Saturday, November 20, 2021

အရိုးကျီးပေါင်းအတွက် ဆေးနည်း

ဂုတ်_ခါး_ဒူး_ဖနောင့် တို့တွင် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း

အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း
.၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် )
၂ ။ ထမင်း လက်တစ်ဆုပ် ။
ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက် အမြစ် ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံးတစ်ခုမှာ ထည့်ထောင်းပါ ။
( မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ )
ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် သို့ ခါး တို့အား ပတ္တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး ပုံပါအတိုင်း စက္ကူတိတ်ကပ်ပေးထားပါ ။
ခြေဖနောင့် တတောင်ဆစ် ဒူးတို့အတွက် ဆေးအုံပြီး ပတ္တီးဖြင့်စီးပေးထားလျှင်ရပါသည် ။
မနက် တစ်နာရီကပ် အသစ်ပြန်ထောင်း ညဖက် တစ်နာရီကပ် တနေ့ ၂ ခါကပ်ပေးပါ ။
( အချိန်ပိုလည်းရပါတယ် )
ကျီးပေါင်း ( အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်)
တပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပာက အရိုးကျီးပေါင်းအတွက် အမှန်တကယ်ထူးခြားလာပါလိမ့်မယ် ။
Credit: Original Writer

No comments:

Post a Comment