Friday, February 24, 2017

အာရုံကြောအားနည်းသူများအတွက်



မြန်မာသံပုရာသီးကို ဆားနှင့်ပွတ်ပေးပါ။ (အဖန်အရသာများ ထွက်သွားစေရန်ဖြစ်သည်။)
ထို့နောက်ရေဆေး၍ အကွင်းလေးဖြစ်အောင် လှီးပါ။ (ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။)
အစေ့များကို ဖယ်ရန်မလိုပါ။
ပလပ်စတစ်ဇကာ၊ ကြိမ်နှီးဇကာဖြင့် ရေခဏစစ်ထားပါ။
ဟောလစ်ပုလင်း၊ မိုင်လိုပုလင်း စသည့် အဝကျယ်သည့် ပုလင်းထဲသို့ လှီးထားသည့် သံပုရာကွင်းလေးများကို ထည့်ပါ။
(ပုလင်းအဝကျယ်ကို သုံးခြင်းသည် ယူစားသည့်အခါ လွယ်ကူစေရန် ဖြစ်သည်။)

ထို့နောက် ပျားရည်ကို သံပုရာကွင်းများ မြုပ်သည်အထိထည့်ပါ။
အဖုံးကို လုံအောင်ပိတ်၍ တစ်လခန့်အထိ သိမ်းထားပါ။ တစ်လပြည့်လျှင် သုံးစွဲနိုင်ပါပြီ။ တချို့က တန်း၍ သုံးစွဲတတ်ကြပါသည်။ တစ်လခန့် သိမ်းထားသည်မှာ နှပ်ထားသည့်သဘော ဖြစ်ပါသည်။
ဆေးသုံးနည်းမှာ မနက်ခင်း အစာမစားမီတွင် စိမ်ထားသည့် သံပုရာတစ်ကွင်း၊ ပျားရည်တစ်ဇွန်းကို မတ်ခွက်ထဲထည့်ကာ ရေနွေးဖြူပူပူလောင်းပြီး စားသောက်ပေးရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment