Friday, October 21, 2016

Myanmar NAVY SEAL တပ်ဖွဲ့ဝင်ဖြစ်ချင်ပါသလား?

Myanmar NAVY SEAL တပ်ဖွဲ့ဝင်ဖြစ်ချင်ပါသလား?
 
လိုအပ်သည်များ၊ သင်တန်းအကြောင်းအနှစ်ချုပ် နှင့် ဆက်သွယ်ရန်လိပ်စာ
Navy Seal သင်တန်းတတ်ရန်လိုအပ်သည်များ
***************************
မြန်မာ Navy Seal တပ်ဖွဲ့ဝင်ဖြစ်ဖို့ Navy seal ထဲကို ဒါရိုက်တန်းဝင်လို့မရပါဘူး
အရင်ဆုံး ရေတပ်စုဆောင်းရေးကို အရင်သွားရပါမယ်
လိုအပ်တဲ့ စာရွက်စာတမ်းက ..
၁။ (၁၀) တန်းအောင်လက်မှတ်
၂။ မိဘ သဘောတူညီချက်
၃။ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ
၎။ ကာယကံရှင် မှတ်ပုံတင် မိတ္တူ
၅။ ကျောင်းထောက်ခံချက်
၆။ ရဲစခန်းထောက်ခံချက်
၇။ ရပ်ကွက်ထောက်ခံချက်တို့လိုပါတယ်။
ပြီးရင်ရေတပ်စုဆောင်းရေးမှ တဆင့် စစ်အခြေခံ (၄) လ တက်ရောက်ပြီး
မိမိလိုချင်တဲ့ ရေတပ်က ပညာသည်အုပ်စုကို လျှောက်ရပါမယ် ပည(ပညာသည်)အုပ်စုရတာနဲ့
ရေတပ်လေ့ကျင့်ရေးကြောင်းမှာ ပညာသည်အုပ်စုရဲ့ သင်တန်းကို လအလိုက် လေ့ကျင့်သင်ကြားပေးပြီး အခု Navy Seal မရခင် (က)ရေငုပ်သင်တန်း စတက်ရပါတယ်
ရေငုပ်သင်တန်းအောင်လက်မှတ်ရရင်တော့
(ခ) နောက်ထက် လေးထီးခုန်သင်တန်းထက်တက်ရပါတယ်
ထိုသင်တန်းတွေကို အောင်မြင် ပြီးရင်တော့ Navy Seal တပ်ဖွဲ့ဝင်အဖြစ်ရပါပြီ။
ကန့်သတ်ချက်။ ။
·အရပ် ၅ ပေကျော်။
·အသက် ရေငုတ်သင်တန်းတတ်ချိန်မှာ သင့်အသက်က ၂၅ မကျော်ရပါဘူး။
မျက်နှာ၊ လည်ပင်း၊ လက်ဖမိုးစသော သိသာထင်ရှားသော နေရာတွေမှာ ဆေးမှင်ကြောင်ရှိနေသောသူ မရပါဘူး။
ရေတပ်သားဘဝမှ Navy SEALS ဖြစ်ရန်အမြန်ဆုံးကြာချိန်
***********************************
ရေတပ်စုဆောင်းရေးမှာ တပ်သားဖြစ်ပြီဆိုလျှင် စစ်အခြေခံ ၄ လခွဲရေတပ်ဆိုင်ရာအကျွမ်းဝင်မှု့ ၁ လ
ပညာသည်အုပ်စုသင်တန်းက ၄၊၅ လအဲ့ဒါတတ်ပြီးရင် ရေတပ်သားဖြစ်ပြီး တပ်တွေကိုလွှတ်လိမ့်မယ်
တပ်ရောက်တာနဲ့ ရေငုတ်သင်တန်းခေါ်ပြီအဲ့ဒီမှာစာရင်းပေးရေငုတ် ၃ လ ခွဲ တတ်
အောင်ရင်လေထီးခုန် ၃ လ အောင်ရင် Navy Seals ဖြစ်ပြီစုစုပါင်း အချိန် ၁ နှစ်ခွဲခန့်ပါ။
စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင်ရန်ကုန်သံလျှက်စွန်းဧရာဝတီရေတပ်စခန်းဌာနချုပ် ရှိ ရေတပ်စုဆောင်းရေးသို့ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ် :-)
ဤစာသားအတွက်
credit; ဇင်ယော်မောင်
Navy Seal သင်တန်းအကြောင်း
********************
ငရဲသားတို့ ရဲ့ ငရဲရက်သတ္တပတ် (Hell Week)
=========================
Navy Seal ဆိုတဲ့ ရေတပ်အထူးတိုက်ခိုက်ရေးသင်တန်းဟာ US Navy Seal သင်တန်းအတိုင်းတိုက်ရိုက်
ယူထားပါတယ်..နာရီပေါင်း ၁၂၀ တိတိမအိပ်မနားတက်ရတဲ့သင်တန်းပေါ့..အရင်တုန်းက (၁) ပတ်တိတိပါ
သင်တန်းကာလမှာပင်ပန်းပြီးတချို့ကိုယ့်နာမည်ကိုယ်မမှတ်ထိတဲ့အထိဖြစ်ကြလို့ (၂) ရက်ပြန်လျော့
ထားပါတယ်..
