Friday, November 26, 2021

အနိုင် အရှုံး နဲ့ ယုတ္တိဗေဒ

အနိုင် အရှုံး နဲ့ ယုတ္တိဗေဒ

fb ပေါ်က သတင်းတွေ ကြည့်လိုက်ရင် နီပိတ်လေးတွေခမျှာ ငါတို့နိုင်ပြီ ဆိုပြီး ကောလဟာလတွေ နဲ့ ပျော်နေကြရတာတွေ ၊ PDF သတ်လို့ သေရရှာတဲ့ အပြစ်မဲ့ အရပ်သားတွေ ဘုန်းကြီးတွေ ရဲ့ သတင်းကို ဖတ်မိတိုင်း PDF တွေ ကျန်းမာပါစေ ၊ ကောင်းတယ် သတ်တာနည်းသေးတယ် နဲ့ အကုသိုလ် အပြိုင်ယူနေကြတာ တွေ့ရပါမယ် ။
ဒီဖက်က သတင်းတွေ ဖတ်ကြည့်လိုက်တော့ တပ်မတော်ကို ဆဲနေတဲ့ သတင်းတွေ ၊ တန်ပြန်ဆိုက်ဝါး သတင်းတွေ နဲ့ အတူ အားမလို အားမရ သတင်းတွေ တွေ့ရပါတယ် ။
ကိုယ်တွေလို ကြားချပြီး ဖြစ်သင့်တာ ဖြစ်ချင်တာ ဖြစ်နေတာတွေ ရေးနေတဲ့သူအနည်းကတော့ ဟိုဖက်က ဆဲလိုက် ဒီဖက်လိုက် လှောင်လိုက်နဲ့ ပေါ့လေ ။
ကဲ ထားပါဗျာ ဖြတ်တတ်တဲ့ သဘာဝကိုးဗျ ။ အခု ဘယ်သူတွေ နိုင်နေသလဲ လေ့လာကြည့်ရအောင်ဗျာ ။ PDF နီပိတ်တွေ ပြောသလို သူတို့ နိုင်နေသလား လေ့လာကြည့်ပါ ။
နီပိတ် မီဒီယာတွေက တောက်လျှောက်ပြောနေတဲ့ တပ်မတော်ဖက်က ကျဆုံးပါတယ် ဆိုတဲ့ သတင်းတွေ ပြန်ကြည့်ပါ ။ အများစုက ဓာတ်ပုံသတင်းဆိုရင် တခြားနိုင်ငံက ပုံတွေ ၊ ပြီးခဲ့တဲ့ ပုံအဟောင်းတွေ နဲ့ မကြာခဏ လိမ်လည်ထုတ်ပြန်နေကြတာ တွေ့ရပါမယ် ။
နောင် ပုံမပါတဲ့ သတင်းတွေကြည့်လိုက်ပါ ၊ တချို့တပ်တွေက သူတို့ သတင်းရေးတဲ့ နယ်မြေမှာ တာဝန်မကျတဲ့ တပ်တွေ ဗျာ ၊ တချို့ဆို ရှိကို မရှိတဲ့ တပ်နံပါတ်တွေ ၊ တချို့ရှိတယ် လူအမည်တွေထိ အတိအကျပါတယ် ကျသွားပြီပေါ့ အဟုတ်မှတ်နေတာပေါ့ ။ ဟော မကြာဘူး သူတို့ပြောတဲ့ အရာရှိက ဂစ်တာတီး live လွှင့်ပြမှ လပြွတ်ကို ဖြစ်တော့တာပါပဲ ။
ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်တယ် စကစတွေ ဘယ်လောက် ကျသွားပြီ ကျည်ဆံဖိုး လှူပါ ဆိုတာ လာသေးတယ် ။ ဒါမျိုးသတင်းတွေနဲ့ နီပိတ်လေးတွေ ယုတ္တိမဲ့ အလိမ်အညာတွေနဲ့ မျှောနေကြရတာ အရှိတရားပါပဲ ။
လက်တွေ့ဖြစ်စဥ်တွေမှာ နီပိတ် PDF တွေ ကြီးစိုးနေတဲ့ ဒေသတွေကို တပ်မတော်က ဖြတ်လေးဖြတ် နဲ့ ဆော်နေတာ DB တွေ ပုံအောနေပြီ ။ စစ်သတင်းတွေ တင်နေတဲ့ တယ်လီဂရမ်အချို့မှာ ပုံနည်းနည်း တွေ့ရပါတယ် ။
ကျနော်တို့လည်း ရေးချင်လို့ စုံစမ်းပေမယ့် အသေးစိတ် မပြောကြပါဘူး ၊ အမျိုးမျိုးသော အကြောင်းတွေကြောင့် ရေးမပြသေးပါနဲ့အုံး လို့ပဲ အကြောင်းပြန်ပါတယ် ။ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် ကိုယ်တိုင် အနီးကပ် ကြီးကြပ်ကွပ်ကဲနေလို့ စိတ်ချရပါတယ် ။
အကြမ်းဖျင်းပြောရရင် ယခု မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေထဲမှာ တကယ့်ဖိုက်တာ အစစ် ဆိုတာ သူတာဝန်ကျခဲ့တဲ့ နယ်ပယ်တွေက သက်သေပြနေပါတယ် ။ သူ့အကြောင်း အသေးစိတ် ဂုဏ်ပြုရေးသားဖို့ အချက်အလက် တောင်းကြည့်ရာမှာတော့ ရိုးသားစွာပဲ ကိုယ့်အကြောင်းကို ပြောလို့ ဘယ်အဆင်ပြေမလဲဗျာ တဲ့ ။ စုံစမ်းကြည့်ပါ တဲ့ ။
အပြင်မှာ သူ့အကြောင်း သိတဲ့ တပည့်သားမြေးများနဲ့ လုပ်ဖော်ကိုင်ဖက်များ ပြောပြရင်ဖြင့် ကျနော် ရေးပြချင်ပါသေးတယ် ဗျာ ။
ဒါက PDF နဲ့ ပြင်းထန်စွာ ဖြစ်နေရတဲ့ ဒေသက စစ်ပွဲသတင်းကို သက်သေပြဖို့ ခက်နေတဲ့ အချက်ပါ ။
နောက် အလသ်အငိုက် အကြမ်းဖက် သတ်ဖြတ်နေတဲ့ မြို့ပေါ် PDF တွေ အကြောင်း လေ့လာကြည့်ပါ ။
လူတယောက် သတ်လိုက်တယ် OK မိပြီ ဆိုတော့ အမှုတွဲတွေ တပြုံကြီး နဲ့ ပါသွားပြန်ပြီ ။
ဗုံးခွဲတယ် OK တယောက်မိတာ နဲ့ အခြား တပြုံကြီး မိတဲ့အပြင် ခဲ ယမ်းတွေပါ လက်ဆောင်ပါလာသေးတယ် ။
ဒီလိုမျိုး အကြမ်းဖက် သတ်ဖြတ်ခြင်းနဲ့ အကြောက်တရား လွှမ်းမိုးအောင် ဆောင်ရွက်တဲ့ နေရာမှာတော့ PDF တွေ အောင်မြင်တယ် ပြောရမှာပါပဲ ။ မြန်မာလူမျိုးဆိုတာလည်း ကြောက်စရာဆိုရင် ကြံဖန် တွေးကြောက် တတ်တဲ့ လူမျိုးကိုးဗျ ။ ကိုယ်ကြောက်ရုံနဲ့ မပြီးဘူးနော် သူတပါးကိုပါ အကြောက်ကူးအောင် လုပ်ကြပါသေးတယ် ။
တဖက် မီဒီယာတွေကလည်း အင်တိုက်အားတိုက် ဝါဒဖြန့်နေပြီး ဒီဖက်က မီဒီယာက ၁၈ ရာစုမှာ အိပ်ပျော်နေတုန်း ဆိုတော့ ဒီလို ဖြစ်နေတာလည်း မဆန်းပါဘူး လေ ။
တကယ်တန်းဆို အခု ဖမ်းမိထားတဲ့ မြို့ပေါ် အကြမ်းအင်အား မနည်းတော့ပါဘူး ။ သို့သော် ကာလများစွာ ပေါ့လျှော့ခဲ့တဲ့ ခဲယမ်း ခိုးသွင်းမှု စစ်ဆေးခြင်း အားနည်းချက် နဲ့ မူးယစ်ဆေးစွဲ လူငယ်တွေ ရဲ့ အသိမဲ့ လုပ်ဆောင်မှုတွေကြောင့် အကြမ်းဖက်မှုတွေ အရှိန်မသေ ဖြစ်နေတဲ့ သဘောတွေ့ရပါတယ် ။
မြို့ပေါ် အကြမ်းဖက် ကိစ္စတွေမှာတော့ အစိုးဖက် နှိမ်နင်းဖို့ ခက်နေအုံးမယ့် အနေအထားတွေ့ရပြီး စစ်ကိုင်းလို အလုံးအရင်း နဲ့ ဆူပူမှုတွေကတော့ သက်ဆိုးမရှည်နိုင်ပါဘူး ။
ကျနော်တို့ ကျေနပ်သည် ဖြစ်စေ ၊ မကျေနပ်သည် ဖြစ်စေ နစက အနေနဲ့ သူ့မူနဲ့သူပဲ လုပ်နေအုံးမှာ ဖြစ်ပါတယ် ။ ဖြစ်စဥ်တွေကို သုံးသပ်ကြည့်ရတာကတော့ လက်ရှိမြေပြင်မှာ နစက အနေနဲ့ အသာစီး ရနေပြီး လေထဲက ဝါဒဖြန့်ရာမှာတော့ နီပိတ်တွေ အသာစီးရနေဆဲပါပဲ ။
ထိရောက်တဲ့ လုပ်ဆောင်မှုတွေဟာ ဒီလကုန်လောက်မှ ပြည်သူတွေ မြင်တွေ့ရဖွယ် ရှိနေပါတယ် ။
Credit: ကိုရွှေမျိုးဝင်း

No comments:

Post a Comment