Thursday, February 23, 2017

ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်


ဘီပိုးစီပိုးအသည်းသမားများသခွတ်ကိုသောက် ရောဂါပျောက်

သခွတ်အစွမ်းကြောင့် စီပိုးအသည်းသမားသည် ပိုးကောင်ရေသိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန် ရှိတော့ပြီးရောဂါမှာသိသိသာသာပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာခင်မောင်ဝင်းဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သောလူနာကိုမှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကိုယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာအခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်းသောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက် ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီးအခေါက်ကိုသုံးစွဲရပါမည်။
ဆေးရည်ကျိုနည်း …. ပထမဦးစွာဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကိုရယူပါ မြေအိုးထဲတွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကိုရေနဲ့  သုံးခွက် တခွက်ကျော်ကျော်လောက် ပြုတ်ပြီးသောက် သုံးပေးပါ တနေ့ ကိုသုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။
အခေါက် တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက် ကိုတော့ အောက်ဖော်ပြပါ အတိုင်းသောက်သုံးလည်းရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်ခြောက်အနည်းငယ်ကိုလည်းလက်ဖက်ခြောက် ပုံစံပြုလုပ်ပြီးတော့ လည်းဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊
လက်ဖက်ခြောက် ခပ်သည့် ပုံစံလိုလက်ဖက်ခြောက် အစားသခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ် ထည့်ခပ် ရေနွေးကြမ်းသောက်သုံးသလိုလည်းလုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်းအကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည်သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုးစီပိုးအသည်းရောဂါ ဖြစ်နေသူများအတွက် အကောင်းဆုံးဆေးစွမ်းထက်မြတ် ပေးစွမ်းနိုင်သောသခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။
Credit to mg mandalay

No comments:

Post a Comment