Before Hell Week
============
ငရဲပတ်မစခင်တစ်လလောက်ကြံခိုင်မှုရှိအောင်မောင်းတယ်မနက် ၅ နာရီမှာ ၃ မိုင်မနားတမ်းပြေးရတယ်
လမ်းလျောက်ခွင့်မရှိ ရေငုပ်သင်တန်းမှာအကြောလျော့လေ့ကျင့်ခန်း အမျိုး (၃၀) ရှိတယ်
အကြောလျော့လုပ်ပြီးတိုင်းလက်ထောက် ၃၀အိပ်ထမတင် ၃၀ လုပ်ရတယ်..
အမျိုး ၃၀ လုံးပြီးမှptနားရတယ်မနက်စာအဖြစ်ထမင်းကြော် ကြက်ဥပြုတ်နစ်လုံး
လဘက်ရည်ရပါတယ်မနက် ၈ နာရီမှာတော့ရေကူးဖို့အတွက်အမျိုး (၃၀) စလုံးနဲ့
အကြောပြန်လျော့ရပါတယ် ...
ရေကူးရာမှာလည်းအခြားသင်တန်းများနင့်မတူပေ ...အပြင်မှာသင်တာက အမြန်ကူး ...
အခု Training မှာက တာဝေးကူးရေယက်တဲ့အသံမကြားအောင်ကူးရတယ် ...
ကြားရင် နည်းပြကရေလိုက်နစ်တယ် ...နည်းပြကိုယ်တိုင်လည်း ရေထဲမှာပဲနေပါတယ်
ရေကူးကို ကိုယ်ဖော့စသင်ပါတယ်ပက်လက်ဖော့ခြင်းဖြစ်ပြီး လှုပ်ရှားမှုသိပ်မရှိပေ
ရေထဲမှာအိပ်နေသလိုနှင့်တူတယ်ရင်ဘတ်ပေါ်ရေဘူးတင်ပြီးငြိမ်အောင်ထားရတယ်
ပက်လက်ကူး၊ တစောင်းကူး၊ ဖားကူး အကုန် သင်ရပါတယ်မနက်ပိုင်းမီတာ၂၀၀၀ မနားတမ်းကူးရတယ်
လေ့ကျင့်ေ ရးကွင်းကတော့ပင်လယ်ကြီးပင်အခြားသင်တန်းတွေလိုရေကူးကန်မဟုတ် ...
လူတစ်ယောက်ရေနစ်ရင် ၂ ခါပေါ်ပြီးမှသာနည်းပြကလာဆယ်တယ်
လူတစ်ယောက်ရေနစ်ရင် ၃ ခါသာပေါ်တယ်နေ့လည်၁၂နာရီထမင်းစားနားရပါတယ်
ချက်ပြီးသားအသားကို ၁၀ သားပြည့်အောင်ချိန်ခွင်နှင့်ချိန်ပြီးကျွေးပါတယ်
စားသောက်မှုပုံစံတွေကိုဆရာဝန်ကသေချာညွှန်ကြားပြီး ညွှန်ကြားချက်နဲ့အညီကျွေးပါတယ်.
သင်တန်းကိုနေ့လည် ၁ နာရီမှာပြန်စပြီး ၃ နာရီမှာပြီးပါတယ်
၎ နာရီမှာ pt ပြန်စပါတယ် ...၂ မိုင်မနားတမ်း ...
2nd week မှာ၎မိုင် ...
3rd week မှာ၈မိုင် ...
4th Weekမှာ ၁၂ မိုင်ပြေးရပါတယ် ...
အပတ်စဉ် fri day မှာစံချိန်ယူတယ်
၁ မိုင်ကို ၈ မိနစ် ဝင်အောင်ပြေးရတယ် ...
မဝင်ရင် ... စနေ တနင်္ဂနွေမှာပြေးရတယ်..
ဆေးအောင်မှဝင်ရပါတယ်
ကိုယ်တိုင်းလည်း ဆန္ဒ ပြုရပါတယ် ...
အခန့်မသင့်ရင် သေ နိုင်ပါတယ်
hell week မဝင်ချင်လို့ငြင်းရင်လည်း
ငြင်းခွင့်ရှိပါတယ် ...
