Monday, February 1, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၅)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၅)
  • Posted by Myanmar Network Forum Moderator3 on March 24, 2014 at 17:21
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    အမျိုးအစားခွဲခြင်း (Categories)

    တစ်ခါတစ်ရံကျတော့လည်း စကားလုံးတွေကို အမျိုးအစားအလိုက် အုပ်စုခွဲပေးရပါတယ်။ ဒီလိုမျိုး လေ့ကျင့်ခန်းပုံစံက အများအားဖြင့် လွယ်ကူလေ့ရှိတဲ့အတွက် ထိတ်လန့်မနေဘဲ ပေးထားတဲ့ အကြံပြုချက်တွေကို အသုံးပြုကြည့်ပါ။
  • လေးထောင့်ကွက်ထဲက စကားလုံးတွေနှင့်အမျိုးအစားတွေကို ဖတ်ကြည့်ပါ။
  • သင်နားလည်တဲ့ စကားလုံးတွေကို အမျိုးအစားအမှန်ထဲကို ရေးထည့်ပါ။
  • အမျိုးအစားတစ်ခုမှာ စကားလုံး ဘယ်နှစ်လုံး ပါသလဲဆိုတာ သိပါသလား? သိတယ်ဆိုရင် စကားလုံး အရေအတွက်ကို သေသေချာချာရေပါ။
  • စကားလုံးတစ်လုံးလုံးကို မသိပါက ၄င်း၏ အမျိုးအစားကို မှန်းဆကြည့်လိုက်ပါ။ သင့်အဖြေ မှန်ကောင်း မှန်သွားနိုင်ပါတယ်။
  • အားလုံးပြီးသွားတဲ့အခါ အဖြေတွေကို သေသေချာချာ ပြန်စစ်ပါ။

အံမ၀င်ဂွင်မကျသော စကားလုံး (Odd one out)

ဒီမေးခွန်းပုံစံမျိုးမှာတော့ တခြားစကားလုံး ၃-၄ လုံးနှင့် အံမ၀င်ဂွင်မကျတဲ့ စကားလုံးကို ရွေးထုတ်ပေးရမှာပါ။ အဲဒီလိုလုပ်နိုင်ဖို့ရာ အောက်ပါအကြံပြုချက်တွေကို လေ့လာကြည့်ပါ။
  • စကားလုံးတွေကို သေသေချာချာဖတ်ပါ။
  • ကွဲပြားနေတဲ့စကားလုံးကို ရွေးမထုတ်မီ စကားလုံးတွေရဲ့ ဆက်စပ်မှုကို ရှာပါ။
  • အုပ်စုထဲက စကားလုံးတစ်လုံးလုံးကို နားမလည်ပါက ၄င်းသည် အုပ်စုထဲရှိ တခြားစကားလုံးများနှင့် ဆက်စပ်မှုရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် သင်နားမလည်တဲ့စကားလုံး ဖြစ်နေလို့ မတူဘူးဆိုပြီး ရွေး မထုတ်လိုက်ပါနဲ့။ ဆက်စပ်မှုကို အရင်ရှာပါ။
  • တစ်ခါတစ်ရံကျတော့လည်း သင်ရွေးထုတ်လိုက်တဲ့ စကားလုံးဟာ တခြားစကားလုံးတွေနဲ့ ခြားနားရတဲ့ အကြောင်းရင်းကို မေးတတ်ပါတယ်။ ညွှန်ကြားချက်ကို သေသေချာချာဖတ်ပါ။
  • ကွဲပြားတဲ့စကားလုံးကို မရွေးချယ်တတ်ပါက မှန်းကြည့်လိုက်ပါ။ သင့်အဖြေမှန်ကောင်း မှန်နိုင်ပါ တယ်။
  • ပြီးတဲ့အခါ အဖြေများကို သေသေချာချာ ပြန်စစ်ပါ။

စကားလုံးတည်ဆောက်ခြင်း (Word Building)

ပေးထားတဲ့ဝါကျ(သို့)စာပိုဒ်ကို ဖတ်ပြီး ကွက်လပ်ထဲကို ထည့်ရမယ့် စကားလုံးသည် ပေးရင်းစကားလုံးရဲ့ သဏ္ဍာန်များကို ပြောင်းလဲပြီး ထည့်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။
ဥပမာ- The -------- was very nervous . (sing)

