Saturday, March 19, 2022

ခင်ဦးစားချစ်ညို


 
ခင်ဦးစားချစ်ညို

ဦးချစ်ညိုသည် ကုန်းဘောင်ခေတ် ခင်ဦးမြို့စားဖြစ်သည်။ အလောင်းဘုရားကဲ့သိုပင် လက်ရုံးရည်နှင့်ပြည့်စုံ၏။ ဦးချစ်ညိုသည် ဦးအောင်ဇေယျနှင့် သင့်မြတ်မူ မရှိသောကြောင့် နောက်ဆုံးတွင် မွန်များနှင့် ပူးပေါင်းသွားသော်လည်း အင်းဝပျက်စဉ်က သူသည် အညံ့မခံဘဲ မိမိ ဇာတိချက်ကြွေ ခင်ဦးနယ်သို့ ပြန်ကာ မင်းလောင်းတစ်ဦး အနေဖြင့် တပည့်နောက်လိုက်များ သိမ်းသွင်းနေ၏။

Friday, March 18, 2022

သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး

သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး

The Seventh Prime Number
ခန္တာကိုယ်မှာ အရှက်လုံရုံ
အဝတ်တစ်စုံ ဖုံးထားတယ်

Thursday, March 17, 2022

ဝေလည်းမွှေး ကြွေလည်းမွှေး

ဝေလည်းမွှေး ကြွေလည်းမွှေး

သူနာမည် သန့်ထင်ဝေ။ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တဲ့သူတစ်ယောက်။ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ပြီး အပြင်ကဆေးတက္ကသိုလ်အမှတ်မီလို့ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်လုပ်ဖို့ဝိုင်းပြောကြပေမယ့် ဆရာဝန်လည်းလုပ်မယ်၊ စစ်သားတစ်ယောက်အဖြစ်လည်း တိုင်းပြည်ကို ကာကွယ်မယ်လို့ဆုံးဖြတ်ပြီး ပင်ပန်းလှတဲ့ တပ်မတော်ဆေးတက္ကသိုလ်ကိုရွေးခဲ့တယ်။

Wednesday, March 16, 2022

ဗိုလ်မှူး သူရ သီဟသူရ အောင်မြတ် (လေ ၁၀၄၈)

ဗိုလ်မှူး သူရ သီဟသူရ အောင်မြတ် (လေ ၁၀၄၈)

            စွမ်းရည်သတ္တိနဲ့ဆိုင်တဲ့ ဘွဲ့တံဆိပ်တွေထဲမှာ အောင်ဆန်းသူရိယဘွဲ့ဟာ အမြင့်ဆုံး။ ရတဲ့သူလည်း အတော်နည်းတယ်။ နည်းတဲ့အထဲမှာမှ သက်ရှိထင်ရှား ဆုတက်ယူနိုင်တဲ့သူဆိုလို့ ဗိုလ်ကြီးတိုက်ချွန်း တစ်ယောက်ပဲရှိခဲ့တယ်။ သူကတော့ စစ်တိုက်ဖို့သက်သက် ဘုရားသခင်က လူ့ပြည်ကို ပို့ပေးလိုက်တဲ့သူ။

Tuesday, March 15, 2022

မြန်မာ မြန်မာ ကမ္ဘာပေါ်မှာ (ဝင့်)ကြွားနိုင်စေဖိုရာ

မြန်မာ မြန်မာ ကမ္ဘာပေါ်မှာ (ဝင့်)ကြွားနိုင်စေဖိုရာ

        အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ (MILAN-2022)အခမ်းအနားသို့တက်ရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် (ဆင်ဖြူရှင်)ဟာ မတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Monday, March 14, 2022

ခွန်ဆာ မှ O 7 သို့ (၄)

ခွန်ဆာ မှ O 7 သို့ (၄)

