Thursday, December 31, 2015

တကယ်လို့ တစ်နေ့နေ့မှာ သင်အခွင့်အရေးမရှိခဲ့ရင်


တကယ်လို့ တစ်နေ့နေ့မှာ သင်အခွင့်အရေးမရှိခဲ့ရင်
---------------------------------------------------------------
ဒီကနေ့ခေတ်မှာ......
ကျွန်တော်တို့ရဲ့နေအိမ်တွေ ကြီးသထက် ကြီးလာကြတယ်၊
ဒါပေမယ့် မိသားစုဝင်တွေ နည်းသထက်နည်းသွားကြတယ်။
စားဝတ်နေထိုင်ရေးတွေ အဆင်ပြေသထက် ပြေလာကြတယ်၊
ဒါပေမယ့် အချိန်တွေ နည်းသထက်နည်းသွားခဲ့တယ်။
အတန်းပညာတွေ မြင့်သထက် မြင့်လာကြတယ်၊
ဒါပေမယ့် အသိဉာဏ်တွေ နည်းသထက်နည်းသွားကြတယ်။
အသိပညာတွေ များသထက် များလာကြတယ်၊
ဒါပေမယ့် ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ နည်းသထက်နည်းသွားကြတယ်။

ညှိနိုင်းအဖြေရှာနိုင်စွမ်း


ညှိနိုင်းအဖြေရှာနိုင်စွမ်း

တခါက အဖိုးကြီး တစ်ယောက်က သူ၏ သေတမ်းစာတွင် ချန်ထားခဲ့သော နွား ၁၇ ကောင်အနက်မှ
-သားအကြီးဆုံးက တဝက်တိတိကို ယူပါ၊
-သားအလတ်က ၃ ပုံတပုံကို ယူပါ၊
-အငယ်ဆုံးသား ၉ ပုံတပုံ သာ ယူပါ၊ ဟု ရေးထားခဲ့သည်။

လက်တွေ့ တွင်မူ နွား ၁၇ ကောင်ကို အရေအတွက်အားဖြင့် အသက်မသေစေဘဲ တဝက်ဝက်ရန်

Wednesday, December 30, 2015

ဝန်ထမ်းတွေ မဖြစ်မနေဖတ်သင့်တဲ့ Post လေး


ဝန်ထမ်းတွေ မဖြစ်မနေဖတ်သင့်တဲ့ Post လေး
‪#‎၀န်ထမ်းနှင့်နတ်ပြည်‬
•••••••••••••••••••••••
မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။
သူက “ နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး
ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။
ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ရက်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ
လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက
အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။
ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။

Monday, December 28, 2015

ဌာနအတွင်းက ပိုလျှံ ၀န်ထမ်း



ဌာနအတွင်းက ပိုလျှံ ၀န်ထမ်း tongue emoticon
========================
ရေးသူ=နေဇင်လတ်

      ပုရွတ်ဆိတ်ကလေးတစ်ကောင်က အလုပ်ခွင်ကို နေ့ တိုင်းစောစောရောက်ပြီး ရောက်ရောက်ချင်းလည်း အလုပ်ကိုစပြီးလုပ်ပါသတဲ့.. ပုရွက်ဆိတ်ကလေးက ကောင်းစွာပဲ ထုတ်လုပ်မှုတွေလုပ်ပြီးပျော် ရွင်နေပါတယ်။ခေါင်းဆောင်အကြီးအမှူးဖြစ်တဲ့ ခြင်္သေ့က ပုရွတ်ဆိတ်ကလေးအနေနဲ့ ကြီးကြပ်မှုမပါပဲ အလုပ်လုပ်နေတာကိုကြည့်ပြီးအံ့သြနေရှာတယ်။ခြင်္သေ့ကြီးကတစ်မျိုးတွေးလိုက်တယ်။ကြီးကြပ်သူမပါပဲတောင် ပုရွတ်ဆိတ်ကလေးကောင်ကောင်းအလုပ်ကိုလုပ်နိုင်တယ်ဆိုတော့ တကယ်လို့ များသူ့ မှာကြီးကြပ်သူတစ်ယောက်လောက်များရှိနေမယ်ဆိုရင် ပိုပြီးအလုပ်လုပ်နိုင်မလားဆိုပြီးတွေးနေတာပါ။ ဒါနဲ့ ပဲခြင်္သေ့ကြီးက လူ့ အရင်းအမြစ်ပိုမိုဖွ့ံဖြိုးတိုးတက်လာအောင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပါတော့တယ်၊

