Saturday, October 15, 2016

How to Team-work (အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုနည်းလမ်းများ)

How to Team-work (အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုနည်းလမ်းများ)

                လုပ်ငန်းတိုင်းရဲ့ အောင်မြင်တဲ့ပန်းတိုင်တခုသို့ ရောက်ရှိဖို့ဆိုရင် အဖွဲ့မှာပါဝင်နေသူတွေရဲ့ တဦးချင်းရဲ့ တာဝန်ယူမှုဟာလည်း လွန်စွာအရေးကြီးမှာဖြစ်ပါတယ်။ ဘောလုံးအသင်းနဲ့ ဥပမာပြရရင် အသင်းခေါင်းဆောင်တဦးတည်းကတော်နေရုံနဲ့ ဘောလုံးအသင်းတခုလုံးဟာအားသာမှုမဖြစ်နိုင်ပါဘူး၊ အသင်းမှာပါဝင်နေတဲ့ ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်းစတဲ့ သူတွေအားလုံးရဲ့ တဦးချင်းရဲ့ ကျွမ်းကျင်မှု၊ မိမိရဲ့တာဝန်ကျေပွန်မှုတွေဟာ အရေးကြီးမှာဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းဟာအသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တက်ပြီးပိုမိုအောင်မြင်မှုများဖန်တီးနိုင်ဖို့ရာအလွန်အရေးကြီးလှပါတယ်။
အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရာဝယ်…

(၁) ယုံကြည်မူရှိရမယ်
အသင်းအဖွဲ့အတွင်းမှာယုံကြည်မှုမခိုင်မာရင်တော့ အောင်မြင်မှာမဟုတ်သလိုလုပ်ငန်းနှောင်နှေးစေမှာပါ။ လူတစ်ယောက်နဲ့တစ်ယောက် အတွက် လုပ်ငန်းတွဲလုပ်နိုင်ဖို့ရာယုံကြည်မူဆိုတာအလွန်ပင် လိုအပ်ပါတယ်။

(၂) သူ့ရဲ့အားနည်းချက်ကိုနားလည်ပေးရလိမ့်မယ်
အားနည်းချက်ဆိုတာလူတိုင်းလူတိုင်းမှာရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိနှင့် အလုပ်အတူတွဲလုပ်မယ့် အသင်းအဖွဲ့ရဲ့ အားနည်းချက် ရှိတယ်ဆိုရင်နားလည်ပေးမှာသာအောင်မြင်ပါလိမ့်မယ်။

(၃) မိမိထူးချွန်သော်လည်းတစ်ပါးသူ့ကိုအနိမ်ချပါနဲ့
တစ်ချို့က ငါ တော်တာပဲ၊ ငါတတ်တာပဲဆိုပြီးတစ်ပါးသူကိုဆက်ဆံတဲ့အခါမှာတစ်ဖက်စောင်းနင်းပြောဆိုဆက်ဆံတတ်လေ့ရှိတယ်။ တကယ်တော့အဲလိုမလုပ်သင့်ပါဘူး။ မိမိတော်သော်လည်းအသာစီးကနေမဆက်ဆံသင့်ပါ။

(၄) မိမိတာဝန်ယူထားတဲ့ အလုပ်ကိုတာဝန်ကျေအောင်လုပ်ပါ
မလုပ်နိုင်တဲ့ အလုပ်ကိုတာဝန်မယူပါနဲ့။ လုပ်နိုင်တဲ့အလုပ်ကိုသာတာဝန်ယူပါ။တာဝန်ယူပြီးပြီဆိုရင်လည်းတာဝန်ကျေပွန်စွာအလုပ်လုပ်ပါ။

(၅) ဖေးမကူညီပါ
TeamWorkနဲ့အလုပ်လုပ်တဲ့အခါမှာမိမိကတာဝန်ကျေပွန်စွာလုပ်ကိုင်နိုင်သော်လည်းတစ်ပါးသူ အခက်အခဲတွေကိုဖေးမကူညီနိုင်ရပါလိမ့်မယ်။သို့မှသာလုပ်ငန်းအောင်မြင် ပါလိမ့်မယ်။

(၆) မကဲ့ရဲ့နဲ့ အတင်းအဖျင်းမပြောပါနဲ့
ဒီအချက်ကတော့ Team Work နဲ့ အလုပ်လုပ်သူတိုင်း ကြုံတွေရမယ့် အချက် တစ်ခုပါပဲ။ တစ်ယောက် မကောင်းကြောင်းကိုတစ်ယောက် ပြောမယ်။ တစ်ယောက်မရှိရင်တစ်ယောက်ကိုကဲ့ရဲ့တာ ပြစ်တင် ဝေဖန်တာတွေ မလုပ် သင့်ပါဘူး။ စိတ်ဓာတ် ကွဲပြားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Credit: ကျော်လင်းနိုင် (ရိုးရာလေး)
Photo:Ye Moe

No comments:

Post a Comment