        ယိုးဒယားတို့ရဲ့ အမြောက်စခန်းကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြတာ အများသိထားသလို ဝ (UWSA) တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ် ။ ဝ တပ်အနေနဲ့ ယိုးဒယားထဲကို ဝင်တိုက်ရာမှာ လွယ်လွယ်ကူကူ လာခဲ့ကြရတာ မဟုတ်ပါဘူး ။ သူတို့ဌာနချုပ်က အဲဒီအချိန်တုန်းက မြောက်ပိုင်း ပန်ဆန်းတခုပဲ ရှိသေးတဲ့ကာလပါပဲ ။ သူတို့ ဖြတ်သန်းလာရတဲ့ နယ်မြေဟာ တကယ်တမ်းကျတော့ SURA ကြီးစိုးရာ နယ်မြေတွေ ဖြစ်ပါတယ် ။

Sunday, March 13, 2022

ခွန်ဆာ မှ O 7 သို့ (၃)

ခွန်ဆာ မှ O 7 သို့ (၃)

                မြန်မာ့တပ်မတော်လေ ရဲ့ တန်ပြန်တိုက်စစ်အတွက် စီမံချက်ကတော့ ယိုးဒယား F 16 တစီးကို မြန်မာ F 7 လေးစီးနဲ့ တိုက်မယ်ဆိုရင် ဗျူဟာအရ အဆင့်နိမ့် မြန်မာ F 7 သုံးစီး ပျက်စီးပြီး နောက်ဆုံးတစီးက ယိုးဒယား F 16 ကို ပျက်အောင် ပစ်ချနိုင်တယ် ဆိုတဲ့ အချက်အလက်တွေ ရှာတွေ့ခဲ့ပါတယ် ။

Saturday, March 12, 2022

ခွန်ဆာ မှ O 7 သို့ (၂)

ခွန်ဆာ မှ O 7 သို့ (၂)

            ဗိုလ်ချုပ်သိန်းစိန် နဲ့ တပ်မတော်ခေါင်းဆောင်များဟာ O 7 တောင်ကုန်းအရေး နဲ့ ယိုးဒယားတို့ရဲ့ မရိုးသားမှုတွေကြောင့် ဒီဖြစ်စဥ်အတွက် ပြတ်သားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။

Friday, March 11, 2022

ခွန်ဆာ မှ O-7 သို့ (၁)

ခွန်ဆာ မှ O-7 သို့ (၁)

            ကမ္ဘာကျော် ဘိန်းဘုရင် ခွန်ဆာဆိုရင် အားလုံးသိကြပါတယ် ။ ခွန်ဆာဟာ ထိုးထွင်းဥာဏ်ရှိသူ ဖြစ်ပြီး သင်လွယ်တတ်လွယ်တဲ့ ပါရမီပါသူလည်း ဖြစ်ပါတယ် ။ အကင်းအညှာပါးနပ်ပြီး ဆက်ဆံရေးကောင်းတဲ့ ခွန်ဆာဟာ ဘိန်းဖြူချက်နည်းကို ဆရာ့ထက် လက်စောင်းထက်အောင် ချက်နိုင်တဲ့အထိ ဘိန်းဖြူလောကမှာ ဆရာကြီး တဆူဖြစ်သွားရပါတယ် ။

Thursday, March 10, 2022

အာဇာနည်အစစ်

အာဇာနည်အစစ်

ဗရုတ်ဗယက်အဖြစ်ဆုံးကာလမှာ စစ်ကိုင်းတိုင်းထဲက ကာပေါင်းကျ ရွာမှာ လူသတ် အိမ်ဖျက် နဲ့ PDF တွေ သောင်းကျန်းတဲ့အတွက် အကြမ်းဖက်ခံ မိသားစု ၁၂ စုဟာ ခိုကိုးရာမဲ့စွာ ခြေမဲ့လက်မဲ့ အသက်ဘေးလွတ်ရေးအတွက် ထွက်ပြေးခဲ့ကြရပါတယ် ။

Wednesday, March 9, 2022

နေတိုး - NATO


နေတိုး - NATO

မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့အစည်း (The North Atlantic Treaty Organization) (NATO; အသံထွက်/ˈneɪtoʊ/, NAY-toe)၊ ပြင်သစ်- Organisation du traité de I’Atlantique Nord (OTAN)၊ “(မြောက်) အတ္တလန်တစ်မဟာမိတ်” ဟုလည်း ခေါ်တွင်သည်။ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော မြောက်အတ္တလန်တစ် သဘောတူစာချုပ် အပေါ်တွင် အခြေပြုသော နိုင်ငံအစိုးရအချင်းချင်း စစ်ဘက်မဟာမိတ် ပြုထားသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။ နေတိုးရုံးချုပ်များ သည် ဘယ်(လ်)ဂျီယံ နိုင်ငံ ဘရပ်ဆယ်(လ်စ်) မြို့တွင် ရှိသည်။ အဖွဲ့အစည်းသည် စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်၍၊ အသင်းဝင်နိုင်ငံများသည် တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြရန် သဘောတူညီကြသည်။

Tuesday, March 8, 2022

ယူကရိန်းမှသည်

ယူကရိန်းမှသည်

​နောက်ခံ
​နောက်ခံ အ​ကြောင်းအရာမှာ သမိုင်း​ကြောင်းနဲ့ချီပြီး​ပြောရရင်​တော့ ဆုံးနိုင်မှာမဟုတ်လို့ လိုရင်းပဲတင်ပြပါမယ်။ ပထဝီနိုင်ငံ​ရေးအရ ယူကရိန်းဟာ ရုရှားရဲ့ လည်မျိုနဲ့တူပါတယ်။ စစ်​ရေးအရ ဥ​ရောပဘက်က ရုရှားကို တိုက်ချင်ရင် နပိုလီယံ ဟစ်တလာတို့​ခေတ်ကစပြီး ယူကရိန်းဘက်က ဝင်ခဲ့ကြတာပါ။ စီးပွား​ရေးအရလည်း ရုရှားအတွက် အဓိကကျတဲ့ ​ရေနံနဲ့ သဘာဝဓါတ်​ငွေ့ပိုက်လိုင်း​တွေ အများစုရဲ့ ဥ​ရောပထွက်​ပေါက်ပါ။

Monday, March 7, 2022

ငုံ့ခံမလား တုန့်ပြန်မလား စဉ်းစား

ငုံ့ခံမလား တုန့်ပြန်မလား စဉ်းစား

ယမန်နေ့ (၂-၃-၂၀၂၂) ရက်နေ့က NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူ အနုပညာရှင်တချို့ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ အတော်လေး ဂယက်ထသွားတယ်လို့ ပြောရပါမယ်။ ကျွန်တော်တို့တွေက ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ခဲ့ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ကို ကြိုဆိုဖို့ ဗျာများနေတဲ့အချိန်မှာ သတင်းက တက်လာတော့ ဘာမှ အကြမ်းဖက်လှုံ့ဆော်သူတွေကို အနုပညာရှင်တွေကို လွှတ်ပေးတာနဲ့ ပတ်သက်လို့ ဘာမှ ဝေဖန်ထောက်ပြခြင်းတောင် လုပ်ဖို့ မအားခဲ့ပါဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ ဝေဖန်မှုတွေနဲ့ ပလူပျံနေကြပါတယ်။

Sunday, March 6, 2022

စစ်ထွက်ယောက်ျား


စစ်ထွက်ယောက်ျား

" လူမှာယောက်ျား ဆိုစကားမှ
အများထဲမှာ စစ်သားပါကွဲ့
များစွာယောက်ျား မစွမ်းအားသည့်
သူကားစွမ်းဆောင် ပြည်ငြိမ်းအောင်လို့
အမောင်တို့လေ လေးစားနေ ။

Saturday, March 5, 2022

ယူကရိန်းလိုမမိုက်ကြနဲ့

ယူကရိန်းလိုမမိုက်ကြနဲ့

ပူတင်ဟာအာဏာရူးလွန်းလို့ ယူကရိန်းကိုကျူးကျော်နေတယ်လို့ ကမ္ဘာ့ပင်မမီဒီယာတွေက သရုပ်ဖော်နေကြတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက အဲသလိုထင်မြင်လာစေချင်တာဟာ အနောက်နိုင်ငံခေါင်းဆောင်များရဲ့ဆန္ဒဖြစ်ပါတယ်။ အဲဒီဆန္ဒကို ကမ္ဘာ့ပင်မမီဒီယာတွေက ထင်ဟပ်ဖော်ပြနေကြတာသာဖြစ်တယ်။