အရေးယူမခံရပါ။
Hell Week
=======
Sunday ည ၁၂ နာရီမှာ သင်တန်းမှူး ကသေနတ်ဖောက်အမှာစကားပြောပြီး လေ့ကျင့်ခန်းစတယ်
ရာဘာလေထိုးလှေတစ်စီးကို Crew ၇ ယောက်နဲ့ဖွဲ့စည်းထားတယ် ... လှေကိုထမ်းလိုက်တက်မကိုင်တဲ့ လူကတာဝန်အရှိဆုံးပေါ့
ရွက်လိုက်နဲ့ ၁၃ မိုင်လျောက်ရပါတယ် ...
ကြားထဲမှာtower jump ခုန်ရတယ် ...
၁၅ ပေအမြင့်ကနေ ခုန်ရပါတယ်
နည်းစနစ်မမှန်မခြင်း အကြိမ်ကြိမ်ခုန်ရတယ်
tower jump ခုန်ပြီးတာနဲ့ ရေခဲရေနာရီဝက်လောင်းတယ်
မနက် ၅ နာရီလောက်မှာ ၁၃ မိုင်ပြည့်တယ်
pt တစ်ခါတည်းတန်းဆင်း နာရီ ၁၂၀ လုံး uniform ဖိနပ်တစ်စုံထဲဘဲလဲခွင့်မရှိ
ညတိုင်း (၂) နာရီလောက်မှာထမင်းကျွေးတယ်
လမ်းလျောက်ရင်းလည်းစားရပါတယ် ...
မနက် pt ပြီးတော့ breakfast စားပြီးတာနဲ့ ပြိုင်ပွဲတွေဆက်လုပ်ရပါတယ်
လှေအဖွဲ့လိုက်ပြိုင်ရတာ ရှူံး တဲ့အဖွဲ့က ပိုပင်ပန်းတာပေါ့
၁၀ နာရီလောက်ကြတော့ ရွံပုတ်တွေနဲ့ပြည့်နေတဲ့
လယ်ကွင်းကိုချီတက်ပြီး လယ်ကွင်းထဲမှာပြိုင်ပွဲလုပ်ပြီး
ပေအောင်လုပ်ရပါတယ် မီးရထားတွဲလိုရှေ့နောက်တစ်ယောက်ခါးကို တစ်ယောက်ကိုင် ဖင်ထိုင်ရက်
သွားတာတို့ အဖွဲ့လိုက်ပြိုင်ပြီးဂျွမ်းထိုးတာတို့ ကျားသစ် ချောင်းတက်တာတို့ပြိုင်ရပါတယ်။
ဒီပြိုင်ပွဲကို Training တွေက နည်းပြပေါ်မှာမူတည်ပါတယ်
နည်းပြများဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းကို
ကိုယ်တိုင်ကြပ်မတ်ကြလို့ ငရဲမင်းများလို့တောင်တင်စားခေါ်ကြပါတယ် ...
ရေသောက်ချင်တာဘဲဖြစ်ဖြစ်အပေါ့အလေးသွားချင်တာဘဲဖြစ်ဖြစ် ငရဲမင်းဆီမှာ
ခွင့်တောင်းရပါတယ် ငရဲမင်းကလည်းအလကားဘာမှ မပေး
ဖားခုန် အခါ ၅၀ ဒိုက်ထိုး၅၀ စသည်ဖြင့်ငရဲပြည်မှာဘာတစ်ခုမအလကားမရလို့ ဒါဏ်ပေးတဲ့နည်းနဲ့
အကြိမ်ရေအတွက်ကို ငရဲမင်းဆုံးဖြတ်ချက်ပေါ်မူတည်ပြီးမှ
ရေသောက်ခွင့်၊ အိမ်သာသွားခွင့်ရှိပါတယ်ရွံလူးထားလို့ညစ်ပတ်နေတဲ့အတိုင်းဘဲ စားရပါတယ်
နွေရာသီဆို ရွှံပုတ်နံ့ကို တော်တော်ခံရပါတယ်ထမင်းစားလို့လူကလှုပ်ရင် ရွှံတွေကကွာပြီး ပန်ကန်ထဲကျ
ဒါမှမစားရင်စားစရာမရှိလို့ ဗိုက်ဆာဆာနဲ့ကြိတ်မှိတ် စားရပါတယ်
ထမင်းစားပြီးနာရီဝက်ထိုင်ပြီးနားရတယ် နားချိန်မှာ အိပ်မငိုက်အောင် ငရဲမင်းတွေက ကာရာအိုကေဆိုခိုင်းပါတယ် လှော်တက်ကငရဲသားတွေအတွက် စပါယ်ရှယ် မိုက် ပေါ့ ...
