Thursday, November 5, 2015

အမှားကင်းစင်သည့် ကိုယ်ရေးရာဇဝင်တစ်စောင်ရေးရန် လျှင်မြန်စွာအသုံးပြုနိုင်မည့် အကြံပြုချက် (၄) ချက်





အမှားကင်းစင်သည့် ကိုယ်ရေးရာဇဝင်တစ်စောင်ရေးရန် လျှင်မြန်စွာအသုံးပြုနိုင်မည့် အကြံပြုချက် (၄) ချက်
  • Posted by Betty on October 29, 2015 at 11:24
  •  
  • သင်သည် အလုပ်ခန့်အပ်ခြင်းကို အချိန်တိုအတွင်း များစွာပြုလုပ်နေရသည့်၊ ကိုယ်ရေးရာဇဝင် တထပ်လိုက်ကြီးကို အမြန်ဖတ်ရှု့နေရသော မန်နေဂျာတစ်ဦးဟု စိတ်ကူးယဉ်ကြည့်ပါ။ လျှောက်ထားသူတစ်ဦးသည် သူမ၏ "excellant communication skills“ အထူးကောင်းမွန်သော ဆက်သွယ်ရေးစွမ်းရည်များ” အကြောင်းကြွားဝါထားပါသည်။ (သို့သော် စာလုံးပေါင်းအမှန်မှာ excellent) နောက်တစ်ဦးက “တိုးတက်မူရှိရန် အခွင့်အရေးများပေးစွမ်းနိုင်သည့် ခိုင်ခိုင်မာမာတည်ထောင်ထားပြီးဖြစ်သော ကုမ္ပဏီလုပ်ငန်းရှိ a rewording position လစာကောင်းမွန်သည့် အလုပ်နေရာတစ်ခု ” မျိုးအတွက် ဆန္ဒရှိကြောင်း ဖော်ပြလာပါသည်။ (စာလုံးပေါင်းအမှန်မှာ rewarding)

ပထမလူ၏ လျှောက်ထားမှုကိုသော်လည်းကောင်း၊ ဒုတိယလူ၏ လျှောက်ထားမှုကိုသော်လည်းကောင်း ကြည့်၍ သင်သည် ထိုသူတို့အား အင်တာဗျူးသို့လာရန် ဖိတ်ခေါ်ချင်စိတ်ဖြစ်ပေါ်ပါမည်လော။

လုပ်ငန်းခွင်ဆိုင်ရာ အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းများ၏ နိုင်ငံလုံးဆိုင်ရာအစည်းအရုံးမှ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ စီးပွားရေးလုပ်ငန်းငယ်များ၏ သုံးပုံနှစ်ပုံသည် သူတို့လက်ခံရရှိသော ကိုယ်ရေးရာဇဝင်များ၏ ထက်ဝက်တွင် စာလုံးပေါင်းနှင့်စကားအသုံးအနှုန်းအမှားများ တွေ့ရှိရကြောင်း သတင်းပို့ထားပါသည်။

အလုပ်ခန့်အပ်မည့်သူများ ဖြစ်လာကြမည့်သူများစွာအတွက် ဤကဲ့သို့သော သေးငယ်သည်ဟုထင်မြင်ရသည့် အမှားများသည် အမှန်တကယ်ပင် အရေးကြီးပါသည်။

ကိုယ်ရေးရာဇဝင်တစ်စောင်ပေါ်ရှိ စာလုံးပေါင်းအမှား တစ်လုံး သို့မဟုတ် နှစ်လုံးခန့်ပင်လျှင် ဆိုးဝါးသော ပထမဆုံးထင်မြင်ခံရမှုမျိုး ရရှိစေနိုင်ပါသည်။ စာလုံးပေါင်းမှားပေါင်းထားသည့် စကားလုံးတစ်လုံး (သို့မဟုတ်) သဘောတူညီချက် အမှားတစ်ခုခုတို့သည် အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်နှင့် လက်မခံနိုင်စရာ လူမှုရေး အမှားမျိုး မဟုတ်သော်ငြားလည်း မဆိုင်သည့်ဘက်သို့ အာရုံရောက်သွားစေနိုင်ပါသည်။