Friday, March 4, 2022

ယူကရိန်း၊ရုရှားစစ်ကိုဘယ်လိုစိတ်နဲ့ရှုမြင်လဲ


ယူကရိန်း၊ရုရှားစစ်ကိုဘယ်လိုစိတ်နဲ့ရှုမြင်လဲ
ယူကရိန်း၊ရုရှားဖြစ်စဥ်အပေါ်မှာရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့သုံးသပ်နေကြတာတွေ့ရပါတယ်။
ရုရှားလိုလားသူတွေ
ယူကရိန်းနဲ့ရုရှားတင်းမာမှုတွေအစကနေတောက်လျောက်ရုရှားကဘယ်လို၊ဘယ်ကဲ့သို ဆိုတဲ့စာတွေရေးကြသူတွေ။ ဒီလူတွေထဲမှာ တပ်ဘက်ကလူတွေ၊ Nationalist တွေအများကြီးပါနေတယ်။

Thursday, March 3, 2022

အရေးမပါတဲ့အရာ

အရေးမပါတဲ့အရာ

        အာဏာသုံးပြီး ရန်သူကိုထိပ်တိုက်တွေ့ရတာ ကြိုက်တယ်မဟုတ်လား။ ဒီမှာ... လုပ်တော့။
အကြမ်းဖက်တွေဘက်က သတင်းဌာနတစ်ခုဖြစ်တဲ့ ခေတ်သစ်ရဲ့အဆိုအရ မြန်မာအပေါ်တရားစွဲတာကို NLD က ကန့်ကွက်ပေးခဲ့တဲ့ကိစ္စကို NUG က ပြန်ရုတ်သိမ်းသတဲ့။ တဆိတ်... အဲဒါက NLD အာ‌ဏာယူထားတဲ့လက်ထက်မှာဖြစ်ခဲ့တာမို့ အာ‌ဏာရနေတဲ့ အစိုးရက သွား ကာကွယ်ခဲ့တာလေ။

Wednesday, March 2, 2022

ပွဲစား

ပွဲစား

ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ ပွဲကောင်းလျှက်ရှိကြပါတယ်။ မြန်မာအနေနဲ့ ပွဲအစမှာကတည်းက ဂမ်ဘီယာဟာ အိုအိုင်စီရဲ့ အမှုပွဲစားမျှသာဖြစ်ပြီး အိုင်စီဂျေကလည်း ဘောင်ကျော်တာတွေလုပ်နေကြောင်း ထောက်ပြပြီး အမှုကို လက်ခံကြားနာရန် မသင့်ကြောင်းပယ်ချတာနဲ့ စဖွင့်လိုက်တယ်။ ဆရာမကြီး ဒေါက်တာရင်ရင်နွယ်ရဲ့ ပို့စ်အရတော့ မြန်မာ ပညာရှင်တွေဟာ ပြီးခဲ့တဲ့ NLD လက်ထက်ကတည်းက အိုင်စီဂျေအမှု အသွားအလာတွေကို စနစ်တကျ လေ့လာသုံးသပ်ထားကြတာဖြစ်ပြီး ဒီတစ်ချီမှာ ကောင်းမွန်စွာပြင်ဆင်ထားခဲ့ပြီးပြီမို့ ယုံကြည်မှု အပြည့်ရှိကြောင်း သိရပါတယ်။

Tuesday, March 1, 2022

ဖြစ်စဉ်သမိုင်း နဲ့ ဖြစ်နိုင်ခြေ

ဖြစ်စဉ်သမိုင်း နဲ့ ဖြစ်နိုင်ခြေ

ဆိုဗီယက်ပြိုကွဲသွားပြီး မကြာဘူး ၁၉၉၆ မှာပဲ နေတိုး နဲ့ အမေရိကန်တို့ ဘီလူးစွယ်ထုတ်ပြခဲ့တယ် ။ အဲဒါကတော့ ရုရှားရဲ့ မဟာမိတ် ယူဂိုဆလားဗီးယားကို ကျူးကျော်ပြီး ဝင်တိုက်ကြတာပါပဲ ။