လူငယ်တစ်ယောက်ရှိခဲ့ဖူးတယ်၊ အိမ်က အင်မတန်ဆင်းရဲတဲ့အတွက်စာမဖတ်နိုင်ဘူး၊
ဒါနဲ့မြို့ပေါ်တက်ပြီး အလုပ်တစ်ခုရှာတယ်၊ ဒါပေမယ့်မြို့မှာ ဘယ်သူမှ
သူ့ကိုအလုပ်မခန့်ချင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အတန်းပညာ
အောင်လက်မှတ်တွေမရှိလို့ဖြစ်တယ်၊
ဒါနဲ့ မြို့ပေါ်ကဆင်းခါနီးမှာ နာမည်အရမ်းကြီးတဲ့
Rothschild ဘဏ်ကို စာရေးပို့တယ်၊ စာထဲမှာ သူပညာမတတ်လို့
အနှိမ်ခံရတဲ့အကြောင်းနဲ့ လောကကြီးက မတရားကြောင်း ရင်ဖွင့်ပြီး
သူပညာသင်ယူဖို့ ငွေချေးပေးဖိုနဲ့ အလုပ်ရသွားပြီးနောက်
ဖြည်းဖြည်းချင်းပြန်ဆပ်ဖို့ အကြောင်းတွေ ရေးထားတယ်၊
ဘဏ်ကိုစာပို့ပြီး ပြန်စာကို အဲဒီမြို့က သူတည်းခိုတဲ့ တည်းခိုခန်းကပဲစောင့်နေတယ်ပေါ့..
အချိန်ကြာသွားသည့်တိုင်အောင် ပြန်စာမလာတော့ လက်ထဲက နောက်ဆုံးပိုက်ဆံနဲ့ မြို့ပေါ်ကဆင်းဖို့ ဆုံးဖြတ်လိုက်တယ်၊
အချိန်ကြာသွားသည့်တိုင်အောင် ပြန်စာမလာတော့ လက်ထဲက နောက်ဆုံးပိုက်ဆံနဲ့ မြို့ပေါ်ကဆင်းဖို့ ဆုံးဖြတ်လိုက်တယ်၊
အဲဒီအချိန်မှာ တည်းခိုခန်းပိုင်ရှင်က
သူ့အတွက်စာတစ်စောင်ရောက်နေကြောင်းလာပေးတယ်၊ ဘဏ်ကပို့လာတာတဲ့၊ Rothschild
ဘဏ်က သူဌေးက သူ့ကို စာနာထောက်ထားတဲ့စာ မပို့ဘဲ
ပုံပြင်တစ်ပုဒ်ရေးပို့လိုက်တယ်၊
စာထဲမှာ ရေးထားတာက -
`
ကျယ်ပြောလှတဲ့ပင်လယ်ပြာကြီးထဲမှာ ငါးတွေအမြောက်အများရှိကြတယ်၊ ငါးအားလုံး
swim bladder ခေါ် ငါးလေအိတ်ရှိကြတယ်၊ ဒါပေမယ့် တစ်ကောင်တည်းသောငါးက
လေအိတ်မရှိဘူး၊ လေအိတ်မရှိတဲ့ငါးက သဘာဝအတိုင်းဆိုရင်
ဘယ်လိုမှရှင်သန်ဖို့မဖြစ်နိုင်ဘူး၊ လေအိတ်မရှိတဲ့ငါးက
ရေအောက်မှာကြာကြာမငုပ်နိုင်ဘူး၊ ကူးခတ်သွားလာရမလွယ်ကူဘူး၊ ရေပေါ်
ဘောလောပေါ်နိုင်တဲ့သတ္တိ မရှိဘူး၊ အလွယ်တကူ ပင်လယ်အောက်ခြေကို
နစ်မြုပ်သွားနိုင်တယ်၊ ဒါပေမယ့် အောက်ခြေရောက်သွားရင်လည်း
လေအိတ်မရှိတဲ့အတွက်အလွယ်တကူ ရေမွန်းပြီး သေနိုင်တယ်၊
အဲဒီငါးအမျိုးအစားကတော့ ငါမန်းပဲဖြစ်တယ်၊
အသက်ရှင်ရပ်တည်ဖို့အတွက်
ငါးမန်းဟာ ရေပြင်ထဲမှာတစ်စက်ကလေးမှ မနားရဘူး၊ အမြဲတမ်း
ကူးခတ်သွားလာနေရတယ်၊ အနှစ်နှစ် အလလကြာတော့ သူ့မှာ အခြားငါးတွေထက်
သန်စွမ်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားတယ်၊ ရေထဲမှာ
ဘယ်လိုအမျိုးမျိုးကူးခတ်ရမလဲသိသွားတယ်၊ သားကောင်လိုက်တဲ့အချိန်
မမောပန်းတဲ့နှလုံးတစ်ခုကို ပိုင်ဆိုင်သွားတယ်၊ ငါးတကာ့ငါးတွေထဲမှာ
အင်မတန်ကြောက်စရာကောင်းတဲ့ လူသတ်ငါးတစ်မျိုးဖြစ်သွားတယ်၊
ဒါ သဘာဝလောကကြီးကချမှတ်ထားတဲ့ သဘာဝတရားပဲ... လူ့လောက,ကလည်း အင်မတန်မှကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးပေါ့... လေအိတ်ရှိတဲ့ ပညာတတ်တွေများတယ်၊ ဒါပေမယ့် အောင်မြင်တဲ့သူက ရှားတယ်၊
ဒါ သဘာဝလောကကြီးကချမှတ်ထားတဲ့ သဘာဝတရားပဲ... လူ့လောက,ကလည်း အင်မတန်မှကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးပေါ့... လေအိတ်ရှိတဲ့ ပညာတတ်တွေများတယ်၊ ဒါပေမယ့် အောင်မြင်တဲ့သူက ရှားတယ်၊
မင်းက အခုဆို လေအိတ်မရှိတဲ့ငါးတစ်ကောင်ပဲ…… ´
အဲဒီညက၊ သူ အဲဒီစာအကြောင်း အမျိုးမျိုးစဉ်းစားတာ အိပ်မရအောင်ပဲတဲ့၊
ရုတ်တရတ် သူအတွေးပြောင်းသွားတယ်၊
ရုတ်တရတ် သူအတွေးပြောင်းသွားတယ်၊
ဒုတိယမနက်မှာ သူတည်းခိုခန်းပိုင်ရှင်ကိုပြောလိုက်တယ်၊
`ကျနော့်ကို ထမင်းတစ်နပ်ပဲကျွေးပြီးထားပါ ၊ စားပွဲထိုးအဖြစ်လုပ်ပါ့မယ်၊ အခကြေးငွေတစ်ပြားမှမယူပါဘူး´ တဲ့၊
တည်းခိုခန်းပိုင်ရှင်က သူ့ကိုယ်သူတောင်မယုံနိုင်ဘူး၊ လောကမှာ
ဒီလောက်ပေါတဲ့ အလုပ်သမားလည်းရှိသေးတယ်၊ အင်မတန်ဝမ်းသာပြီး သူ့ကို
လက်ခံလိုက်သည်၊
၁၀နှစ်အကြာမှာ သူဟာ အမေရိကမှာ လူအများ အားကျရတဲ့
မီလျှံနာသူဌေးကြီးဖြစ်သွားခဲ့တဲ့အပြင် Rothschild ဘဏ်ရဲ့ သူဌေးသမီးကိုတောင်
တင်တောင်းနိုင်တဲ့သူဖြစ်သွားခဲ့တယ်.. သူကတော့ ရေနံသူဌေး Armand Hammer
(May 21, 1898 – December 10, 1990) ပဲတဲ့...
တကယ်လို့
ကမ္ဘာဦးအစကတည်းကသာ အားလုံးအစဉ်ပြေနေမယ်ဆို.. ကားတွေတီထွင်ကြမှာမဟုတ်ဘူး၊
ရေခဲသေတ္တာတွေ၊ မီးဖိုတွေဘာမှရှိမှာမဟုတ်ဘူး.. အားလုံးက အခက်အခဲတွေရှိလို့
အစဉ်ပြေအောင် တီထွင်ရင်းကြိုးစားရင်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့်မြင့်လာကြတာ...
တကယ်တော့ ကျနော်တို့ကို တားဆီးနိုင်တာ ဆင်းရဲခြင်းမဟုတ်ဘူး...၊
မိမိရဲ့ ` စိတ် ´ ။
No comments:
Post a Comment