ဗုဒ္ဓကပြောတယ်:
"လူတစ်ယောက်အကြောင်းကိုဂဃနဏသိသွားသည့်တိုင်အောင် လူအများသိအောင် ထုတ်ဖော်ပြောပြစရာ မလိုဘူး" တဲ့၊
လူတစ်ယောက်ရဲ့အကြောင်းစုံကိုသိသွားတောင်..သူရဲ့အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင် သူတစ်ပါးအပေါ်လေးစားခြင်း (Respect) ဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..ကိုယ်နဲ့မတည့်တဲ့သူရဲ့ အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင်
နားလည်ခွင့်လွှတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..
သူရဲ့အကြောင်းကိုအကုန်သိသွားသည့်တိုင်အောင် မထုတ်ဖော်ဘူး၊ အတင်းအနေနဲ့မပြောဘူးဆိုမှသာ စိတ်ဓာတ်ရဲ့အမြင့်ဆုံးပိုင်းမှာ သင်ရောက်နေတာ...
ဒီအဓိပ္ပါယ်ကိုနားလည်သွားရင် ဘဝမှာပျော်ပျော်နေဖို့ နောက်ထပ်နည်းတစ်ခုကိုတွေ့ရမှာ ...
အသက်ရှင်စဉ်.ကိုယ်က ကြည့်မရတဲ့သူတွေရှိမယ်..ကိုယ်ကို ကြည့်မရတဲ့သူတွေရှိမယ်..
သင့်ရဲ့ရင့်ကျက်မှုက သင်အသက် ဘယ်လောက်ကြီးပြီးသလဲနဲ့မဆိုင်ဘူး...
ဘဝမှာ ဘယ်လောက် လမ်းအများကြီးလျှောက်ဖူးသလဲ နဲ့မဆိုင်ဘူး...
ဘဝမှာ ဘယ်လောက်ရှုံးနိမ့်မှုအများကြီးနဲ့ ရင်ဆိုင်ဖူးသလဲ နဲ့မဆိုင်ဘူး...
သင်သာ လွှတ်ချခြင်းကိုနားလည်နိုင်မှသာ၊ ခွင့်လွှတ်ခြင်းကို သင်ယူနိုင်မှသာ၊
သူတစ်ပါးနဲ့ မလုယူတတ်တော့မှသာ ရင့်ကျက်ခြင်းဟုဆိုနိုင်မှာ....
နာကျင်မှုကမရှိတာမဟုတ်ဘူး၊ အေးခဲပြီးအငွေ့ပျံသွားတာ၊
လူတိုင်းမှာ သူ့နာကျင်မှုနဲ့သူ ရှိတယ်၊
အချိန်က ကုစားသွားလို့ ပျောက်တာမျိုး မဟုတ်ဘဲ ကိုယ်က ဒါ အကြောင်းကြောင့် အကျိုးဖြစ်တယ်မှန်း တစ်ချက်နားလည်လိုက်တာနဲ့ တစ်မဟုတ်ချင်း ယူပစ်သလို ပပျောက်သွားတာ...
မိမိစိတ်ထဲက အမှောင်ရိပ်ကိုဂရုမစိုက်ဘဲ စိတ်ရဲ့ဟိုးအောက်ဆုံးမှာ ချုံနွယ်ပိတ်ပေါင်းများစွားနဲ့ ဖုံးကွယ်ထားတာမျိုး မဟုတ်ဘူး..
နားလည်သဘောပေါက်ပြီး ဆရာဝန်ခွဲစိတ်ကုသမှုပြုသလို မျက်နှာအေးတိအေးစက်ထား.. ရင်ဆိုင်ကုသပြီး နဂိုတိုင်းပြန်ဖြစ်အောင်လုပ်ယူရမှာ..
ဒီအသက်အရွယ်အထိနေလာတဲ့တောက်လျှောက်မှာဘယ်သူနဲ့နေရတာပျော်သလဲ.. ပျော်တဲ့သူနဲ့နေ၊
သူငယ်ချင်းကောပဲ.. တွဲရတာပင်ပန်းတယ်ထင်ရင် လက်လွှတ်လိုက်၊
သူ့ဆီက အပျော်ကိုရှာမယ့်အစား ကိုယ့်ကိုယ်ကိုပျော်အောင်နေပေါ့၊
သူ့ဆီကအပျော်ရဖို့ ကိုယ်ကသူ့ကိုတစ်ခါပျော်အောင်ထားရဦးမယ်၊ ကိုယ်လည်းပျော်အောင်နေရဦးမယ်၊
ဘာဖြစ်လို့ နှစ်ခါပင်ပန်းခံမှာလဲ..
` အထီးကျန်ဆန်ပဲခံလိုက်မယ် စိတ်ဆင်းရဲဒဏ်မခံဘူးမိမိစိတ်ထဲကိုဝင်နိုင်တဲ့သူ တန်ဖိုးထားမယ်၊
မဝင်နိုင်ရင် ဝေးဝေးကနေမယ်၊ရေစက်က မှေးမှိန်နေမှတော့ လုပ်မယူတော့ဘူးလေ..
လူတစ်ယောက်အကြောင်းကို အတွင်းသိအစင်းသိဖြစ်သွားရင်တောင် အတင်းအနေနဲ့မထုတ်ပြော ဘဲ ဖြည်းဖြည်းချင်းမေ့ပစ်လိုက်တာ သိပ်မခက်ခဲပါဘူး.....
ကိုယ့်ကိုပျော်နေ ပြီးရောပေါ့ ....
မူလရေးသားသူအား Credit:

No comments:
Post a Comment