ဒီနေ့ ဖြစ်နေတဲ့ တဖက်ရပ်ကွက်က အနေအထားကို လေ့လာကြည့်ပြီး ဖြစ်ရပ်မှန် နဲ့ ဘာဆက်လုပ်သင့်သလဲ ဆိုတာ သုံးသပ်ကြည့်ပါစို့ ဗျာ ။
- သူတို့ကို တပြည်လုံး ထောက်ခံသတဲ့ ။
(ဒါဆိုရင် အခုလုပ်နေတဲ့ တပ်မတော်ထောက်ခံပွဲ တက်ရောက်သူတွေက မိုးပေါ်က ကျလာတာလား မေးရမယ် ။ ဒါတောင် အခြေအနေ အချိန်အခါအရ ခွေးကိုက်ခံရနိုင်ချေ ရှိနေတဲ့ ပြည်သူတွေ မတက်နိုင်တာ 90 % ရှိတယ်)
- ပြည်သူထိခိုက်မှာ စိုးလို့ စစ်ဆင်ရေးတွေ ဖျက်ရသတဲ့ ။
(ဟုတ်ပါ့ကွာ အမှိုက်ကောက်တဲ့ ကလေးတွေပါ သတ်ဖို့ လမ်းညွှန်တယ် သတ်လည်းသတ်ကြတယ် ၊ မွေးကင်းစ ကလေးပါ သတ်တယ် ၊ ဘုန်းကြီးတွေ သတ်တယ် ၊ ငွေလိုချင်တော့ တက္ကစီသမား ၊ ဆိုင်ကယ်ကယ်ရီ ၊ စျေးသည် အလွှာမျိုးစုံက အရပ်သားတွေ သတ်တယ် အခုချိန် အင်အားချိနဲ့သွားပြီး အင်မတန် သတ်ချင်တဲ့ တပ်မတော်ထောက်ခံပွဲတွေနားတောင် မကပ်နိုင်မှ ခွေးပါးစပ်က နတ်စကားထွက်ပြနေတာ)
- မီတာမဆောင်နဲ့တဲ့ ပြည်ပထွက်ပြေးတဲ့ သူတောင်းစားတွေက အမိန့်ပေးနေတယ် ။
(လက်တွေ့မှာ မီတာမဆောင်လို့ မီးဖြတ်တော့ ပူတာတမျိုး ရေမရှိတာ တမျိုး ၊ နောက်ဆုံးဖုန်းအားသွင်းဖို့တောင် အဆင်မပြေသူတွေအတွက် ယပ်တောင်တချောင်း ၊ ရေ တလီတာ ၊ ပါဝါဘန့် အသေးစားတလုံး ၊ တခုမှ မထောက်ပံ့နိုင်ပဲ လေကျယ်နေတာ ရီစရာပဲ)
- မြို့ပေါ်က ပျော်နေတဲ့သူတွေကို သစ္စဖောက်တွေတဲ့ ။
(သူတို့က တောထဲမှာ တွေ့ရာလူနဲ့ တော်သလင်းဇတ်ခင်းပြီး ဗိုက်တွေ တလုံးပြီး တလုံးဖျက်ချနေရတာ မပြောကြဘူး )
- ငါတို့ နိုင်နေပြီတဲ့ ။
(ဘယ်နေရာ နိုင်နေလဲ ကြည့်တော့ လက်နက်မရှိ ၊ တပ်မတော် အကာအကွယ်ပေးနိုင်ခြင်း မရှိသေးတဲ့ အရပ်သားတွေ သတ်ပြတာပဲ တွေ့ရတယ် ၊ တပ်မတော် စစ်ကြောင်းနဲ့တွေ့တိုင်း ပိုးလိုးပက်လက် အလောင်းတွေ ဂွေးပေါ် ဖင်ပေါ် လူမြင်မကောင်းဘူး)
- လုပ်စားဂွင် ကျဥ်းလာတော့ တွေ့ရာလူ ဒလံတံဆိပ်ကပ် သတ်ပြပြီး အလှူခံစားတယ် ၊ CDM တွေ အားပျော့လာတော့ ဇွတ်အတင်း ခြိမ်းခြောက်ပြီး CDM လုပ်ကြောင်း လက်မှတ်ထိုးခိုင်းနေတယ် ၊ နီးရာဒါး ကြောက်တော့လည်း ထိုးပေးရတာပေါ့ ကိုယ်ချင်းစာရပါတယ် ။
(လတ်တလော လိုင်းပေါ် ကြားနေရတဲ့ CDM ပြုလုပ်ကြောင်း ဝန်ခံလက်မှတ်တွေဟာ နစက ရဲ့ အုပ်ချုပ်မှု အားနည်းချက် နယ်မြေစိုးမိုးမှု အားနည်းချက်ကြောင့် ဖြစ်လာရတာမို့ နောင်တချိန် အရေးယူဖို့ ဖြစ်လာရင် ဒီအချက်ကို ထည့်သွင်းစဥ်းစား ဖြေလျှော့ရပါမယ်)
- သေကြေဒဏ်ရာ ရတာ ပြပြီး အလှူခံမယ် မျက်ရေချူမယ် ဒါပေမယ့် စိတ်ဓာတ်ကျကုန်မှာလည်း ကြောက်နေတယ် ။
(ဒီတော့ ကိုဘာသာ ရုပ်ရှင်ရိုက်ပြီး ထန်တလန်ကို မီးရှို့ မှတ်တမ်းယူ မျက်ရေချူပါတယ် ၊ အမှန်တရားကတော့ ပေါ်လာရတာပါပဲ)
