Wednesday, June 1, 2016

ဦးအေးကို (နိုင်ငံတော် သမ္မတ)

ဦးအေးကို (နိုင်ငံတော် သမ္မတ)

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတ တာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု ဆိုသည်။

ဦးအေးကိုအား ၁၉၂၁-ခု၊ စက်တင်ဘာ (၁၉)ရက်နေ့ တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အဖ ဦးဘိုးညွန့် + ဒေါ်ငွေဆိုင်တို့မှ မွေးဖွားခဲ့သည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ 

            ဦးအေးကိုသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ နိုင်ငံတော်ကောင်စီ ဒုတိယဉက္ကဋ္ဌ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၇.၇.၁၉၈၈ တွင် တာဝန်မှ အနားယူခဲ့ပြီး ၂၀၀၆-ခု၊ စက်တင်ဘာ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။ 


Source: Wikipedia

No comments:

Post a Comment