အခြားတစ်ဘက်တွင်မူ သေချာစွာ တည်းဖြတ်ထားသော ကိုယ်ရေးရာဇဝင်တစ်စောင်သည် အလုပ်သဘောဆန်ခြင်းရှိမှုနှင့် အသေးစိတ်အချက်အလက်များအပေါ် အာရုံစိုက်ပေးနိုင်ခြင်းတို့ရှိကြောင်း အချက်ပြ ပေးနေပါသည်။ ၎င်းအရည်အသွေးများသည် မည်သည့်ရာထူးအတွက်ပင်ဖြစ်စေ အလုပ်ခန့်အပ်သူ အများစုက လျှောက်ထားသူတစ်ဦးထံတွင် ရှာဖွေနေသော အရည်အသွေးများပင်ဖြစ်ပါသည်။

သင်၏ ကိုယ်ရေးရာဇဝင်သည် အကောင်းဆုံးသော ထင်မြင်ခံရခြင်းမျိုးရရှိစေရန် ( နှင့် ပယ်ထားသော စာရွက်ပုံများ အတွင်းသို့ ကျရောက်မသွားစေရန်) သေချာစေရေးအတွက် ဤတည်းဖြတ်ခြင်းနှင့် အမှားပြင်စာဖတ်ပေးခြင်းဆိုင်ရာ အကြံပေးချက် (၄) ချက်အကြောင်း စဉ်းစားကြည့်ပါ။
  1. သင်၏ ကိုယ်ရေးရာဇဝင်ကို အသံကျယ်ကျယ်နှင့် ဖတ်ကြည့်ပါ။ ဖြေးဖြေး၊ စဉ်းစားရင်းနှင့် စကားလုံး တစ်လုံးပြီး တစ်လုံးဖတ်ပါ။ သင်မတွေ့နိုင်ခဲ့သော အမှားများ (ကျန်ခဲ့သော စကားလုံးများနှင့် ထပ်ခါထပ်ခါပါနေသော စကားလုံး များ ကဲ့သို့) ကို သင့်နားထဲတွင် ကြားကောင်း ကြားလာမည် ဖြစ်သည်။
  2. ကွန်ပျူတာရှိ သင်၏ စာလုံးပေါင်းစစ်ပေးသည့် spellchecker ဆော့ဖ်ဝဲကို သုံးပါ။ သို့သော် ၎င်းဆော့ဝဲလ်မျိုး၏ ကန့်သတ်ချက်ရှိမူများကိုလည်း သိထားရမည်ဖြစ်သည်။ အကယ်၍ သင့်တွင် စကားလုံးတစ်လုံး၏ စာလုံးပေါင်း သို့မဟုတ် အဓိပ္ပာယ်နှင့် ပတ်သက်၍ ဒွိဟဖြစ်မူများရှိပါက အဘိဓာန်စာအုပ်တစ်အုပ်တွင် ရှာကြည့်ပါ။
  3. တစ်ရက် သို့မဟုတ် နှစ်ရက် စောင့်ပြီးနောက်တွင် သင်၏ ကိုယ်ရေးရာဇဝင်ကို နောက်တစ်ကြိမ်အမှားပြင်စာဖတ်ခြင်း ထပ်လုပ်ပါ။ လန်းဆန်းနေသည့် မျက်လုံးများနှင့် ကြည့်ပါက သင်သည် ရှေ့ပိုင်းတွင်မမြင်ခဲ့သည့်အမှားတစ်ခု သို့မဟုတ် နှစ်ခုကို တွေ့ကောင်းတွေ့နိုင်ပါသည်။
  4. သင်၏ ကိုယ်ရေးရာဇဝင်ကို အနည်းဆုံး သူငယ်ချင်းတစ်ယောက် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ဝေဖန်ဆန်းစစ်ခိုင်းပါ။ ပြီးလျှင် ရှေ့ကအဆင့်လေးဆင့်ကို ပြန်လုပ်ပါ။

အခု သင်၏ အမှားအယွင်းမပါသည့် အလုပ်ရှာဖွေခြင်းအား ကံကောင်းပါစေဟု ဆန္ဒပြုလျက်…… 
Grammar.about.com မှ Richard Nordquist ၏ Five Quick Tips for Writing an Error-Free Résumé ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment