Thursday, December 31, 2015

ညှိနိုင်းအဖြေရှာနိုင်စွမ်း


ညှိနိုင်းအဖြေရှာနိုင်စွမ်း

တခါက အဖိုးကြီး တစ်ယောက်က သူ၏ သေတမ်းစာတွင် ချန်ထားခဲ့သော နွား ၁၇ ကောင်အနက်မှ
-သားအကြီးဆုံးက တဝက်တိတိကို ယူပါ၊
-သားအလတ်က ၃ ပုံတပုံကို ယူပါ၊
-အငယ်ဆုံးသား ၉ ပုံတပုံ သာ ယူပါ၊ ဟု ရေးထားခဲ့သည်။

လက်တွေ့ တွင်မူ နွား ၁၇ ကောင်ကို အရေအတွက်အားဖြင့် အသက်မသေစေဘဲ တဝက်ဝက်ရန်
မဖြစ်နိုင်ပေ၊ ထို့အပြင် ၃ နှင့်လည်း စား၍ မပြတ်သလို ၉ နှင့်လည်းမစားနိုင် ဖြစ်နေသဖြင့် ညီအစ်ကိုများ အချင်းများပြီး ဘာမျှ မလုပ်တတ် မကိုင်တတ်ဖြစ်ကာ ပညာရှိကြီးတစ်ဦးထံ ချဉ်းကပ် ၍ နည်းလမ်းတောင်းခံကြသည်။
ပညာရှိကြီးက သူတို့၏ ပြောပြချက်ကို စိတ်ရှည်စွာ နားထောင်ပြီး သူတို့၏ နွား ၁၇ ကောင်ထဲတွင် မိမိ၏ နွားတစ်ကောင်ကို ထည့်ပေါင်း ပေးစေလိုက်သည်။
နွားတစ်ကောင် ထပ်မံရရှိသဖြင့် နွား ၁၈ ကောင်ဖြစ်လာသည်။ ယင်း ၁၈ ကောင်မှ တဝက်ဖြစ်သော ၉ကောင်ကို သားအကြီးဆုံးကို ပေးသည်။ ၁၈ ကောင်၏ ၃ ပုံ တပုံဖြစ်သော ၆ ကောင်ကို သားအလတ် ကိုခွဲပေးလိုက်သည်။ ၁၈ ကောင်၏ ၉ ပုံတစ်ပုံ ဖြစ်သော ၂ ကောင်ကို သားအငယ်ဆုံးကို ခွဲပေးလိုက်သည်။
သားများကို ခွဲပေးလိုက်သော စုစုပေါင်း နွား အရေအတွက်ကို ပြန်ကြည့်ပါက ၉၊ ၆၊ ၂ ဖြစ်သဖြင့် စုစုပေါင်း ၁၇ ကောင်သာဖြစ်သည်။ နဂိုရှိနေသော အရေအတွက် အတိုင်းသာ ဖြစ်သည်။ ထိုကြောင့် ပိုနေသော ၁ တစ်ကောင်မှာ ပေါင်းထည့်ပေးထားသော ပညာရှိကြီး၏ နွားဖြစ်၍ ပြန်ယူထားလိုက်သည်။
ဖြေရှင်း မရနိုင်ဟု ထင်မှတ်ရသော ပြဿနာကို ပညာရှိကြီးက အားလုံး လက်ခံ သက်ဆိုင်စေနိုင်သော နွားတစ်ကောင်ကို ယာယီ အသုံးချကာ ပါးနပ်စွာ ပေါင်းထည့်ကာ ဖြေရှင်းနိုင်ခဲ့ပေသည်။ ထို့ကြောင့် တခါတရံ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင်လည်း အများနှင့် သက်ဆိုင်သော အခြေအနေကောင်း တစ်ခု သို့မဟုတ် အရာတစ်ခု ( common ground) ကို ဖော်ထုတ် တီထွင်ကာ ပေါင်းစပ် ဖြေရှင်းပါမှ အောင်မြင်နိုင်မည် ဖြစ်ပေသည်။ ။
Ref : pleacher
Photo Ref : flickr
လူပိန်း (ရိုးရာလေး)

No comments:

Post a Comment