ဒါတွေက သူတို့ရပ်ကွက်မှာ ဖြစ်နေတာတွေ ။ သနားစရာကောင်းတာက သတင်းမှန်တွေ သူတို့ မဖတ်ရဲလောက်အောင် ကြောက်နေကြတယ် ။
ဒါကြောင့် သူတို့ အခြင်းခြင်း ဝါဒဖြန့်ထားတဲ့ ငါတို့နိုင်တော့မှာ ဆိုတဲ့ ငိုသံပါကြီး နဲ့ ဖြစ်ညှစ်အော်နေကြတဲ့ အသံကိုပဲ နားစွင့်ပြီး အားတင်းနေကြရတဲ့ အနေအထားဖြစ်နေတော့ ပိတ်သထက် ပိတ်ကုန်တာပေါ့ ဗျာ ။
ဘက် နှစ်ဖက်က ယှဥ်ကြည့်လေ ရည်မှန်းချက်ခြင်း ၊ ရည်ရွယ်ပုံခြင်း ရလာဒ်ခြင်း ကွာခြားလေ ပါပဲ ။
အလှူခံတာခြင်း ယှဥ်ကြည့်လေ ။ ဒီဖက်လူတွေ အလှူခံပြီဆိုရင် သဘာဝဘေး ဒုက္ခသည်တွေ ၊ စစ်ဘေးဒုက္ခသည်တွေ ၊ စားဝတ်နေရေးအတွက် ကာလာမရွေး ကူညီဖို့ အလှူခံတယ် ။ စုန်းပြူးအချို့က လွဲပြီး ငွေကြေးကဏ္ဍ ရှင်းလင်းအောင် အတိအကျ ဆောင်ရွက်ကြတယ် ။ လုပ်သမျှ အတွက် လှူသူရော အလှူခံရော ကုသိုလ်တရားနဲ့ ပြည်စုံတဲ့ ကောင်းသောကံများ အကျိုးပေးဖို့ပဲ ရှိပါတယ် ။
တဖက်က အလှူခံတွေ ကြည့်လိုက်ပါအုံး ၊ သူတပါးကို သတ်ဖြတ်ဖို့ သေနတ် ၊ ဗုံး ၊ ခဲယမ်း ဝယ်ဖို့တဲ့ ။ ဝယ်ပြီး သတ်ပြတာက နို့စို့ကနေ ဘုန်းကြီးအထိ လစ်သလို သတ်နေတာလေ ။
လူသတ်အားပေး အကုသိုလ်ဝယ်ယူသူ အလှူရှင်တွေရဲ့ ငွေတွေကလည်း တာဝန်ခံတွေ စိတ်တိုင်းကျ ခိုးပြီးမှ အရိုးအရင်း ချကြွေးနေလို့ ပြဿနာပေါင်း သောင်းခြောက်ထောင် မကြားချင် အဆုံး ဗျာ ။
သူတို့ အလှူတွေက အကုသိုလ် အတွက် ကိုယ့်စားရိတ်နဲ့ကိုယ် ငရဲပြည်အသွားလက်မှတ် ဝယ်နေကြတာပဲ ဗျ ။ လူသတ်လက်နက် အတွက် အလှူခံသူရော လှူသူတွေရော ငရဲကို ပူးတွဲသွားကြဖို့ အကြောင်းရှိနေတာ တွေ့ရပါတယ် ။
ကဲ ငါတို့ နိုင်ပြီတဲ့ ။ ဘယ်မလဲ နိုင်နေတာ သက်သေပြလေ ဆိုတော့ ဝေလေလေပါပဲ ဗျာ ။
တခုတော့ ရှိတယ် ။ ဒေါ်စုကြည်ရဲ့ ဘုန်းကံလို့ ခေါ်ရမလား မသိဖူး ဗျ ။ သူလည်း အဖမ်းခံရ ၊ စွဲချက်တင် ဖြေရှင်းရ နဲ့ ဖြစ်နေချိန်မှာ ထူးခြားချက်တွေ တွေ့ရတယ် ။
သူမရဲ့ အခြေရံတွေက ထောင်ထဲ ကြိုရောက်နေရတာ ထူးဆန်းတယ် ။ အောင်မဲညိုတို့ ဝင်းထိန် တို့ အခြား လက်တိုလက်တောင်းတွေ တအုပ်ကြီး နဲ့ ပေါ့ဗျာ ။
ဟော ကြည့်အုံး လောလောဆယ် ဖြစ်ရပ် ကို ။
ဒေါ်စုကြည် ထောင်ကျရင် ထောင်ထဲမှာ သက်တန်း ကုန်ဖို့များတယ် ။ သူလုပ်ခဲ့တာလည်း နဲတဲ့ အကုသိုလ်မှ မဟုတ်တာလေ ။ ဒီတော့ ထောင်ထဲမှာ မုန့်ဟင်းခါး ကျွေးရင် အဆင်ပြေစေဖို့ မြောင်းထဲက ဒေါ်ချို တို့ မိသားစုလိုက် ကြိုရောက်နေရတယ် ။
အချိုပွဲ အတွက် အင်းစိန်ကို ရွှေပုဇွန် အုပ်စု ထပ်ရောက်ရင်တော့ သေချာပြီ ဘွားတော်ကြီး အတော် ဘုန်းကံကြီးတာပဲ ဆိုတာလေ ။
အရူးတွေရဲ့ ငိုသံပါကြီးနဲ့ ငါတို့ နိုင်ပြီဆိုတဲ့ အသံကို တွေးမိတွေးရာ တွေးတောရင်း တောရေးတောင်ရေး ရေးမိပြန်ပြီ ဗျာ ။
Credit: ကိုရွှေမျိုးဝင်း
No comments:
Post a Comment