နေ့လည်ပိုင်းတွင် သင့်စိတ်ကို အားအင်ပြန်ဖြည့်ရန်အတွက်
နည်းလမ်း (၇) သွယ်
- Posted by Betty on December 11, 2015 at 18:18
- သင်သည် မနက်ပိုင်း စိတ်အားတက်ကြွလှုပ်ရှားတတ်သူ
တစ်ဦးပင်ဖြစ်စေ၊ ညမင်းသားတစ်ဦးပင်ဖြစ်စေ၊ ထုတ်လုပ် စွမ်းအား မြင့်မားသည့်
မနက်ပိုင်း အလုပ်လုပ်ဆောင်မှု သုံး၊လေးနာရီပြီးနောက် နေ့လည်ပိုင်း
အပုတ်ချိန်သို့ ရောက်ရှိလာသောအခါ သင်၏ ထုတ်လုပ်နိုင်စွမ်းရည် အတိုင်းအတာကို ဆက်လက်ထိန်းထားနိုင်ရန်
စိန်ခေါ်မှုများ ရှိလာသည်ဖြစ်ပါသည်။ နေ့တစ်နေ့၏ အစပိုင်းတွင် သင်၏
တီထွင်ဖန်တီးနိုင်စွမ်းရှိသော အားအင်အနှစ်များအား သုံးစွဲပစ်လိုက်ပြီး
ဖြစ်သော်လည်း နေ့တစ်နေ့ မကုန်ဆုံးမှီ နောက်ထပ်အနည်းငယ်သော
အလုပ်လုပ်ချိန်နာရီများတွင် အရည်အသွေး သိပ်မရှိတော့သည့် ကိစ္စပေါင်းများစွာကို
ခပ်သုတ်သုတ် ပြီးစီးအောင်လုပ်ပေးရန် သင်သည် မျှောင်လင့်ခံထားရဆဲပင်ဖြစ်သည်။
သင်သည် အလုပ်ကို တစ်ဝက်တစ်ပျက်နှင့်လည်း အဆုံးမသတ်လိုသလို
စောစောပြန်ရအောင်လည်း မထိုက်တန်သော အနေအထားမျိုး တွင် သင်၏စိတ်နှင့် ခန္ဓာကို
လမ်းကြောင်းမှန် ပေါ်ပြန်ရောက်လာစေရန် မည်သည့် အရာများလုပ်ဆောင်နိုင်ပါသနည်း?
ကံကောင်းစွာပင် သင်၏စိတ်ကို မူလစွမ်းဆောင်ရည်အဆင့်များဆီသို့ ပြန်လည်၍ အားစိုက်ရွေ့လျားသွားစေရန်နှင့် သင် စုစည်းလိုက်နိုင်သည့် နေ့တစ်နေ့၏ ထုတ်လုပ်မှုအမြင့်မားဆုံး နောက်ဆုံးနာရီများကို သင့်အားပေးစွမ်းနိုင်ရန် နည်းလမ်းများ ရှိပါသည်။
(၁) ကိုယ်လက်လေ့ကျင့်ခန်း
လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရေတိုနှင့်ရေရှည်အကျိုးကျေးဇူးများအကြောင်း ကောင်းစွာ မှတ်တမ်းတင်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်က ဤနေရာတွင် အသေးစိတ် ရေးထုတ်ပြတော့မည် မဟုတ်ပါ။ ဆယ်မိနစ်ခန့်သာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင်၏သွေးများစီးဆင်းမှုကို ကောင်းမွန်လာစေရန်၊ နာကျင်ကိုက်ခဲမှုကို လျော့စေသော ဟော်မုန်းများထုတ်လွှတ်ပေးရန်၊ နောက်ထပ် နာရီအနည်းငယ်ကြာ သင်၏အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် လုံလောက်ပါသည်။ ၄င်းတို့အပြင် ထပ်ပေါင်း၍ ရေရှည်ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိလိမ့်မည်ဖြစ်သည်။ အကယ်၍ အချိန်နှင့် ညှိနှိုင်းပြောင်းလဲလွယ် သော အနေအထားမျိုးရှိပါက