Monday, December 14, 2015

ဆေးခါးရည်



ဆေးခါးရည်

၁။ မှင်တစ်စက်- ရေသန့်ထည့်ထားတဲ့ ခွက်တစ်ခွက်ထဲကျသွားတယ်၊ ရေအရောင်ပြောင်းသွားတယ်၊ သောက်လို့မရတော့ဘူး။
မှင်တစ်စက်- ပင်လယ်ထဲကျသွားတယ်၊ နဂို ပင်လယ်ရေက ပင်လယ်ရေပဲ၊ အရောင်မပြောင်းသွားဘူး။
ဆားတစ်ဆုပ်- ရေတစ်ခွက်ထဲထည့်သောက်ရင်ငန်မယ်၊ တိုင်ကီထဲထည့်သောက်ရင်မငန်တော့ဘူး.. ။ ဆားကတော့ ဒီဆားပဲ၊ သင်ဘာခွက်နဲ့ခံသောက်မလဲပဲအပေါ်မူတည်သွားတာ။

လောကဓံဆိုတာလည်းဒီတိုင်းပဲ.. လူတိုင်းအပေါ်ကျရောက်တတ်တယ်၊ ဒါပေမယ့် သင်ဘာခွက်နဲ့ခံယူမလဲပေါ်မူတည်ပြီး အဲဒီဒဏ်ရာဟာ ပေါ့သွားတတ်တယ်။ လူ့ရင်ဘတ်ကြီးက အကြီးကြီးပါ၊ ကိုယ်လမ်းဖွင့်ရင် ဖွင့်သလောက်ပွင့်ပါတယ်။
(post 2nd time)
၂။ ကြက်က ဥ,ဥတယ်၊ ချီးလည်းပါတယ်။ ဒါပေမယ့်သင်က ကြက်ဥပဲစားတယ်၊ ကြက်ချီးမစားဘူး။ လူတွေလည်းဒီတိုင်းပဲ။ ဘယ်လောက်ပင်တော်စေကာမူ ဥ ဥတယ်၊ ချီးလည်းပါတတ်တယ်။ ဥပမာ အဲဒီလူတစ်ယောက်.. အရာရာကိုယ့်ထက်တော်တယ်၊ အလုပ်လုပ်တာစေ့စပ်သေချာတယ်၊ ဒါပေမယ့်သူ မကောင်းတာလုပ်တတ်တဲ့အကျင့်ရှိမယ်၊ အရေမရ အဖတ်မရစကားတွေလည်းပြောတတ်မယ်ဆိုရင် အဲဒါတွေသင် အတုယူစရာမဟုတ်ပါဘူး၊ ကျနော်တို့ လိုအပ်တာ ကြက်ချီးကိုရှောင်၊ ကြက်ဥများများစားပြီး ကိုယ့်ဦးနှောဏ်ကို ဖွံ့ဖြိုးအောင်လုပ်တတ်ဖို့ပါ။ ဒါပေမယ့် လူတော်တော်များများက မသိမသာနဲ့ ကြက်ဥထက် ကြက်ချီးကို စားနေကြတာများတယ်၊ ဒါ့ပြင် ကိုယ်ကိုယ်တိုင်လည်း ကြက်ချီးမပါမိစေဖို့ သတိထားရမယ်။ (post 2nd time)
၃။ဆရာက တပည့်တွေကိုမေးတယ်၊ တကယ်လို့ ထင်းခြောက်အချို့နဲ့ရေနွေးအိုးတည်ထားမယ်၊ ရေဆူဖို့ တစ်ဝက်အလိုမှာ ထင်းကုန်တော့မယ်ဆိုဘာလုပ်မလဲတဲ့။
တပည့်တွေကဖြေတယ်။ ထင်းသွားရှာမယ်/ သွားဝယ်မယ်/ သွားချေးမယ် စသည်ဖြင့်။
ဆရာက ထပ်မေးတယ်- ဘာဖြစ်လို့ ရေနွေးအိုးထဲကရေတစ်ဝက်ကို သွန်ပစ်ဖို့မေ့နေရတာလဲတဲ့။
တစ်ခါတစ်လေ ကိုယ့်ဝန်နဲ့မမျှရင် လျှော့ထမ်းသင့် လျှော့ထမ်းတတ်ရတယ်။
၎။ ဟားဗက်စ် တက္ကသိုလ်က လေ့လာဆန်းစစ်မှုတစ်ခုလုပ်တယ်။ လူ့ဘဝတစ်သက်မှာ အခွင့်အရေး (၇)ကြိမ်ပဲလာတယ်တဲ့။ တစ်ကြိမ်နဲ့တစ်ကြိမ်ကို ၇ နှစ်ဆီခြားတတ်တယ်။ ပျှမ်းမျှ အသက် ၂၅ နှစ်ကနေစပြီး ၇၅နှစ်အတွင်းတဲ့။ အဲဒီနှစ် ၅၀ အတွင်းမှာ အခွင့်အရေး (၇) ကြိမ်ရှိတယ်။ ပထမဆုံးအကြိမ်က ငယ်သေးလို့မဆုပ်ကိုင်နိုင်ဘူး၊ နောက်ဆုံးအကြိမ်က အသက်ကြီးသွားလို့ မဆုပ်နိုင်တော့ဘူးတဲ့၊ ဒီလိုနဲ့ အခွင့်အရေး (၅) ကြိမ်ပဲကျန်တယ်။ အဲ ၅ကြိမ်ထဲက ၂ကြိမ်က ဆုပ်ကိုင်ဖို့မေ့တာနဲ့ လက်လွှတ်ဆုံးရှုံးသွားတာနဲ့ နှစ်ကြိမ်တဲ့။ ဒါ့ကြောင့် တကယ့်လက်တွေ့မှာ အခွင့်အရေး သုံးကြိမ်ပဲရှိတယ်တဲ့။
၅။ အဘိုးဖြစ်သူက မြေးကိုပြောတယ်။
“ငါ့မြေး.. လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကြည့်ကြည့်.. ပြီးရင် ဘယ်လိုနေလဲအဘိုးကိုပြောပြ”
မြေးဖြစ်သူကပြန်ဖြေတယ် “နည်းနည်းလေးပင်ပန်းတယ် ”
အဘိုး : “ဒီ့ထက်ပိုအားထည့်ဆုပ်ကြည့် ဘယ်လိုနေလဲ ”
မြေး : “ပိုပင်ပန်းတယ်အဘိုး” ...
အဘိုး : “ဒါဆို ဖြေချလိုက်တော့”
ထိုအခါမြေးကအသက်ရှုထုတ်လိုက်ရင်းပြန်ပြောလိုက်သည်
“ ဟူး.... အခုမှပဲ သက်သာသွားတော့တယ် အဘိုး... ”
အဘိုး : “မှတ်ထားမြေးလေး... နောင်တစ်ချိန် ငါ့မြေးကြီးလာလို့ အချို့အရာတွေနဲ့ကြုံတွေ့တဲ့အခါ ပိုဆုပ်ကိုင်ထားလေ ပိုပင်ပန်းလေပဲ.. အဲအချိန်ကျရင် ဖြေချတတ်ဖို့ လွှတ်ချတတ်ဖို့ သတိရရမယ်မြေးလေး... ”
၆။ တကယ်လို့ သင် တစ်နေရာမှာ မတော်တဆ ငွေတစ်ရာ ပျောက်သွားလို့ရှိခဲ့ရင် ကားခ ငွေနှစ်ရာသုံးပြီး အဲဒီနေရာကိုသွားပြီး ပြန်သွားရှာမှာလား။
လူပြိန်း မေးခွန်းလို့ထင်ပါလိမ့်မည်။
အဲဒီလိုပဲ လူ့ဘဝမှာ ကိစ္စတိုင်းက ဆက်တိုက်ဖြစ်နေတာ၊ ဒီနေ့ လူတစ်ယောက်ရဲ့ အဆဲအဆိုကို ခံလိုက်ရတယ်ပဲထား၊ ဘယ်တော့ပြီးမလဲမသိတဲ့ အဲဒီကိစ္စကို
ကိုယ့်ရဲ့အချိန်နဲ့ သွားပြီးအလေးထားနေမယ်၊ ဝမ်းနည်းနေမယ်။ ကိစ္စတစ်ခုအတွက်နဲ့ မိမိရဲ့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး၊ အသွေးအသားကိုရင်းပြီးဒေါသထွက်မယ်ဆိုရင်၊ ကလဲ့စားချေဖို့ သံယောဇဉ်တစ်ခုကို ပေးဆပ်လိုက်ရရင်၊ ကိုယ့်ကြေကွဲမှုကို စတေးလိုက်ရရင် ???
၇။ တပည့်ဖြစ်သူက ကွန်ဖြူးရှပ်ကိုမေးတယ်။
“လူ့လောကရဲ့ ထူးဆန်းတဲ့အရာတွေက ဘာတွေလဲ” တဲ့။
ကွန်ဖြူးရှပ်က ဖြေတယ်
- လူတွေဟာ ငယ်စဉ်အခါက အသက်မြန်မြန်ကြီးပြင်းချင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ကလေးဘဝကိုပြန်တမ်းတတယ်
- လူတွေဟာ ငွေကို ကျန်းမာရေးနဲ့လဲရှာတယ်၊ ပြီးတော့ ကျန်းမာရေးကို ငွေနဲ့ပြန်လဲတယ်။
- လူတွေဟာ နောင်ရေးအတွက်စိုးရိမ်ကြောင့်ကြ ,ကြတယ်၊ အခုလက်ရှိအချိန်ကိုလည်း မပျော်ပိုက်ဘူး။ ဒါ့ကြောင့် ပစ္စုပ္ပန်မှာကော အနာဂတ်မှာပါသေဆုံးနေကြတယ်။
- လူတွေဟာ အသက်ရှိစဉ် မသေဖို့မျှော်လင့်တယ် ၊ အသက်သေဆုံးခါနီးချိန်ကြတော့ မမွေးဖွားလာခဲ့ရင်ကောင်းသားလို့ ညည်းတွားကြတယ်။

မူရင်းရေးသူအား Credit ပေးပါသည်။

No comments:

Post a Comment