Thursday, December 17, 2015

နေ့လည်ပိုင်းတွင် သင့်စိတ်ကို အားအင်ပြန်ဖြည့်ရန်အတွက် နည်းလမ်း (၇) သွယ်



နေ့လည်ပိုင်းတွင် သင့်စိတ်ကို အားအင်ပြန်ဖြည့်ရန်အတွက် နည်းလမ်း (၇) သွယ်
  • Posted by Betty on December 11, 2015 at 18:18
  •  
  • သင်သည် မနက်ပိုင်း စိတ်အားတက်ကြွလှုပ်ရှားတတ်သူ တစ်ဦးပင်ဖြစ်စေ၊ ညမင်းသားတစ်ဦးပင်ဖြစ်စေ၊ ထုတ်လုပ် စွမ်းအား မြင့်မားသည့် မနက်ပိုင်း အလုပ်လုပ်ဆောင်မှု သုံး၊လေးနာရီပြီးနောက် နေ့လည်ပိုင်း အပုတ်ချိန်သို့ ရောက်ရှိလာသောအခါ သင်၏ ထုတ်လုပ်နိုင်စွမ်းရည် အတိုင်းအတာကို ဆက်လက်ထိန်းထားနိုင်ရန် စိန်ခေါ်မှုများ ရှိလာသည်ဖြစ်ပါသည်။ နေ့တစ်နေ့၏ အစပိုင်းတွင် သင်၏ တီထွင်ဖန်တီးနိုင်စွမ်းရှိသော အားအင်အနှစ်များအား

လုပ်ငန်းခွင်မှာ ထားရှိသင့်သည့် ခံယူချက်များ



လုပ်ငန်းခွင်မှာ ထားရှိသင့်သည့် ခံယူချက်များ
  • Posted by Richard Michael William on December 10, 2015 at 15:51
  •  
  • အလုပ်လုပ်လျှင်
    *******************
    - ပြီးစီးအောင် လုပ်ရမည်
    - စနစ်တကျ လုပ်ရမည်
    - သေသပ်ကောင်းမွန်စွာ လုပ်ရမည်
    - လူ အချိန် ငွေ ပစ္စည်း မလေလွင့်အောင် လုပ်ရမည်
    - စေတနာထား၍ လုပ်ရမည်

Monday, December 14, 2015

ဆေးခါးရည်



ဆေးခါးရည်

၁။ မှင်တစ်စက်- ရေသန့်ထည့်ထားတဲ့ ခွက်တစ်ခွက်ထဲကျသွားတယ်၊ ရေအရောင်ပြောင်းသွားတယ်၊ သောက်လို့မရတော့ဘူး။
မှင်တစ်စက်- ပင်လယ်ထဲကျသွားတယ်၊ နဂို ပင်လယ်ရေက ပင်လယ်ရေပဲ၊ အရောင်မပြောင်းသွားဘူး။
ဆားတစ်ဆုပ်- ရေတစ်ခွက်ထဲထည့်သောက်ရင်ငန်မယ်၊ တိုင်ကီထဲထည့်သောက်ရင်မငန်တော့ဘူး.. ။ ဆားကတော့ ဒီဆားပဲ၊ သင်ဘာခွက်နဲ့ခံသောက်မလဲပဲအပေါ်မူတည်သွားတာ။