Sunday, November 21, 2021

နှင်းခူ အစို ပျောက်သည့်ဆေးနည်

(ဤပုံမှာ နွားကျောင်းသားမှင်ဆေးပင် ဟု ခေါ်ပါသည်။)

        ခြေခုံတွေမှာ ပေါက်လေ့ရှိသည့် နှင်းခူအစို ပျောက်သည့်ဆေးနည်းလေး ဖြစ်ပါသည်။ နွားကျောင်းသားမှင် ဆေးပင်ကို အပင်၏ကိုင်းအရိုးလေးတွေကို ချိုးလိုက်လျှင် နို့ရည်လိုဖြူဖြူအရည်လေးတွေ ထွက်ပါသည်။ အကိုင်းအရွက်တွေအားလုံး မြေမှာ ကပ်ပေါက်ပါသည်။ အပေါ်ထောင် မပေါက်ပါ။ မြေကပ်ပင် ဖြစ်ပါသည်။

အုတ်ကြား၊ သဲမြေပွပွတို့တွင် ပေါက်လေ့ရှိပြီး ပေါပေါများများ တွေ့ရတတ်သည်။ ထိုအပင်ကို ပဉ္စ ငါးပါး ရေစင်စင်ဆေးပြီး အရိပ်ထဲတွင် အခြောက်ထားရပါသည်။ ခြောက်ပြီး ကျွတ်ယွနေပြီဆိုလျှင် မြေအိုးထဲ ထည့်ကာ မီးဖိုအပူပေါ်တင်လှော်ရသည်။ ပြာရသည်အထိ လှော်ရပါသည်။ ထိုပြာကို အုန်းဆီအစစ်နှင့် ပြစ်ပြစ်လေး ရောပြီး ကြက်တောင်မွေးလေးနဲ့ အနာပေါ် သုတ် လူးပေးရပါသည်။ အနာဖေးကွာကျပြီး ခြောက်ကပ်သွားကာ ကောင်းမွန်သွားလိမ့်မည် ဖြစ်ပါသည်။

ဆေးနည်းလှူဒါန်းဝေမျှပေးသည့် ပုဂ္ဂိုလ်များနှင့် ထပ်ဆင့်ဝေမျှပေးသူများအားလုံးကို ကျေးဇူးတင်ပါသည်။ ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ။

No comments:

Post a Comment