လမ်းလျှောက်ထွက်ခြင်းမျိုး သို့မဟုတ် ရုံးခန်းပတ်လည်တွင် ဖြည်းဖြည်းမှန်မှန် ပြေးခြင်းမျိုး စမ်းသပ်လုပ်ကြည့်ပါ။ အကယ်၍ ထိုကဲ့သို့ အချိန်နှင့်အနေအထားမျိုး မရှိပါကလည်း သင်သည် တချို့သော ကာယဗလ လေ့ကျင့်ခန်းများ သို့မဟုတ် ခန္ဓာကိုယ်ဆွဲဆန့်ခြင်းမျိုးကို သင်၏ အလုပ်စားပွဲ ဘေးအနီးတွင်ပင် အမြဲတမ်း လုပ်ဆောင်နိုင်သည်သာဖြစ်သည်။
(၂) သင်သဘောကျနှစ်သက်သည့် တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ပါ။
သင်၏ အိမ်ထောင်ဖက်၊ မိသားစုဝင်တစ်ဦးဦး သို့မဟုတ် သူငယ်ချင်းဟောင်း တစ်ဦးဦးပင်ဖြစ်စေ ဖုန်းဆက်လိုက်ပါ။ ထိုသို့စကားပြောခြင်းသည် သင်၏စိတ်အား အလုပ်မှ အချိန်အနည်းငယ် ခွဲခွါထွက်သွားစေပြီး၊ စိတ်ဖိအားဖြစ်နေမှု ပြန်လျော့သွားစေရန် သင့်အား အချိန်ပေးမည် ဖြစ်သည်။ ထပ်ပေါင်းပြီး၊ ချစ်ရသောသူတို့၏အသံကိုကြားရခြင်းသည် endorphins ခေါ် နာကျင်ကိုက်ခဲမှုကို လျော့နည်းစေသည့် ဟော်မုန်းများထုတ်ပေးခြင်းကို စတင်ဖြစ်ပေါ်စေနိုင်ပြီး၊ ၄င်းအချက်သည် အာရုံစူးစိုက်နိုင်ခြင်းကို မြှင့်တင်ပေးကာ သင့်အားပိုမို၍အားအင်ပြည့်ဝသလို ခံစားရစေမည်ဖြစ်ပါသည်။ သင်သည် နောက်ဆုံးနာရီ အနည်းငယ်အတွက် ပိုမိုပျော်ရွှင်စွာ ပိုမိုချိတ်ဆက်မိလျက်နှင့် စိတ်လန်းဆန်းမှုပြည့်ဝစွာ အလုပ်ဆီသို့ ပြန်သွားနိုင် မည်ဖြစ်သည်။
(၃) ချစ်စရာကောင်းသော တိရစ္ဆာန်များကိုကြည့်ပါ။
အချိန်ဖြုန်းသော နည်းလမ်းတစ်ခုအဖြစ် မကြာခဏ သတ်မှတ် ခြင်းခံရသော်လည်း ချစ်စရာကောင်းသော ရုပ်ပုံများနှင့် တိရစ္ဆာန် (သို့မဟုတ် ကလေးပေါက်စများ)၏ ဗီဒီယိုများကြည့် ခြင်းသည် သင်၏ဦးနှောက်အတွက် အမှန်တကယ်ပင် ကောင်းစေနိုင်ပါသည်။ ပထမဆုံးအနေနှင့် ထိုသို့ပြုလုပ်ခြင်းသည် သင် မနက်ပိုင်းတွင် ရင်ဆိုင်ခဲ့ရသော အာရုံစူးစိုက်ရမှုပြည့်နှက်နေသည့် အလုပ်များမှ သင်၏စိတ်အား တကယ့် ခေတ္တအနားယူမှု ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဖိအားရှိမှု ပြန်လျော့စေရန် ထိုရိုးစင်းသော လုပ်ဆောင်ချက်သည် သင်၏ဆက်လက် စွမ်းဆောင်နိုင်စွမ်းရည်အား တားဆီးအနှောင့်အယှက်ပေးနေသည့် စိတ်ဖိစီး မှုများနှင့် ၀န်ထုတ် ၀န်ပိုးတို့ထဲမှ တချို့ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဒုတိယအနေနှင့် ချစ်စရာကောင်းသော အရာများကို ကြည့်ခြင်းသည် အမှန်တကယ်ပင် သင်၏ အာရုံစူးစိုက်နိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။ နောက်တစ်ကြိမ်တွင် အကယ်၍ သင်၏သူဌေးက သင် ကြောင်ဇာတ်လမ်းဗီဒီယို တစ်ထပ်ကြီး ကြည့်နေသည်ကို မိသွားပါက သင်၏အင်တာနက်ကြည့်နေသည့် browser window အင်တာနက်ကြည့်မျက်နှာပြင်ကို ချုံ့ပစ်ရန် မလိုအပ်တော့ပါ။ သင်၏ ထုတ်လုပ်နိုင်စွမ်းရည် အမြင့်မားဆုံးဖြစ်ရန် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ရှင်းပြလိုက်ပါ။
(၄) အမျိုးအစား များစွာပါဝင်သည့် အချို့သော ကစီဓာတ်ပါ အစားအစာများ စားသုံးပါ။
တစ်စုံတစ်ခုကို ဆွဲယူစားသုံး လိုက်ခြင်းသည် ဦးနှောက်၏ လှုပ်ရှားလုပ်ကိုင်မှုကို စေ့ဆော်ပေးနိုင်ပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့တွင် နေ့လည်စာ နားချိန်ဟူ၍ မူလအစကတည်းက ရှိနေခြင်းဖြစ်သည်။ ထိုနေ့လယ်စာနားချိန်အတွင်း အလုပ်ပိုမိုပြီးစီးအောင် လုပ်နိုင် သည့်အတွက် နေ့လည်စာ မစားဘဲနေခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာထောင်ချောက်အတွင်းသို့ မကျရောက်ပါစေနှင့်။ သင်၏အလုပ်စားပွဲမှ အဝေးသို့ခြေလှမ်းထွက်ခွာပြီး၊ သင့်လျော်သည့် အစားအသောက်မျိုး သုံးဆောင်ရန် အချိန် ယူပြုလုပ်ပေးပါ။ သို့သော်လည်း အစားအသောက်အားလုံးသည် ညီမျှစွာ ဖန်တီးပြုလုပ်ထားသည်မဟုတ် ဆိုသည်ကို စိတ်ထဲတွင်သတိရထားပါ။ သကြားများသည့် အစားအစာများနှင့် အလွယ်တကူပြင်ဆင်ရောင်းချနိုင်သည့် အာဟာရ မမြောက်သော အစားအသောက်များသည် သင့်အား စွမ်းအားနှင့် အာရုံစူးစိုက်နိုင်မှုတို့ကို အချိန်တိုကလေးသာ မြှင့်တင်ပေးနိုင်မည်ဖြစ်သော်လည်း အမျိုးအစားစုံပါဝင်သည့် ကစီဓာတ်အစားအသောက်များက အားဖြည့် ပေးသကဲ့သို့ နာရီပေါင်းများစွာ ကြာရှည်ခံမည် မဟုတ်ပါ။ နေ့တစ်နေ့၏ နောက်ဆုံးကျန်ရှိနေသော အစိတ်အပိုင်း အတွက် သင်၏ စိတ်နှင့်ခန္ဓာကို အားဖြည့်ပေးနိုင်ရန် အချို့သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားသော နှံစားသီးနှံထုတ်ကုန်များကို စားသုံးပါ။
(၅)အပြင်ဘက်သို့သွားပါ။
တောက်ပသောအလင်းရောင်သည် melatonin ခေါ် သင့်အား အိပ်ငိုက်စေပြီး၊ နှေးကွေးလေးကန်စေသည့် ဟော်မုန်းတစ်မျိုး ထွက်ရှိမှုကို ဖိနှိပ် ထိန်းချုပ်ပေးနိုင်ပါသည်။ သို့သော် သင် အလုပ်လုပ်နေသော ရုံးခန်းထဲရှိ မီးချောင်းများသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို စေ့ဆော်ပေးရန် လုံလောက်မည် မဟုတ်ပါ။ အမှန်တကယ်တွင် သူတို့သည် သင့်အား ပိုမို၍ အေးချမ်းငြိမ်သက်သွားစေမည်သာ ဖြစ်ပါသည်။ သင်လိုအပ်သောအရာမှာ နီရဲသော အလင်းရောင်ပင်ဖြစ်သည်။ ၄င်းကို အပြင်ဖက်တွင် ရရှိနိုင်ပါသည် (နေထွက်နေသည်ဟု ယူဆလျက်)။ သင်၏ ဦးနှောက်အား ဤသဘာဝအလင်းရောင်သို့ မိနစ် အနည်းငယ်ကြာ ထိတွေ့မှုရှိစေခြင်းသည် သင့်အား ပိုမို၍ နိုးကြွလာစေပြီး၊ စိတ်အာရုံလန်းဆန်းလာသလို ခံစားရလာစေရန် ကူညီပေးပါသည်။ သင်၏အလုပ်ခွင်တစ်နေ့၏ နောက်ဆုံး လက်ကျန်အချိန်များကို အားလုံးလုပ်ဆောင် ပြီးစီးစေရန် ပြီးပြည့်စုံသည့် လမ်းကြောင်းတစ်ခု ချပေးနေသလို ဖြစ်ပါသည်။ ၎င်းအချက်အပြင် ထပ်ပေါင်းပြီး သန့်ရှင်းလတ်ဆတ်သော လေမျိုးလည်း ရရှိမည်ဖြစ်ပါသည်။ (ထို့ပြင် အကယ်၍ သင်သည် အထက်တွင် ဖော်ပြထားသည့် နံပါတ်တစ်အချက်ကို လိုက်နာနေသူလည်းဖြစ်ပါက ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရန် အခွင့်အလမ်းကိုပါ ရရှိမည်ဖြစ်သည်။)
(၆) သင်ကြိုက်နှစ်သက်သော တေးဂီတကို ဖွင့်ပါ။ (အကယ်၍ဖြစ်နိုင်လျှင် သင်လည်း လိုက်ဆိုပါ။)
သင်၏ သွေးစီး ဆင်းမှုတို့ကို ပိုမိုမြန်ဆန်လာစေမည့် သီချင်းတစ်ချို့ကို ရွေးထုတ်လိုက်ပါ။ ထို့နောက် သင်၏ နေ့လည်ပိုင်းအလုပ် ခွင်အသံအတွက် သူတို့အား ဖွင့်နားထောင်ရန် စာရင်းထဲတွင် ထားလိုက်ပါ။ တေးဂီတသံတစ်ခုတည်းနှင့်ပင် သင့်အား စွမ်းအားပိုမိုပေးစွမ်းနိုင်ရန် လုံလောက်သင့်သည်ဖြစ်သည်။ သို့သော် အကယ်၍ သင်က ပိုမို၍ပြင်းထန်သော မြှင့်ပေးမှုမျိုး လိုချင်ပါက ၄င်းသီချင်းနှင့်အတူ လိုက်ဆိုပေးပါ။ လေ့လာတွေ့ရှိမှုတစ်ချို့အရ တေးဂီတနှင့်အတူ သီချင်းလိုက်ဆိုခြင်း သည် endorphins (နာကျင် ကိုက်ခဲမှု လျော့ပါးစေသော ဟော်မုန်းများ)နှင့် oxytocin (ချစ်ခင်ကြင်နာခြင်းနှင့် စိတ်ကျေနပ်မှုဖြစ်စေသော ဟိုမုန်းများ) ထုတ်လွှတ်ပေးရန် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုပါသည်။ ၄င်းနှစ်မျိုးစလုံးသည် သင့်အား ပီတိဖြစ်စေခြင်းနှင့် အားအင်ပြည့်ဝမှုရှိစေခြင်းတို့ကို ခံစားရစေရန် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ သေချာသည်မှာ သင်၏ လုပ်ဖော်ကိုင်ဖက်များဆီမှ ပြောင်လှောင်သည့်ကြည့်ခြင်းမျိုး မခံယူလိုပါက သင့်ဘာသာသင် ရုံးခန်းထဲ သို့မဟုတ် ကားထဲတွင် သော့ခတ်ထားပြီး လုပ်ရကောင်းလုပ်ရမည်ဖြစ်သည်။
(၇) သက်ကြိုက်နှစ်သက်သည့်အလုပ်တစ်ခုခုပြုလုပ်ပါ။
ပြည့်ပြည်ဝဝနှင့် အလုပ်လုပ်ကိုင်နေသည့်အပိုင်းသို့ သင်ပြန်လည်ရောက်ရှိ သွားသောအခါ အောက်ခြေသိမ်းအလုပ်မျိုးနှင့် ပညာသားမပါသည့် အလုပ်တာဝန်များကို ရှာ၍လုပ်မနေပါနှင့်တော့။ ၄င်းတို့သည် သင့်အား ပျင်းရိစေပြီး၊ သင်၏အာရုံစူးစိုက်မှုကို ပျက်စီးစေမည်ဖြစ်သည်။ အလားတူစွာပင် အလွန်အမင်းစိန်ခေါ်မှု များရှိသည့် အလုပ်တာဝန်များကိုလည်း ရှာဖွေမလုပ်ကိုင်ပါနှင့်။ ၄င်းတို့သည် သင့်အား စိတ်ပျက်လက်ပျက်သာ ဖြစ်စေမည်ဖြစ်သည်။ ၎င်းတို့အစား သင်၏အားစိုက်ထုတ်မှုများကို သင် အမှန်တကယ်လုပ်ချင်သော လုပ်ငန်းတာဝန် (သို့မဟုတ် ပရောဂျက်တစ်ခုခု)ပေါ်သို့ အာရုံစူးစိုက်လိုက်ပါ (ထိုသို့ လုပ်ချင်သောအရာ တစ်ခုခုရှိသည်ဟု ယူဆလျက်)။ ၄င်းသည် သင့်အား ဆက်လက် အလုပ်လုပ်နေစေရန် စိတ်လှုပ်ရှားမှုဖြစ်စေပြီး အခြားသော လုပ်ကိုင်စရာတာဝန်များအား ဆောင်ရွက်ပြီးစီးသွားစေရန်အတွက် လုံလောက်စွာ သင်၏စိတ်အား ပြန်လည်လန်းဆန်း ရွှင်ပြလာစေမည်ဖြစ်ပါသည်။ မနက်ပိုင်းတွင် ဤကဲ့သို့သော ပျော်ရွှင်စရာလုပ်ဆောင်ဖွယ်ရာ အနည်းဆုံးတစ်ခုကို သင်၏နေ့လည်ပိုင်း စိတ်အားတက်ကြွလာစေရေးအတွက် ချန်ထားခဲ့ပါ။
ဤနည်းစနစ်နည်းနာများထဲမှ တစ်ခု သို့မဟုတ် ပိုမို၍များသောနည်းနာများသည် သင့်အတွက် ထိရောက်မှုမရှိကြောင်း တွေ့ကောင်းတွေ့လာနိုင်ပါသည်။ လူတိုင်းတွင် ကွဲပြားခြားနားသည့် လိုအပ်ချက်များရှိပြီး၊ ကွဲပြားခြားနားသည့် ပိုမိုကြိုက်နှစ်သက်မှုများ ရှိကြပါသည်။ ထုတ်လုပ်နိုင်စွမ်းအား ပြည့်ဝစွာ အလုပ်လုပ်ကိုင်နိုင်ခြင်းနှင့်ပတ်သက်၍ သင်၏စွမ်းဆောင်ရည်အပေါ် မည်သို့သက်ရောက်မှုရှိကြောင်း တွေ့မြင်လာစေရန် ဤနည်းလမ်းများအားလုံးကို တစ်ခုချင်း စမ်းကြည့်ပါ။ အမျိုးမျိုးလွှဲပြောင်း၍ တွဲကြည့်ပြီး အသုံးပြုကြည့်ပါ။ သင့် အတွက် သင့်လျော်ထိရောက်မှုရှိသည့် ချဉ်းကပ်ပုံ ချည်းကပ်နည်းတစ်မျိုး တွေ့လာသည်အထိဖြစ်သည်။ သင့်ဘာသာသင် လေ့လာသိရှိမှု ပိုမိုများပြားလာလေလေ၊ သင့်ပတ်ဝန်းကျင်နှင့် အသေးစိတ်ချိန်ညှိကာ သင်၏စွမ်းဆောင်ရည်ကို မြင့်နိုင်သမျှ မြင့်လာအောင် အကောင်းဆုံး အသုံးချလုပ်ကိုင်လာနိုင်လေလေ ဖြစ်လာပါလိမ့်မည်။
Inc.com မှ JAYSON DEMERS ၏ 7 Ways to Recharge Your Mind Midday ကို ကိုးကားဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
No comments:
Post a Comment