်ချက်ရှိ အောင်ကူညီပေးမှာဖြစ်ပါတယ်။

Friday, January 22, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)
  • Posted by Myanmar Network Forum Moderator3 on January 20, 2014 at 15:
  •  
  •  အကြားစွမ်းရည်စစ်ဆေးသည့် စာမေးပွဲများ (Listening Exams) - 
    နားထောင်ပြီးနောက် (After you listen)
နားထောင်ခြင်း အဆုံးသတ်သွားတဲ့အခါမှာ စာမေးပွဲပြီးသွားပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမှတ်အနည်းငယ်ပိုရနိုင်ရန်အတွက် လုပ်နိုင်တဲ့ အချက်တွေရှိနေပါသေးတယ်။

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၄)
နားထောင်နေစဉ်အတွင်း (While you listen)

စာပိုဒ်ကို နားထောင်နေတဲ့အခါ 100% အာရုံစိုက်ဖို့ လိုပါတယ်။ ဒီအချိန်ဟာ ပြူတင်းပေါက်အပြင်ဖက်ကို ငေးကြည့်ဖို့ (သို့) နေ့လယ်ထမင်းစားချိန်မှာ ဘာစားရရင်ကောင်းမလဲဆိုတာကို စဉ်းစားနေဖို့ အချိန်မဟုတ်ပါဘူး။ တကယ်နားထောင်ရမဲ့ စာပိုဒ်ကို ဖွင့်ပြချိန်သည် လွန်စွာမှ တိုတောင်းလှအတွက် သင့်အာရုံကို စာမေးပွဲပေါ်မှာပဲ စူးစိုက်ထားရမှာဖြစ်ပါတယ်။

Wednesday, January 20, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၃)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၃)
  • Posted by Myanmar Network Forum Moderator3 on January 10, 2014 at 15:56
  •  
  • ­­­အကြားစွမ်းရည်စစ်ဆေးသည့် စာမေးပွဲများ (Listening Exams)

ဒီကဏ္ဍမှာတော့ အကြားစွမ်းရည်ကို စစ်ဆေးတဲ့ စာမေးပွဲများ (listening exams)နှင့် ပတ်သက်တဲ့ အကြံပြုချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Listening exams တွေကြောင့် စိတ်ဖိစီးမှုခံစားနိုင်သလို ၄င်းတို့အတွက် ပြင်ဆင်မှုကိုလည်း သိပ်မလုပ်နိုင်ဘူးလို့ ခံစားနိုင်ပါတယ်။ ဒီအကြံပြုချက်တွေကို လေ့လာပြီးတဲ့ နောက် ဒီလို listening exam တွေကို ဖြေဆိုတဲ့အခါမှာ ပိုကောင်းတဲ့ အမှတ်တွေရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေကို သိရှိလာမှာ ဖြစ်ပါတယ်။

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂)
  • Posted by Myanmar Network Forum Moderator3 on January 6, 2014 at 11:00
  •  

  • နံနက်စောစောထသူနှင့် ညဥ့်နက်မှ အိပ်သူ (Early bird and night owl)

    သင့်ကိုယ်သင်ဘယ်လိုအချိန်မျိုးမှာ စာကျက်ရတာ ပိုအားကောင်းတယ်ဆိုတာကို သိထားတာက အကျိုးရှိပါတယ်။ တချို့သော သူများက နံနက်စောစောထပြီး စာကျက်မှတ်ရတာ ပိုအားသန်ကြသလို တချို့သော သူများကလည်း နေ့လည်(သို့) ညဥ့်နက်နက်မှာ ကျက်မှတ်ရတာကို အားသန်ကြပါတယ်။ ထို့ကြောင့် သင့်ရဲ့စာကျက်ချိန်ကို သင့်ရဲ့အကောင်းဆုံး အခြေအနေနဲ့ နိုးနိုးကြားကြားရှိတဲ့အချိန်ကို သတ်မှတ်ပါ။

Monday, January 18, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁)
  • Posted by Myanmar Network on December 27, 2013 at 11:07
  •  
  • စာမေးပွဲမတိုင်မီ (Before the exam)

    စာမေးပွဲတစ်ခုဖြေဆိုရန်အတွက် ကောင်းကောင်းပြင်ဆင်နိုင်ရန် လုပ်နိုင်တဲ့အရာတွေ များစွာရှိပါ တယ်။ များများပြင်ဆင်လေ စာမေးပွဲဖြေနေစဉ်အတွင်း စိတ်ရောကိုယ်ပါ သက်သောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ အခုပြောပြမဲ့ အကြံပြုချက်လေးတွေကို လိုက်နာကြည့်လိုက်ပါ။ ပြီးတော့ သင့်မှာ နောက်ထပ် အကြံကောင်းလေးတွေရှိရင်လည်း မျှဝေပေးစေလိုပါတယ်။

Saturday, January 2, 2016

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "




သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "
=================================
   ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ခြေထောက်နှစ်ဖက်လုံး     ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊အပူငွေ့တွေ လာရိုက်တော့တာပေါ့ ။ ။ ။