Saturday, February 6, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂၀)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂၀)
  • Posted by Myanmar Network Forum Moderator3 on May 29, 2014 at 17:05
  •  
  • အပြောစွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Speaking Exams) 

    ကွက်လပ်တွင် အချက်အလက်ဖြည့်ရသော လုပ်ငန်းများ (Information gap activity)

    အချက်အလက်ကွက်လပ်ဖြည့်ခြင်း (Information gap activities) သည် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး speaking exam ပုံစံမှာ ထိပ်သီးအမှတ်ရနိုင်စေမဲ့ အကြံပြုချက်များ ဖော်ပြလိုက်ပါတယ်။
    အခြား ကျောင်းသားတစ်ယောက်ယောက်နှင့်အတူ speaking exam ရှိရင် သင့်အား အချက်အလက် လွတ်လပ် ဖြည့်ခြင်းလုပ်ငန်းကို လုပ်ခိုင်းနိုင်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်မှာ သင်နဲ့သင့်အဖော်ကို မတူညီတဲ့အချက် အလက်တွေကို ကြည့်ခိုင်းပြီးနောက် အချင်းချင်း စကားပြောရင်း အချက်အလက်တွေကို ဖလှယ်ရမှာ ဖြစ်ပါ တယ်။
ဒီလိုလုပ်ငန်းမျိုးအတွက် ကောင်းသော အကြံပြုချက်များကို အောက်တွင် ဖော်ပြလိုက်ပါတယ်။

ဆောင်ရန်
  • ညွှန်ကြားချက်တွေကို ဂရုတစိုက်နားထောင်ပါ။
  • သင် ဘာလုပ်ရမယ်ဆိုတာကို သေသေချာချာ နားမလည်ရင် ဆရာကို ထပ်ပြောခိုင်းပါ။
  • သင့်အဖော်ကို ကြည့်ပါ။ သင်ပြောတာတွေကို သူ နားလည်၊ မလည် စစ်ဆေးပါ။
  • အဖော်က နားမလည်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ပြော / ရှင်းပြဖို့အဆင်သင့်ဖြစ်နေပါစေ။
  • သင့်အဖော်ရဲ့ ဖြေကြားချက်ကို ဂရုစိုက် နားထောင်ပြီး သူပြောတာတွေကို စိတ်ဝင်စားကြောင်း ပြပါ။
  • သင့်အဖော်နှင့် အလှည့်ကျ ဆောင်ရွက်ပါ။

ရှောင်ရန်
  • သင့်အဖော်ထက် စကားကို ပိုမပြောပါနှင့်။
  • သင့်အဖော်ပြောတဲ့ စကားတွေကို မသိကျိုးကျွန် မပြုပါနှင့်။
  • သင်နှင့် သင့်အဖော်တို့သည် အင်္ဂလိပ်စာ အဆင့်(english level) ချင်းမတူညီပါက စိတ်မပူပါနှင့်။
  • သင့်အဖော်ရဲ့ အဖြေလွှာကို ကြည့်ပြီး အဖြေတွေကို ကူးမချပါနှင့်။

အချက်အလက်ကွက်လပ်ဖြည့်ခြင်းအတွက် ဥပမာများ။ (Examples of information gap activities)

ဥပမာ (၁) အချက်အလက် ဖလှယ်ခြင်း (Information Exchange)

Student A : ရပ်ကွက်ရုပ်ရှင်ရုံရှိ ရုပ်ရှင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကြည့်ပါ။ အဲဒီ အချက် အလက်တွေကို အသုံးပြုပြီး သင့်အဖော်ရဲ့ မေးခွန်းတွေကို ဖြေပါ။
Student B : ရပ်ကွက်ရုပ်ရှင်ရုံရှိ ရုပ်ရှင်တွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ကြည့်ပါ။ ရုပ်ရှင်တွေ အကြောင်း ပိုသိနိုင်ရန်အတွက် သင့်အဖော်ကို မေးခွန်းတွေမေးပါ။

ဥပမာ (၂) ရုပ်ပုံကွဲလွဲချက် (Picture difference)

Student A နှင့် B : ရုပ်ပုံကို ကြည့်ပါ။ သင့်အဖော်ကို ရုပ်ပုံအကြောင်း ပြောပြလိုက်ပါ။ သင့်အဖော်က သူရရှိထားတဲ့ ရုပ်ပုံအကြောင်းပြောတာကို နားထောင်ပါ။ ရုပ်ပုံ(၂)ခုကြား ကွဲလွဲချက် (၅)ခုကို ရှာပါ။

ဥပမာ (၃) သတ်မှတ်ထားသော ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခြင်း (Role-play)

သင့်ရဲ့ သရုပ်ဆောင်ကတ်ပြားပေါ်ရှိ အချက်အလက်ကို ဖတ်ပြီး အဖော်နှင့် ဆွေးနွေးပါ။ ပြဿနာအတွက် အဖြေရှာပါ။
Student A : သင်ဟာ ဟိုတယ်တစ်ခုမှာ တည်းနေတဲ့ ဧည့်သည်တစ်ဦးဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ၀က်(ဘ)ဆိုဒ် ကတော့ ၄င်းဟိုတယ်ဟာ ဇိမ်ခံဟိုတယ်ဖြစ်တယ်လို့ ဖော်ပြထားပေမဲ့ သင့်အခန်းထဲက အိပ်ရာခင်းတွေနဲ့ တဘက်တွေဟာ ညစ်ပတ်နေပြီး ရေချိုးခန်းကလည်း ကျဉ်းလွန်းတဲ့အပြင် အပြင်ဖက်လမ်းကလည်း ဆူညံနေပါတယ်။ ဒါ့အပြင် ……..(သင့်အနေဖြင့် နောက်ထပ်ပြဿနာ (၂)ခုကို ရွေးချယ်ပါ။) သင့်အနေဖြင့် ပိုကောင်းတဲ့ အခန်းကို ပြောင်းချင်တဲ့အပြင် လျှော့ဈေး လည်းလိုချင်ပါတယ်။ ဒါကြောင့် ကြိုဆိုလက်ခံရေးအမှုထမ်း (receptionist) နဲ့ ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းပါ။
Student B : သင်ကတော့ ဟိုတယ်ရဲ့ receptionist ဖြစ်ပါတယ်။ ဟိုတယ်မှာ အရာတိုင်းကို တိုင်တန်း ညည်းညူနေတဲ့ ဧည့်သည်တစ်ဦးတည်းခိုနေပါတယ်။ အဲဒီဧည့်သည်က ပြဿနာမရှိတာကို တောင်မှ ပြဿနာလုပ်နေတဲ့သူပါ။ သင့်အနေဖြင့် ဧည့်သည်တစ်ယောက်ကို အခန်းပြောင်း ပေးပိုင်ခွင့်ရှိပေမဲ့ အခန်းရဲ့ ဈေးနှုန်းကိုတော့ လျှော့ပေးပိုင်ခွင့်မရှိပါ။ ဧည့်သည်နှင့် ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းပါ။

ပုံပြင် (သို့) ကိုယ်တွေ့ ဖြစ်ရပ်ပြောခြင်း (Tell a story or personal anecdote)

တချို့ speaking exams တွေမှာ သင်ကိုယ်တိုင် ဖန်တီးထားတဲ့ ပုံပြင် (သို့) ကိုယ်တွေ့ဖြစ်ရပ်ကို ပြောကောင်း ပြောရပါလိမ့်မယ်။ ဒီလို ကိုယ်တွေ့ဖြစ်ရပ်ကို personal anecdote လို့ ခေါ်ပါတယ်။

ဆောင်ရန်များ
  • စကားစပြီး မပြောခင် မေးခွန်းနှင့် ပုံပြင်အကြောင်းကို စဉ်းစားဖို့အချိန်ယူပါ။
  • ကြိယာရဲ့ ကာလတွေကို ရိုးရိုးအတိတ်ကာလ (simple past tense)၊ အတိတ်ဆက်လုပ်ကာလ (past continuous tense)၊ အတိတ်ပြီးစီးကာလ (past perfect tense) အစရှိတဲ့ ဇာတ်ကြောင်းပြန်တဲ့ ကြိယာတွေကို သုံးပါ။
  • ပုံပြင်ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် နာမ၀ိသေသနများ (adjectives)နှင့် ကြိယာထောက်များ(adverbs)ကို သုံးပါ။
  • First of all, then, after that, later on, finally, in the end, အစရှိတဲ့ အစီအစဉ်ပြစကားလုံး (sequencing words) တွေကို သုံးပါ။
  • သင့်ပုံပြင်မှာ နိဒါန်းပါပါစေ။ နိဒါန်းထဲမှာ သင့်ပုံပြင်ရဲ့ အတိုချုပ်ကို ပြောပြပါ။
  • သင့်ဖြစ်ရပ်ရဲ့ နောက်ခံအကြောင်းပြောပါ။ ဒီဇာတ်လမ်းဟာ ဘယ်အချိန်က ဘယ်နေရာမှာဖြစ်ပျက်ခဲ့ပြီး အဲဒီအချိန်မှာ သင်ဘာလုပ်နေလဲဆိုတာကို ပြောပြပါ။
  • ဘာဖြစ်ခဲ့တယ်ဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် ပြောပြပါ။ so, because, နှင့် although ကဲ့သို့သော စကားလုံးများကို သုံးပြီး ဖြစ်ရပ်ပြီးဆုံးတဲ့အထိ လှုပ်ရှားမှုများကို ချိတ်ဆက်ပေးပါ။
  • လှုပ်ရှားမှုများကို ဆက်တိုက် လှုပ်ရှားနေပါစေ။
  • ဒီပုံပြင် (သို့) ကိုယ်တွေ့ဖြစ်ရပ်ဟာ ဘာကြောင့် သင့်အတွက် အရေးကြီးတယ်(သို့) အမှတ်တရဖြစ်စေတယ်ဆို တာကို ရှင်းပြရင်းနှင့် သင့်ရဲ့ပုံပြင် (သို့) ကိုယ်တွေ့ဖြစ်ရပ်ပြောခြင်းကို နိဂုံးချုပ်လိုက်ပါ။
  • နားထောင်နေသူများကို ကြည့်ပါ။

ရှောင်ရန်
  • ပုံကို အချိန်အကြာကြီး စွဲမပြောပါနှင့်။ သို့မဟုတ်က နားထောင်သူတွေ ညည်းငွေ့သွားပါလိမ့်မယ်။
  • လေးတွဲ့သော (သို့) ညည်းငွေ့ဖွယ်ရာကောင်းသော အသံဖြင့် မပြောပါနှင့်။
  • အောက်သို့ ငုံ့ကြည့်ခြင်း (သို့) အခန်းရဲ့ ဟိုဟိုသည်သည်ကို ရှောက်ကြည့်ခြင်းတို့ကို ရှောင်ကျဉ်ပါ။
နမူနာပုံပြောလုပ်ငန်းများ (Examples of storytelling tasks)
  • သင်ကြုံဘူးတဲ့ အပျော်ခရီး (holiday) အကြောင်းပြောပါ။ (Tell me about a holiday you had.)
  • သင်ကြုံဘူးတဲ့ ခက်ခဲတဲ့ ခရီးတစ်ခုအကြောင်းပြောပါ။ (Tell me about a difficult journey you had.)
  • သင်ကြုံဘူးတဲ့ အဆင်ပြေဆုံးနေ့တစ်နေ့အကြောင်း ပြောပြပါ။ (Tell me about a perfect day you’ve had.)
  • သင့်ဘ၀မှာ ကြုံဘူးတဲ့ အထူးဖြစ်ရပ်တစ်ခုအကြောင်း ပြောပြပါ။ (Tell me about a special event in your life.)
  • သင့်အမှတ်ရနေသေးတဲ့ မွေးနေ့အကြောင်း ပြောပြပါ။ (Tell me about a birthday you remember.)
  • သင့်အတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုခုကို ပျောက်ဆုံးခဲ့ရတဲ့အချိန်အကြောင်း ပြောပြပါ။ (Tell me about a time when you lost something important.)
  • တစ်စုံတစ်ဦးကို သင်က အံ့သြသွားအောင် ပြုလုပ်ခဲ့ဖူးတဲ့အချိန်အကြောင်း ပြောပြပါ။ (Tell me about a time when you gave someone a surprise.)

နှုတ်ဖြင့် တင်ဆက်မှု (Oral presentation)

Speaking exam တစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှုတ်ဖြင့် တင်ဆက်မှုသည် တကယ့်ကို ကြောက်စရာ ကောင်းပါတယ်။ ဒါပေမဲ့လည်း အောက်ဖော်ပြပါ အကြံပြုချက်များက အကူအညီပေးမှာဖြစ်ပါတယ်။ ကျောင်းသား (၂)ဦး တင်ဆက်မှုများပြုလုပ်ပုံကို ကြည့်ပြီးမှ အကြံပြုချက်များကို ဖတ်ကြည့်ပါ။ ဘယ်အကြံပြုချက်တွေကို သူတို့လိုက်နာ ခဲ့ကြပါသလဲ? ဘယ်အကြံပြုချက်တွေကို မလိုက်နာပါဘူးလဲ? ကောင်းတဲ့ တင်ဆက်မှုပြုလုပ်နိုင်ဖို့က မလွယ်ကူသော်လည်း ဒီအကြံပြုချက်တွေက သင့်အား အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
ဆောင်ရန်များ
  • စီစဉ်ရေးဆွဲချိန် (planning time)ကို သင်ဘာပြောမယ်ဆိုတာကို ပြင်ဆင်ပါ။
  • မှတ်စုကတ်ပြား (note card) သုံးခွင့်ပြုပါက အချက်ပုံစံဖြင့် မှတ်စုတိုလေးတွေရေးပါ။
  • ပို၍ ခန့်သော ဘာသာစကား (formal language)ကို သုံးပါ။
  • သင့်အတွေးအခေါ်တွေကို ရှင်းလင်းစွာ ဖော်ပြနိုင်ဖို့ တိုပြီး ရိုးရှင်း (short and simple)သော ၀ါကျများကို အသုံးပြုပါ။
  • မကြာခဏ နား(pause)ပါ။ စကားကို အရမ်းမြန်မြန်မပြောပါနှင့်။ ဒီလိုပြုလုပ်ပါက သင့်ကို နားထောင်နေသူ များက သင် တင်ပြမှုကို နားလည်နိုင်ပါလိမ့်မည်။ အတွေးတစ်ခုကို တင်ပြပြီးတိုင်း နားပါ။
  • ကြည်လင်ပြတ်သားပြီး သင့်တော်သော အသံအတိုးအကျယ် ပမာဏဖြင့် ပြောပါ။
  • မေ့သွားမှာစိုးရင် လိုရမယ်ရ မှတ်စုများကို အဆင်သင့်ဆောင်ထားပါ။
  • သင့်တင်ဆက်မှုကို လေ့ကျင့်ပါ။ ဖြစ်နိုင်ပါက အသံဖမ်းပြီး ပြန်နားထောင်ပါ။ အသံမစမ်းနိုင်ရင် သူငယ်ချင်း တစ်ဦးဦးကို နားထောင်ခိုင်းပါ။ နားထောင်ပေးတဲ့ သူငယ်ချင်းက သင်ပြောတာကို နားလည်ရဲ့လား?
  • သင့်ထင်မြင်ချက်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြပါ။ ထင်မြင်ချက်ကို ဖော်ပြတဲ့ စကားအသုံးအနှုန်းတွေကို အသုံးပြုပါ။ 
  • သင့်ကို နားထောင်နေသူများကို ကြည့်ပါ။

ရှောင်ရန်များ
  • တင်ဆက်မှုတစ်ခုလုံးကို ရေးချပြီး -၏၊ သည်မလွဲ- အကုန်မကျက်ပါနှင့်။
  • တင်ဆက်မှုတစ်ခုလုံးကို ရေးချပြီး ဖတ်မပြပါနှင့်။
  • အရမ်းအရပ်ဆန်တဲ့ စကားအသုံးအနှုန်း (informal language) မသုံးပါနှင့်။
  • မှတ်စုကတ်ပြားကိုပဲ ကြည့်မနေပါနှင့်။ စကားပြောနေတဲ့အခါ နားထောင်နေသူတွေကို ကြည့်ဖို့ရာ အရေးကြီး ပါတယ်။

တင်ဆက်မှုပြုလုပ်ရာတွင် အသုံးဝင်သော စကားအသုံးအနှုန်း (Useful language for presentations)

တင်ဆက်မှုအစ၌ သင် ဘာအကြော်းတင်ဆက်မှာလဲဆိုတာကို ရှင်းပြပါ။ (Explain what your presentation is about at the beginning)
  • I'm going to talk about…………….(ကျွန်တော် တင်ဆက်မှာကတော့…………အကြောင်းပဲဖြစ်ပါတယ်။)
  • I’d like to talk about………………(ကျွန်တော်…………..အကြောင်းကို တင်ပြလိုပါတယ်။)
  • The main focus of this presentation is ………(ယခုတင်ဆက်မှုရဲ့ အဓိကဆွဲဆောင်ချက်ကတော့..…)

သင့်စိတ်ကူးများ အစီအစဉ်ကျစေမည့် စကားအသုံးအနှုန်းများ (Expressions to order your ideas)
  • First of all,…………. (ပထမဦးဆုံး…………….……….)
  • Firstly,…………. (ပထမအနေဖြင့်……..………….)
  • Then,…………. (ထို့နောက်……………………….)
  • Secondly,…………. (ဒုတိယအနေဖြင့်……………….)
  • Next,…………. (ထို့နောက်……………………….)
  • Finally, …………. (နောက်ဆုံးပိတ်…………………)
  • Lastly,…………. (နောက်ဆုံး…………….…………)
  • To sum up,…………. (ပြန်ပြီး အကျဉ်းရုံးရရင်တော့………….)
  • In conclusion,…………. (နိဂုံးချုပ်အနေဖြင့်……….………)

အမြင်တူတဲ့ စိတ်ကူးများထပ်ဖြည့်ရာတွင် သုံးသော စကားအသုံးအနှုန်းများ (Expressions to add more ideas from the same point of view)
  • In addition,………..(…………………..အပြင်…………………)
  • What’s more,……………..(ပြီးတော့………………………….)
  • Also,…………………………….(……………………..ဒါ့အပြင်……………..)
  • Added to this, ……………..(ထပ်ပြီးဖြည့်ရမယ်ဆိုရင်……………………..)

ဆန့်ကျင်ဖက်အမြင်တင်ပြရာတွင် သုံးသော စကားအသုံးအနှုန်း (Expressions to introduce the opposite point of view)
  • However,………………………(…………………..ပေမဲ့လည်း……………………..)
  • On the other hand,…………..(……………………သို့သော်ငြားလည်း………………..)
  • Then again,…………………..(ဒါပေမဲ့……………………………….)

နမူနာတင်ဆက်မှုခေါင်းစဉ်များ (Example presentation topics)
  • Violent computer games should be banned. (ပြင်းထန်သော ကွန်ပျူတာဂိမ်း(ခ)များကို ပိတ်ပင်သင့်ပါတယ်။)
  • The sale of cigarettes should be made illegal. (ဆေးလိပ်ရောင်းချခြင်းကို တရားမ၀င်ဟု သတ်မှတ် သင့်ပါတယ်။)
  • Home work should be limited to just two nights a week. (အိမ်စာကို တစ်ပတ်ကို (၂)ညပဲ ကန့်သတ်သင့်ပါတယ်။)
  • Should school students be required to wear a school uniform? (ကျောင်းသားတွေဟာ ကျောင်း ၀တ်စုံဝတ်ဖို့ လိုအပ်ပါသလား?)
  • How to become the most popular teen in school. (ကျောင်းမှာ ရေပန်းအစားဆုံးသော (most popular) ဆယ်ကျော်သက်ဖြစ်အောင် လုပ်ပုံလုပ်နည်း။)
  • Dogs should be banned from cities. (ခွေးများကို မြို့ကြီးများမှာ ရှိခြင်းကို တားမြစ်သင့်သည်။)


No comments:

Post a Comment