ဝါကျကို ပြည့်စုံသွားအောင် 'singer' ဆိုတဲ့ စကားလုံးကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပေးရင်း sing ကို ကြိယာမှ 'singer' ဆိုတဲ့ noun သို့ သဏ္ဍာန်ပြောင်းပေးလိုက်ရပါတယ်။ ဒီလိုမေးခွန်းမျိုးကို ကောင်းစွာ ဖြေနိုင်ရန် အတွက် အောက်ဖော်ပြပါအကြံပြုချက်များကို လိုက်နာကြည့်ပါ။
  • သင်သဏ္ဍာန်ပြောင်းပေးရမယ့် စကားလုံးကို ကြည့်ပါ။ ၄င်းနှင့်တစ်အုပ်စုတည်းရှိ တခြား ဘယ်စကားလုံး တွေကို သင်သိထားပါသလဲ?
  • စကားလုံးရဲ့ အစဟာ တသမတ်တည်းရှိနေပြီး စကားလုံးရဲ့ အနောက်ကသာ ပြောင်းလဲ လေ့ရှိပါ တယ်။
  • စကားလုံးအသစ်ဟာ ဘယ်အချိုးအစားဖြစ်ပါသလဲ? Verb လား?၊ Noun လား?၊ Adjective လား?၊ adverb လား? ဆိုတာကို ခွဲခြားနိုင်ရပါမယ်။
  • နာမ်(nouns)တွေဟာ -ment,-ion,-ness,-ity အစရှိသော စကားလုံးများဖြင့် အဆုံးသတ် လေ့ရှိပါတယ်။
  • လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သော နာမ်တွေကတော့ -er,-or,-ist,-ian တို့ဖြင့် အဆုံးသတ် တတ်ကြပါတယ်။
  • -able,-ible,-ive,-al,-ic,-ed,-ing တို့ကတော့ အသုံးများတဲ့ နာမ၀ိသေသနတွေရဲ့ အဆုံးသတ် စကားလုံးများ ဖြစ်ပါတယ်။
  • တစ်ချို့ သော ကြိယာတွေကတော့ -ise, -ate, -en တို့နဲ့ အဆုံးသတ်ကြပါတယ်။
  • ကြိယာထောက်အများစုကတော့ -ly ဖြင့် အဆုံးသတ်တတ်ကြပါတယ်။
  • ဝေါဟာရတွေကို မှတ်တမ်းတင်ရင် စကားလုံးအုပ်စုအလိုက် ဇယားဆွဲပါ။
  • သဏ္ဍာန်ပြောင်းလိုက်တဲ့ စကားလုံးကို မသိရင် မှန်းကြည့်ပါ။ မှန်ကောင်းမှန်နိုင်ပါတယ်။
  • ဖြေဆိုပြီးတဲ့အခါ သေသေချာချာ ပြန်စစ်ပါ။

စကားလုံးတွဲများ (Words that go together)

ဒီလိုလေ့ကျင့်ခန်းပုံစံမျိုးမှာတော့ လိုက်ဖက်တဲ့စကားလုံး (၂)လုံးကို ယှဉ်တွဲပေးရမှာဖြစ်ပါ တယ်။
အောက်ဖော်ပြပါ အကြံပြုချက်များကို အသုံးပြုကြည့်ပါ။
  • ဝေါဟာရအုပ်စု(၂)ခု ပေးထားပါက တစ်ခုက စကားလုံးတစ်လုံးကို ၄င်းနှင့်လိုက်ဖက်သော စကားလုံး တစ်လုံးကို အခြား အုပ်စုမှ ရွေးထုတ်ပြီး ယှဉ်တွဲပေးရမှာ ဖြစ်ပါတယ်။
  • တခါတရံ ကျတော့ လိုက်ဖက်တဲ့ စကားလုံးအတွဲတွေ (collocations)ကို ဖွဲ့စည်းပေးရပါတယ်။ ဥပမာ- ကြိယာ(verb)+နာမ်(noun): - make + friends,do+your homework)
  • တခါတရံကျတော့လည်း နာမ်ပေါင်းစပ်ပုဒ်များ(compound nouns)အဖြစ် ဖွဲ့စည်းပေးရပါတယ်။ ဥပမာ- snow+boarding , wind+ surfing,mountain+ biking
  • တခါတရံကျပြန်တော့လည်း ကြိယာ(verb)(သို့) နာမ၀ိသေသန(adjective)ကို ၀ိဘတ် (preposition) နှင့် တွဲပေးရပါတယ်။ ဥပမာ- listen+to, look + at, agree + with, good + at , interested + in.
  • သင်သိပြီးသား လိုက်ဖက်ညီတဲ့ စကားလုံးတွေကို စရွေးပါ။
  • ဘယ်စလုံးတွေကို တွဲရမလဲဆိုတာကို မသိပါက မှန်းကြည့်ပါ။ မှန်ကောင်းမှန်သွားနိုင်ပါတယ်။
  • အားလုံးတွဲပြီးပါက သေသေချာချာ ပြန်စစ်ဆေးပါ။


No comments:

Post a Comment