Wednesday, February 3, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၇)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၇)
  • Posted by Myanmar Network Forum Moderator3 on March 27, 2014 at 17:30
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 
 
ထင်မြင်ချက်များ (Opinions)


သင့်ထင်မြင်ချက်ကို ပြောတဲ့အခါမှာပဲဖြစ်ဖြစ် သင့်အဖော်ရဲ့ ထင်မြင်ချက်ကို တောင်းခံရာမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ စကားအသုံးအနှုန်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ဒီအသုံးအနှုန်းတွေကိုတော့ ဆွေးနွေးရတဲ့လုပ်ငန်း တွေမှာ (discussion activity) မှာ လိုအပ်မှာဖြစ်ပါတယ်။


သင့်ထင်မြင်ချက်ကို ပေးတဲ့အခါ (Giving your opinin) အောက်ပါတို့ကို အသုံးပြုနိုင်ပါတယ်။
  • I think…………/I don’t think…………..(………………….လို့ထင်ပါတယ်/မထင်ပါဘူး။)
  • I believe………./I don’t believe…………(……………….လို့ ယုံပါတယ်/မယုံပါဘူး။)
  • In my opinion……………..(ကျွန်တော့်အမြင်မှာတော့……………….)
  • For me ……………..(ကျွန်တော့်အတွက်ကတော့………………..)
  • Personally, I think…………………..(ကျွန်တော့်သဘောအရဆိုရင်…………………လို့ ထင်ပါတယ်။)

လူတစ်ဦးတစ်ယောက်၏ ထင်မြင်ချက်ကို မေးခြင်း (Asking for someone’s opinion)
  • Do you agree? (သဘောတူပါသလား?)
  • What do you think? (ဘယ်လိုထင်ပါသလဲ?)
  • What do you think about……….(this)? (ဒါနဲ့………….ပတ်သက်လို့ဘယ်လိုထင်ပါသလဲ?)
  • Do you think that’s right? (အဲဒါ မှန်တယ်လို့ ထင်ပါသလား?)
  • What’s your view? (ခင်ဗျား ဘယ်လိုထင်သလဲ?)
  • Are you Ok with that? (အဲဒါနဲ့ပတ်သက်လို့ သဘောတူပါသလား?)

သဘောတူခြင်းနှင့် သဘောမတူခြင်း (Agreeing and disagreeing)

သဘောတူခြင်း
  • That’s right! (အဲဒါ အမှန်ပဲ!)
  • Absolutely! (အပြည့်အ၀ပဲ!)
  • Exactly! (အတိအကျပဲ!)
  • Me too! (ကျွန်တော်ရောပဲ)
  • Yes, I agree! (ဟုတ်ကဲ့၊ ကျွန်တော် သဘောတူပါတယ်!)
  • I couldn’t agree more! (ဒီထက်ပိုပြီး သဘောတူနိုင်စရာမရှိတော့ဘူး!)
  • I see exactly what you mean! (ခင်ဗျား ဘာကို ပြောချင်တာလဲဆိုတာ ကျွန်တော် အသေအချာ သဘောပေါက်ပါတယ်။)
  • You’re right. That’s a good point. (ခင်ဗျား မှန်တယ်။ အဲဒီအချက်က ထိထိမိမိရှိတယ်။)

သဘောမတူခြင်း
  • I don’t agree! (ကျွန်တော် သဘောမတူဘူး!)
  • I totally disagree! (ကျွန်တော် လုံးဝ သဘောမတူဘူး!)
  • Absolutely not! (လုံးဝပဲ!)
  • That’s not right! (အဲဒါ မမှန်ဘူး!)
  • I’m not sure about that. (အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် မသေချာဘူး။)

တစ်စိတ်တစ်ပိုင်း သဘောတူခြင်း (partly agreeing)
  • I agree up to a point………………….(အတိုင်းအတာတစ်ခုအထိတော့ သဘောတူပါတယ်………)
  • I see your point……………………..(ခင်ဗျားဆိုလိုချက်ကို ကျွန်တော် သဘောပေါက်ပါတယ်……..)
  • That’s partly true, but………………(တစ်စိတ်တစ်ဒေသတော့ မှန်ပါတယ်၊ ဒါပေမဲ့……..)
  • I’m not so sure about that……….(အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်မသေချာဘူး။)

