Sunday, January 24, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၇)
အဖတ်စွမ်းရည်ကို စစ်ဆေးသော စာမေးပွဲများ (Reading Exams)
ဒီကဏ္ဍမှာတော့ reading exams များနှင့် သက်ဆိုင်သော အကြံပြုချက်များကို ဖော်ပြထားပါတယ်။ ဒီအကြံပြုချက်တွေကို ဖတ်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်သွားမယ်ဆိုရင် နောက်တစ်ခါ reading exam ဖြေဆိုရတဲ့အခါ သင့်အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်နေပါလိမ့်မယ်။ စာကို လက်လှမ်းမှီသမျှ ဖတ်နိုင်သမျှ ဖတ်ခြင်းသည် သင့်ရဲ့စာဖတ်စွမ်းအားကို မြင့်မားစေပါတယ်ဆိုတာကို မမေ့ပါနှင့်။ ဒါကြောင့် ၀က်(ဘ)စာမျက်နှာတွေ (web pages)၊ မဂ္ဂဇင်းတွေ၊ ကာတွန်းစာအုပ်တွေ၊ ရုပ်ပုံပါတဲ့ ၀တ္ထုစာအုပ်တွေ (graphic novels) နှင့် သီချင်းစာသား တွေကို ဖတ်ခြင်းသည် ကောင်းသော လေ့ကျင့်မှုများဖြစ်ပါတယ်။


စာပိုဒ်ကို မဖတ်မီ (Before you read)

စာမေးပွဲထဲက စာပိုဒ်တွေကို မဖတ်ခင်ကတည်းကပင် အမှတ်ကောင်းကောင်း ရရှိနိုင်ရန်အတွက် ပြင်ဆင် ထား နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ ဒီအကြံပြုချက်တွေကို ဖတ်ပြီးရင်တော့ စာမေးပွဲဖြေဆိုဖို့ရာ ကိုယ့်ကိုယ် ကို ယုံကြည်မှုအပြည့်နှင့် အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

အချိန်(Time)

စာမေးပွဲတိုင်းအတွက် အရေးကြီးတာကတော့ သင့်အချိန်ကို စနစ်တကျ စီစဉ်ခြင်းပါပဲ။ ဖြေဆိုရန် အချိန် မလောက်တဲ့အတွက် စာမေးပွဲကျရခြင်းလောက် ဆိုးရွားတဲ့အဖြစ်မရှိပါဘူး။ ဒါကြောင့် စာမေးပွဲဖြေဖို့ အချိန် ဘယ်လောက်ရတယ်ဆိုတာကို သေသေချာချာ သိအောင် လုပ်ထားဖို့ မေ့ပါနှင့်။
  • စာမေးပွဲအတွက် အချိန်ဘယ်လောက် ရပါသလဲ?
  • စာပိုဒ်ဘယ်နှစ်ပိုဒ်ဖတ်ရမှာပါလဲ?
  • တပိုဒ်စီအတွက် အချိန်ဘယ်လောက်ပေးနိုင်ပါသလဲ?
  • သင့်အဖြေတွေ ပြန်စစ်ဆေးဖို့အတွက် နောက်ဆုံးမှာ မိနစ်အနည်းငယ် ချန်ထားပါ။

Aswers (အဖြေများ)

စာမေးပွဲမှာ အဖြေတွေကို ဘယ်လိုတင်ပြပေးရမယ်ဆိုတာကို ကြိုတင်သိထားဖို့က အရေးကြီးပါတယ်။ စာမေးပွဲစမဖြေခင် သင့်ကိုယ်သင် အောက်ပါမေးခွန်းများကို မေးကြည့်ပါ။
  • အဖြေတွေကို ဘယ်မှာ ရေးရမှာလဲ?
  • မေးခွန်းလွှာပေါ်မှာ ရေးရမှာလား?
  • အဖြေလွှာပေါ်မှာ ရေးရမှာလား? အဲဒီလိုရေးရမှာဆိုရင် အဖြေလွှာပေါ်ကို အဖြေတွေကူးယူဖို့ အချိန်လုံလုံ လောက်လောက် ချန်ထားပါ။

အမှတ်များ (Points)

စာမေးပွဲတစ်ခုရဲ့ အမှတ်ပေးစနစ်ကို နားလည်ထားခြင်းကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ တချို့ကဏ္ဍတွေက တခြားကဏ္ဍတွေထက် အမှတ်ပိုရလို့ပါပဲ။ ဒါကြောင့် ကဏ္ဍတစ်ခုစီအတွက် အချိန်ကို ခွဲဝေပေးတဲ့အခါမှာ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
  • အဖြေတစ်ခုစီအတွက် အမှတ်ဘယ်နှစ်မှတ်ပေးထားပါလဲ?
  • အမှတ်ပိုရတဲ့အဖြေအတွက် အချိန်ပိုယူပါ။
  • အမှတ်အနည်းငယ်သာရမဲ့ အဖြေတွေအတွက် အချိန်အများကြီးအကုန်မခံပါနှင့်။
  • အများထဲက အဖြေအမှန်ကို ရွေးရတဲ့လေ့ကျင့်ခန်းတွေမှာ အဖြေမှားလျှင်အမှတ်နှုတ်ပါလား? ဒီလိုမဟုတ် ဘူးဆိုရင် အမြဲပဲ မေးခွန်းအားလုံးကို ဖြေဆိုပါ။ အဖြေကို မှန်းဖြေရတဲ့ မေးခွန်းပဲဖြစ်ဖြစ် ဖြေဖြစ်အောင်ဖြေပါ။

မေးခွန်းတွေကို သေသေချာချာ ဖတ်ပါ။ (Read the questions carefully)

ညွှန်ကြားချက်တွေနဲ့မေးခွန်းတွေကို ဖတ်တဲ့အခါ မလောပါနှင့်။ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို တိတိကျကျ နားလည်နိုင်ရန်အတွက် အချိန်ယူဖတ်ဖို့ မေ့ပါနှင့်။
  • အမြဲပဲ မေးခွန်းတွေကို သေသေချာချာဖတ်ပါ။
  • ကိုယ်ဖြေရမဲ့ အဖြေနဲ့ပတ်သက်တဲ့ အဓိကအချက်ကို မျဉ်းသားပါ။
  • ဖြေထားတဲ့ အဖြေတွေမှန် မမှန်ပြန်စစ်ဆေးပါ။

မဖတ်ခင် စဉ်းစားပါ။ (Think before you read)

Reading exam တွေမှာ စာရွက်ပေါ်မှာ ပါသမျှကို သင့်အတွက် အကျိုးရှိအောင် အသုံးပြုပါ။ ရုပ်ပုံတွေ၊ ခေါင်းစီးတွေ (headlines)နဲ့ စာပိုဒ်ခေါင်းစဉ်တွေမှာ တစ်ခါတစ်ရံကျတော့ သဲလွန်စတွေပါတတ်ပါတယ်။
  • စာပိုဒ်က ဘာအကြောင်းလဲဆိုတာကို ကြိုတင်ခန့်မှန်းကြည့်ပါ။ ဒီအကြောင်းအရာ (topic) (သို့)ဘာသာရပ် (subject)အကြောင်း သင် သိထားပြီးတာ ဘာရှိလဲ? သင့်မှာ ရှိပြီးသား ဗဟုသုတအခံက စာပိုဒ်ကို နားလည်အောင် အထောက်အကူပြုပါလိမ့်မယ်။
  • စာပိုဒ်ကို နားလည်ရန်အတွက် ခေါင်းစဉ်၊ ခေါင်းစီးနှင့် ရုပ်ပုံတွေကို သေသေချာချာ ကြည့်ပါ။
  • စာပိုဒ်အမျိုးအစားကို ဖော်ထုတ်ပါ။ သတင်းစာဆောင်းပါး (newspaper article) လား? ၀က်(ဘ) စာမျက်နှာလား? ကြော်ငြာ (advertisement)လား? (သို့) ဇာတ်လမ်း (story)လား? ပေးထားတဲ့ စာပိုဒ်ဟာ ဘယ်အမျိုးအစားလဲဆို တာကို သိထားခြင်းသည်လည်း ၄င်းကိုနားလည်ဖို့ အကူအညီရပါတယ်။

No comments:

Post a Comment