Sunday, February 7, 2016

အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ



အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ
Posted by Betty on November 3, 2015 at 10:41 

       ကြီးကျယ်ခမ်းနားလှသည့် ကိုယ်ရေးရာဇဝင်တစ်စောင်နှင့် အင်တာဗျူးနည်းနာတွေ ခိုင်ခိုင်မာမာရှိပါက အလုပ်လျှောက် ထားသူတစ်ဦးသည် လစ်လပ်သောနေရာအတွက် လျာထားခြင်းခံရကောင်းခံရနိုင်ပါသည်။ သို့သော် အောင်မြင်နေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သော Office Team (ရုံးအဖွဲ့)အမည်ရ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့ စစ် တမ်းကောက်ချက်အရ Reference (ခေါ်) အလုပ်အတွက်ထောက်ခံပေးချက်များကို စစ်ဆေးကြည့်ပြီး ရရှိလာသော ရလာဒ်များကသာလျှင် အလုပ်ရှာဖွေခြင်းတစ်ရပ်ကို အမှန်တကယ် အောင်မြင်လာစေမလား၊ လွဲချော်သွားစေမလား
ဆုံးဖြတ်ပေးသည်ဟု ဆိုပါသည်။ ဤစစ်တမ်းအတွက် အင်တာဗျူးခဲ့သော အလုပ်ခန့်အပ်သည့် မန်နေဂျာများက လုပ်ငန်းခွင်ဆိုင်ရာ ထောက်ခံပေးတဲ့နေရာများနှင့် စကားပြောကြည့်ပြီးနောက်တွင် လျှောက်ထားသူတွေရဲ့ ၂၁ရာခိုင်နှုန်းလောက်ကို စဉ်းစားတဲ့အထဲက ဖယ်ထုတ်ခဲ့ရသည်ဟု ဆိုပါသည်။

မန်နေဂျာများကို လျှောက်ထားသူတွေရဲ့ အလုပ်ရည်ညွှန်းထောက်ခံပေးတဲ့လူတွေနဲ့ စကားပြောကြည့်တဲ့အခါ အရေး အကြီးဆုံးအချက်အနေနဲ့ ဘာတွေများ သိရဖို့ မျှော်လင့်ပါသလဲဟု မေးကြည့်ပါတယ်။ သူတို့ရဲ့ အဖြေများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • ပြီးခဲ့သောအလုပ်၏ တာဝန်များနှင့်အတွေ့အကြုံဖော်ပြပေးမှု - ၃၆ရာခိုင်နှုန်း
  • လျှောက်ထားသူ၏ အားသာချက်များနှင့် အားနည်းချက်များအပေါ်အမြင် - ၃၁ရာခိုင်နှုန်း
  • ရာထူး နှင့်အလုပ်ခန့်အပ်သော နေ့စွဲများမှန်ကန်ကြောင်း ထောက်ခံပေးမှု - ၁၁ရာခိုင်နှုန်း
  • လုပ်ငန်းတွင်းစွမ်းဆောင်မှုများ ဖော်ပြပေးမှု - ၈ ရာခိုင်နှုန်း
  • လျှောက်ထားသူ၏ ပိုမိုနှစ်သက် သည့် လုပ်ငန်းခွင်ပုံစံမျိုး သိရှိလာရမှု - ၇ ရာခိုင်နှုန်း
  • အခြား / မသိပါ - ၇ ရာခိုင်နှုန်း

အလုပ်ခန့်အပ်မည့် မန်နေဂျာများသည် ဖြစ်နိုင်ချေရှိသော လျှောက်ထားသူအနည်းငယ်သာ ကျန်ရှိအောင် စီစစ်ပြီး သောအချိန်တွင် ရည်ညွှန်းထောက်ခံစာများ (Reference) စစ်ဆေးခြင်းကိစ္စသည် မကြာခဏပင် အဆုံးအဖြတ်ပေးသော အရာဖြစ်လာ ပါသည်။ အလုပ်အတွက် ပြိုင်ဆိုင်နေသူများကြားမှ ခွဲထွက်ထင်ရှားလာစေရန် အလုပ်ရှာဖွေသူများသည် သူတို့၏ ပညာအရည်အချင်းများနှင့် လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်များအကြောင်း တဖက်သူ လက်ခံယိမ်းပါးလာအောင် ပြောဆို ပေးနိုင်စွမ်းရှိသည့် Reference စာ ထောက်ခံပေးမည့်သူ ခိုင်ခိုင်မာမာ စာရင်းတစ်ခု စုစည်းပြုစုထားသင့်ပါသည်။

သင့်အတွက် အားသာမှုရှိလာအောင် စွမ်းဆောင်ပေးမည့် Reference စာရင်းတစ်ခု ဖန်တီးနိုင်ရန် လိုက်နာသင့်သော အချက်ငါးချက်


၁။ ပညာသားပါပါရွေးချယ်ပါ။

လက်ရှိလျှောက်ထားသောအလုပ် နှင့် တိုက်ရိုက်သက်ဆိုင်မည့် သင်၏ အရည်အချင်းများနှင့် အတွေ့အကြုံများအကြောင်း ဆွေးနွေးပေးနိုင်မည့်လူမျိုးကို ရွေးချယ်ပါ။ လူအထင်ကြီးစေမည့် အလုပ်ရာထူးများ ပိုင်ဆိုင်ထားခြင်းဟူသည့် အချက်တစ်ခုတည်းနှင့်သာ မရွေးချယ်ပါနှင့်။ သင့်နောက်ကြောင်း၏ အမျိုးမျိုးသော အခန်းကဏ္ဍများနှင့် ပတ်သက်ပြီး ပြောပြနိုင်စွမ်းရှိသော အဆက်အသွယ်မျိုးစုံကို ဖော်ပြထားပေးပါ။ ဥပမာ ယခင်က အလုပ်လက်တွဲဖော်တစ်ဦးသည် သင်၏ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များအကြောင်း ဖော်ပြပေးနိုင်ကောင်းပေးနိုင်မည်ဖြစ်သလို ပြီးခဲ့သော တိုက်ရိုက်အစီရင်ခံ စာ တစ်ခုကလည်း သင်၏ စီမံခန့်ခွဲမှုပုံစံအကြောင်း ပြောပြပေးနိုင်သည်သာဖြစ်ပါသည်။