သင့်ရဲ့ ထင်မြင်ချက်တွေကို အမြဲပဲ အကျိုးသင့်အကြောင်းသင့် ပြောပြတာဟာ ကောင်းတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ “သဘောတူပါတယ်။” (I agree) လို့ တုံးတိတိမပြောဘဲ “ကျွန်တော် သဘောတူရတဲ့အကြောင်း ရင်းကတော့………………………….ကြောင့်ပဲဖြစ်ပါတယ်။” (I agree because I think that………………) လို့ ပြောရင်း အကြောင်းရင်းကို ရှင်းပြပါ။

စိတ်ဝင်စားမှုကို ပြသခြင်း (Showing interest)

သင့်အဖော်ပြောနေတဲ့ အကြောင်းအရာကို စိတ်ဝင်စားမှု ပြတာကလည်း အရေးကြီးပါတယ်။ ဖော်ပြမဲ့ အသုံးအနှုန်းတွေကိုသုံးပြီး သင့်စိတ်ဝင်စားမှုကို ဖော်ပြပါ။ အရမ်းစိတ်ဝင်စားတဲ့အခါ (သို့) အံ့သြတဲ့အခါ အသံဟာ မြင့်တက် သွားပြီး ကျယ်လာတယ်ဆိုတာကိုတော့ မမေ့ပါနှင့်။

သာမန်တုံ့ပြန်မှု (Normal Response)
  • Uh - huh! (အင်း-အင်း)
  • That’s interesting. (အဲဒါ စိတ်ဝင်စားဖို့ ကောင်းသားပဲ။)
  • Oh, I see. (အော် သဘောပေါက်ပြီ။)
  • Right! (ဟုတ်တာပေါ့)

ပို၍ပြင်းထန်သော တုံ့ပြန်မှု (Stronger response)
  • Really? (တကယ်?)
  • Wow! That’s amazing! (အိုး၊ အဲဒါကတော့ အံ့သြစရာပဲ။)
  • That’s incredible! (အဲဒါက မယုံနိုင်လောက်အောင်ပါပဲ)
  • No way! (ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး)
  • Your’e joking! (ခင်ဗျား နောက်နေပြန်ပါပြီ။)

သင်နားလည်ပါရဲ့လား (Do you undersland?)

သင်နဲ့ လူတစ်ဦးတစ်ယောက်နဲ့ စကားပြောကြတဲ့အခါမှာ တစ်ယောက်ပြောတာကို တစ်ယောက်က နားလည်ဖို့ လိုပါတယ်။ တစ်စုံတစ်ရာကို နားမလည်ပါက ဘာကို ဆိုလိုချင်တာလည်းဆိုတာ ရှင်းပြခိုင်းပါ။ သူတို့ကလည်း သင့်ကို နားမလည်ဘူးဆိုရင် သင်ဘာပြောချင်တာလည်းဆိုတာကို ရှင်းပြလိုက်ပါ။ ဒီလိုမေးတဲ့ ရှင်းတဲ့အခါ အောက်ဖော်ပြပါ အသုံးအနှုန်းတို့ကို အသုံးပြုနိုင်ပါတယ်။

သင် နားမလည်သောအခါ (when you don’t understand)
  • I don’t understand. (ကျွန်တော် နားမလည်ပါဘူး။)
  • Could you repeat that? (အဲဒါကို ထပ်ပြောနိုင်မလား?)
  • Could you say that again? (အဲဒါကို နောက်တစ်ကြိမ်ပြန်ပြောနိုင်မလား?)
  • What do you mean, exactly? (တိတိကျကျ ဘာကို ပြောချင်တာလဲ?)
  • I’m not sure what you mean. (ခင်ဗျား ဘာကို ဆိုလိုတာလဲ ကျွန်တော် မသေချာဘူး။)
  • Can you explain that? (အဲဒါကို ရှင်းပြနိုင်မလား?)

သင်ဆိုလိုတာကို ရှင်းပြခြင်း (Explain what you mean)
  • What I mean is…………………..(ကျွန်တော်ဆိုလိုတာကတော့…………………………)
  • In other words…………………..(တစ်နည်းပြောရရင်တော့……………………….)

မှတ်ချက်။ "စကားလုံးအတိအကျ မသိသောအခါ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါရှိတဲ့ အကြံပြုချက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment