Saturday, March 11, 2017

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား) သည် အာဏာသိမ်းစစ်​ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်များအားထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်သင်တန်းအမှတ်စဉ်(၂၂)ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ဗထူးတပ်မြို့ရှိတပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၏ကျောင်းအုပ်ကြီး၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့်တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယ​ခေါင်း​ဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

·         DSA အပတ်စဉ် (၂၂) (ကြည်း - ၁၆၄၈၉)

ခုနှစ်

နေရာ

တာဝန်

၁၉၈၁

ဒုဗိုလ်

၂၀၀၆

တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)

ကျောင်းအုပ်ကြီး

၂၀၀၈

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်

တိုင်းမှူး

၂၀၀၉

ဗိုလ်ချုပ်

၂၀၁၀

အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး

၂၀၁၁ မတ်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်

၂၀၁၂ ဧပြီ ၃

ဗိုလ်ချုပ်ကြီး

 

ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် (၀၄-၀၁-၂၀၂၁) လွတ်လပ်ရေးနေ့တွင် “သီရိပျံချီ ”ဘွဲ့မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော သရေစည်သူသင်္ဂဟဘွဲ့သို့ တိုးမြှင့်၍ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)” ဖြင့် ချီးမြှင့်ခံခဲ့ရသည်။

Source: Wikipedia

No comments:

Post a Comment