Blogger
ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)သွယ်
Blogger ဆိုတဲ့
စာလုံးကိုတော့ စာဖတ်ပရိတ်သတ်ကြီး ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယူဆပါတယ်။ အင်တာနက် ပေါ်မှာ
ဘလော့တစ်ခုတည်ဆောက်ပြီး မိမိဝါသနာပါရာ၊ မိမိဗဟုသုတတွေကို ဘလော့ရေးသားသူကို Blogger
လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားသေးပါဘူး။ လုပ်ကိုင်နေတဲ့ သူအချို့တော့ရှိပါတယ်။
ဒါပေမယ့် နိုင်ငံခြားမှာတော့ ဘလော့ရေးသားခြင်းဖြင့် ပိုက်ဆံရှာဖွေတဲ့ သူအမြောက်အမြားရှိပါတယ်။
ဘလော့ တစ်ခုအောင်မြင်သွားရင် ပိုက်ဆံရှာစရာ နည်းလမ်းတွေ အများကြီးပေါ်လာ တတ်ပါတယ်။ သင်ရော
စာရေး ရတာ ဝါသနာပါတဲ့ သူတစ်ယောက်လား၊ ဒါဆိုရင်တော့ သင်ဘလော့တစ်ခု ဖန်တီးသင့်ပါတယ်။
ဘလော့ ရေးသားခြင်း ဆိုတာ တကယ်တော့ အောင်မြင်ဖို့ ဆိုရင် ကြိုးစားရပါတယ်။ ဇွဲရှိရပါတယ်။
အောက်မှာတော့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့နည်းလမ်းငါးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။