ပြီးတာနဲ့ရေကူးပြိုင်ပွဲစရပါတယ်တောစီးဖိနပ်အလေးကြီးနဲ့ရေကူးပြိုင် လှေလှော်ပြိုင်
ရေနက်ပိုင်းမှာတန်းစီရပါတယ် ...
ညနေသုံးနာရီခွဲရင် အဆာပြေကျွေးပါတယ် ပြီးရင်ptပြေး ...
ညနေ (၆) နာရီဆိုရင်တော့ ညပိုင်းတာဝန်ကျတဲ့ငရဲမင်းဂျူတီချိန်းပါတယ်
ညပိုင်းမှာ ငရဲမင်း (၇) ယောက်လောက်တာဝန်ယူရပါတယ် ...
ညပိုင်းမှာလှေလှော် လမ်းလျောက် စသဖြင့်မျိုးစုံလုပ်ရပါတယ် ...
လမ်းလျှောက် ရင်လည်းလှေကိုထမ်းပြီး ငရဲမင်းကထမ်းထားတဲ့လှေပေါ်မှာ ထိုင်လိုက်ပါတယ်
ပြုတ်ကျလို့မရပေ ...
အနည်းဆုံးမိုင် (၂၀) ခရီးကိုတစ်ညလုံးလျောက်ရပါတယ် ...
ညနေ (၆) နာရီကနောက်နေ့မနက် (၅) နာရီ ခွဲ ထိ ...
ညလယ်စာကိုလမ်းက ရွာတွေမှာ ငရဲမင်းတွေက အဆင်ပြေသလိုစီစဉ် ပေးပါတယ်
လမ်းမှာလည်းအချိန်ကြာလို့မရ
မနက် (၅) ခွဲအမှီ တပ်ကိုပြန်ရပါတယ် ...
(၅) ရက်လုံးအဲ့ဒီလိုဆက်တိုက်လုပ်ရပြန်တယ် ...
မနာရ၊မအိပ်ရ
ရေမချိုးရ.အဝတ်မလဲရ ...
(၃) ရက်မြောက်လောက်ဆို
လူတွေကနည်းနည်းဂေါက်လာပြီး ...
ကြားချင်တာကြားမြင်ချင်တာတွေမြင်လာပါတယ် ...စိတ်လွတ်လာပေမယ့်
ငရဲမင်းခိုင်းတာတွေကို ဘယ်သူမှ မလွတ်အောင်လိုက်လုပ်ရင်း ကိုယ့်စိတ်ကိုထိန်းရပါတယ် ...
သင်တန်းရဲ့နောက်ဆုံး ဆန်းစစ်မှာ ရေ (၄) မိုင်ကူးရပါတယ်
တာဝေး (၂၆) မိုင်ပြေးရပါတယ်. ..
၂၆ မိုင်ကို ၅ နာရီနဲ့ ၆ နာရီကြားမှာရအောင်ပြေးရပါတယ်။
After Hell Week
===========
Hell Week ပြီးမှဆိုင်ရာသင်တန်းသားအဖြစ်
သတ်မှတ်ပါတယ် အထူးတိုက်ခိုက်ရေးသင်တန်းကို
(၄) လကြာအောင်တက်ရပါတယ် ...
သင်တန်းဆင်းပွဲကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်တိုင် ဆင်းပေးပါတယ် ...
ဘယ်ဘက်ရင်အုံကို တံဆိပ်ကဆူးနဲ့ စိုက်ဝင်အောင်ဖိနှိပ် တပ်ဆင်ပေးပြီးရင်တော့ ...
သင် နေဗီဆီးလ် ဖြစ်ပြီပေါ့ဗျာ!
ဤစာသားအတွက် Credit: သီ ဟ ဆန်း မြင့် ထွန်း
မေနှင်းသိသလောက်
ပြင်းထန်လွန်းသော လေ့ကျင့်ရေးသင်ခန်းစာတွေကြောင့် အသက်ဆုံးရှုံးမှု့ရှိမယ်။
ထိုသင်တန်းကိုတတ်မယ်ဆို သဘောတူကြောင်းလက်မှတ်ထိုးပြီးမှ တတ်ခွင့်ရှိတာပါ။
လေ့ကျင့်ရင်းသေနိုင်သော ငရဲရက်သတ္တပတ် သင်တန်းကို ရဲရဲတောက် ပင်လယ်ဖျံတွေသာ ပြီးမြောက်တာပါ။
မြန်မာပြည်၏ ရဲရဲတောက်ပင်လယ်ဖျံများကို ကြိုဆိုလျှက်

မေနှင်းခါးခါး
( ၁၈.၁၀.၂၀၁၆ )
photo credit

No comments:

Post a Comment