၂။ ကြိုတင်၍ မေးမြန်းပြောဆိုထားပါ။

ထောက်ခံချက်ပေးရန် အလားအလာရှိ သူများထံ အမြဲတမ်း ဖုန်းကြိုဆက်ထားခြင်းဖြင့် သူတို့၏ ခွင့်ပြုချက်ကို ယူထားပါ။ အလုပ်ခန့်မည့် မန်နေဂျာများအား စကားပြောဆိုပေးရန် သူတို့ဘက်မှ  စိတ်အားထက်သန်မှု မည်၍မည်မျှရှိကြောင်း သိအောင်ပြုလုပ်ပါ။ သင့်အား ထောက်ခံပေးမည့်သူအားလုံးထံ သင့်ကိုယ်ရေးရာဇဝင်၏ မိတ္တူတစ်စောင်၊ ဘယ်လိုအလုပ်မျိုးဖြစ်ကြောင်းဖော်ပြထားချက်နှင့် ဖုန်းဆက်လာနိုင်ဖွယ်ရှိသောသူ၏နာမည် စသဖြင့်တို့ကို ပေးထားမိစေရန် သေချာစွာပြုလုပ်ပါ။

၃။ အဆင်သင့်ပြင်ဆင်ထားပါ။

သင့်အား ရည်ညွှန်းထောက်ခံပေးမည့်သူများ၏ ဆက်သွယ်ရန် အချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြပေးပါ။ သူတို့၏ နာမည်များ၊ ရာထူးများ၊ နေ့ပိုင်းဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများ ပါဝင်ရမည်ဖြစ်သည်။ ပြီးနောက် တစ်ဦးချင်းစီနှင့် သင်နှင့်ဘယ်လိုပုံစံမျိုး ဆက်နွယ်မှုရှိကြောင်းကို တိုတိုတုတ်တုတ်ရှင်းပြထားပေးပါ။ တောင်းဆိုထားသည့် အရေအတွက် ထက်ပိုမို၍ ရည်ညွန်းထောက်ခံသူများကို ဖော်ပြပေးနိုင်ရန် စဉ်းစားပါ။ သို့မှသာ အလုပ်ခန့်မည့် မန်နေဂျာတစ်ဦးက သင်၏ ထောက်ခံပေးသူများထဲမှ တစ်ဦးဦးနှင့် ဆက်သွယ်၍ မရရှိသောအခါ သင်သည် အလုပ်ကမ်းလှမ်းခံရမည့် အခွင့်အရေး မဆုံးရှုံးမည်ဖြစ်သည်။

၎။ အများနှင့်မတူဘဲ ကွဲပြားစွာစဉ်းစားပါ။

လုပ်ငန်းရှင်များသည် လုပ်သားအသစ်ခေါ်ဆိုမှုများအတွက် ရည်ညွန်းထောက်ခံပေးမှုများကို ထပ်ဆင့်ရှာဖွေတတ်ကြ သည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ အွန်လိုင်းမှ ဖြစ်စေ၊ သူတို့၏ ကိုယ်ပိုင်ဆက်သွယ်မှုကွန်ယက်မှဖြစ်စေ ရှာတတ်ကြပါသည်။ အလုပ်ခန့်မည့်မန်နေဂျာတစ်ဦးသည် မည်သှူ့ဆီအထိ ဆက်သွယ်ရောက်ရှိနိုင်မည်ကို သင်မည်သို့မျှ သိနိုင်မည်မဟုတ်သောကြောင့် သင်သည် ယခင်က လုပ်ငန်းအုပ်ချုပ်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် (ဖြစ်နိုင်လျှင်) ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်သည်။ ထို့ပြင် အွန်လိုင်းပေါ်ရှိ သင်၏ ကွန်ယက် ထဲတွင် မည်သူတွေ ရှိနေစေချင်သနည်းဆိုသည်ကိုပါ ရွေးချယ်တတ်ရန် လိုပါသည်။

၅။ ကျေးဇူးတင်ကြောင်း ပြောဆိုပါ။

လုပ်ငန်းရှင်များ မဆက်သွယ်ခဲ့လျှင်တောင်မှ သင့်အား ထောက်ခံချက်ပေးသူအဖြစ် ဆောင်ရွက်ပေးရန် သဘောတူပေးခဲ့သူများကို သင်အနေနှင့် ကျေးဇူးတင်ကြောင်းဖော်ပြပေးပါ။ သင်၏ အလုပ်ရှာဖွေနေမှု၏ တိုးတက်မှုအနေအထားကိုလည်း သူတို့ တောက်လျှောက် အသိပေးပါ။ အကယ်၍ သူတို့ဘက်မှ ထောက်ခံပေးမှု၊ ညွှန်းပေးမှုမျိုး လိုအပ်ပါကလည်း မိမိဘက်က ကျေးဇူးပြန်ဆပ်သည့်အနေနှင့် ပြန်ကူညီပေးလိုက်ပါ။

Career-advice.monster.com မှ What Employers Want from Job References ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment