Sunday, January 31, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၄)
  • Posted by Myanmar Network Forum Moderator3 on March 18, 2014 at 11:08
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များ (Tips to remember words)

    ဝေါဟာရများကို မှတ်မိနိုင်စေမည့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်။
  • စနစ်ကျသော ဝေါဟာရ မှတ်စုစာအုပ်ကိုထားပါ။
  • ထိုဝေါဟာရများကို (၂၄)နာရီကြာပြီး၊ ရက်သတ္တ(၁)ပတ်ကြာပြီး၊ တစ်လကြာပြီးတဲ့အခါမှာ နောက်တစ်ကြိမ် ပြန်ကြည့်ပါ။
  • ဖတ်ပြီးရင်း ဖတ်ပါ။ ဝေါဟာရတစ်လုံးကို အကြိမ်များများမြင်လေ မှတ်မိလွယ်လေဖြစ်ပါတယ်။
  • ဝေါဟာရအသစ်တွေကို အသုံးပြုပါ။ ဝေါဟာရအသစ်တစ်လုံးကို မှတ်မိဖို့ဆိုရင် အရင်ဆုံး(၁၀)ကြိမ်လောက် အသုံးပြုရပါတယ်။
  • crosswords, anagrams, wordsearches အစရှိတဲ့ စကားလုံးများပါဝင်တဲ့ ပဟေဠိများ၊ ကစားနည်းများကို ကစားပါ။
  • စကားလုံးကတ်ပြားများ (word cards) များ ပြုလုပ်ပြီး သင်နှင့်အတူ သွားလေရာယူသွားပါ။ ဘတ်(စ)ကား ပေါ်မှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကို စောင့်နေရတဲ့အခါမှာပဲဖြစ်ဖြစ် ထိုကတ်ပြားများကို ထုတ်ဖတ်ပါ။
  • သူငယ်ချင်းတစ်ယောက်ယောက်နှင့်အတူတူ စကားလုံးသစ်များကို ကျက်မှတ်ပါ။ သင်တစ်ယောက်တည်း မဟုတ်ဘဲ အဖော်တစ်ဦးဦးနဲ့ ကျက်မှတ်ရတာ ပိုပြီး ပျော်စရာကောင်းသလို ပိုပြီးလည်း မှတ်မိလွယ်ပါတယ်။
  • အဘိဓာန်သုံးစွဲနည်းကို သင်ယူပါ။ အဘိဓာန်ထဲမှာပါတဲ့ စကားလုံးတစ်လုံးဘေးမှာ ဘယ်လိုအချက်အလက် တွေပေးထားလဲ? ကွဲပြားတဲ့ အဘိဓာန်အမျိုးအစားတွေကို သင်သိပါသလား?
  • တစ်နေ့ကို ဝေါဟာရအနည်းငယ်သာ ကျက်မှတ်ပါ။ အများကြီး မကျက်ပါနဲ့။ တစ်နေ့ဝေါဟာရ (၈)လုံးဆိုရင် သင့်တော်ပါတယ်။
  • My Wordbook ကဲ့သို့သော အသုံးချ software ကို အသုံးပြုပြီး ဝေါဟာရအသစ်များကို သင်ယူကျက် မှတ်ပါ။

ဝေါဟာရတွေကို မှတ်တမ်းပြုစုထားခြင်း (Recording Vocabulary)

ဝေါဟာရအသစ်တွေကို သင်ယူကျက်မှတ်ရင်းနဲ့ မှတ်တမ်းပြုစုထားတာကလည်း အရေးကြီးပါတယ်။ ဒီလို မှတ်တမ်းပြုစုနိုင်တဲ့ နည်းတွေအများအပြားရှိပါတယ်။ ဒီကဏ္ဍမှာတော့ ဘယ်လိုမှတ်တမ်းပြုစုနိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေပေးသွားမှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် အသုံးပြုရန် အဆင်ပြေမဲ့ နည်းမတူနိုင်ပါ။ ဒါကြောင့် အောက်ပါအကြံပြုချက်များကို စမ်းကြည့်ပြီး သင်နဲ့ အဆင်ပြေမဲ့ အကြံပြုချက်တွေကို ရွေးပြီး အသုံးပြုကြည့်ပါ။

ဝေါဟာရကတ်ပြားများ (Word cards)

ဝေါဟာရကတ်ပြားဆိုတာကတော့ ဝေါဟာရတွေကို သင်မှတ်မိရန် အထောက်အကူပြုတဲ့ ကတ်ပြားသေးသေး လေးတွေပါ။ ဝေါဟာရကတ်ပြားတွေ အစုံလိုက်ပြုလုပ်ထားခြင်းဖြင့် ဝေါဟာရတွေကို လွယ်လင့်တကူ ပြန်လှန်လေ့ ကျင့်နိုင်ပါတယ်။ Word card ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်မှာ ဖော်ပြထားပါတယ်။
  • ကတ်ပြားရဲ့ တစ်ဖက်မှာ စကားလုံး၊ ၄င်း၏ အသံထွက်၊ ဖိပြောရမဲ့ ၀ဏ္ဏနှင့် စကားလုံးအမျိုးအစားတို့ကို ရေးပါ။ ဥပမာ noun, verb စသဖြင့်။
  • ကျန်တစ်ဖက်မှာတော့ ထိုဝေါဟာရရဲ့ အဓိပ္ပါယ်သတ်မှတ်ချက် (သို့) ထိုဝေါဟာရပါဝင်တဲ့ ၀ါကျကို ရေးပါ။ ထို ဝေါဟာရကို ဘာသာပြန်ထားတဲ့ စကားလုံး (သို့) ပုံကိုလည်း ဆွဲနိုင်ပါတယ်။
  • ကတ်ပြားတွေကို သင့်အိတ်ထဲထည့်ပြီး ကိုယ်နှင့်မကွာ သယ်ဆောင်သွားပါ။ bus car ပေါ်မှာပဲ ဖြစ်ဖြစ်၊ သင့်မှာ အချိန်(၅)မိနစ်လောက်ပဲရရင်တောင်မှ ကတ်ပြားကိုထုတ်ပြီး ဝေါဟာရကို ကြည့်ပြီးတော့ အဓိပ္ပါယ် သတ်မှတ်ချက်ကို မှတ်မိနိုင်အောင် ကြိုးစားကြည့်ပါ။
  • ပြီးလျှင် ကတ်ပြားရဲ့ အခြားတစ်ဖက်ကို ကြည့်ပြီး သင်မှန် မမှန် စစ်ဆေးပါ။ ဒီလိုမှ မဟုတ်ရင် အဓိပ္ပါယ်သတ် မှတ်ချက်ကို ဖတ်ပြီး ဝေါဟာရကို မှတ်မိနိုင်အောင် ကြိုးစားပါ။
  • စာရွက်ပေါ်မှ ဝေါဟာရတွေကို ချရေးရတာဟာ သင်နဲ့ အဆင်မပြေရင်တော့ ဝေါဟာရစာရင်းကို သင့်ရဲ့ ကွန်ပျူတာ(သို့) လက်ကိုင်ဖုံးထဲမှာ ထည့်ထားပါ။ သင့်ဝေါဟာရကြွယ်ဝမှုကို အထောက်အကူပြုနိုင်တဲ့ mobile phone apps တွေအများကြီးရှိပါတယ်။

စိတ်ကူးဖြင့် ပုံဖော်ခြင်း (Mind Maps)

Mind maps များသည် မျက်မြင် မြင်တွေ့ရတဲ့အတွက် သင့်ရဲ့ မှတ်နိုင်အားကို အထောက်အကူပြုပါတယ်။
  • Mind maps တွေကို အချင်းချင်း အဆက်အစပ်ရှိတဲ့ စကားလုံးအုပ်စုတွေအတွက် အသုံးပြုနိုင်ပါတယ်။
  • စက်ဝိုင်းထဲမှ အဓိက ဝေါဟာရကို ရေးပါ။ ဥပမာ fruit
  • စက်ဝိုင်းကနေ ထွက်လာတဲ့ မျဉ်းကြောင်းများဆွဲပြီး၊ ၄င်းမျဉ်းကြောင်းတွေရဲ့ ထိပ်မှာ အဓိက စာလုံးနှင့် ဆက်စပ်လျက်ရှိသော စကားလုံးများကို ရေးပါ။ ဥပမာ apple, banana, strawberry, cherry, pear, pineapple.

ဇယားများ (Tables)

စကားလုံးတွေကို အုပ်စုအလိုက်စီစဉ်တဲ့အခါ ဇယားများက အသုံးဝင်ပါတယ်။ အထက်က ဥပမာများတွင် ခေါင်းစဉ် အလိုက် ရေးဆွဲထားတဲ့ ဇယားနှင့် ဆန့်ကျင်ဘက်စကားလုံးများအလိုက် ဆွဲထားသော ဇယားတို့ကို တွေ့ရ တာဖြစ်ပါတယ်။

ဝေါဟာရနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းအမျိုးအစားများ (Vocabulary exercise types)

သင်ယူသူတစ်ဦးအနေဖြင့် ဝေါဟာရဘယ်လောက် ကြွယ်ဝသလဲဆိုတာကို ဆန်းစစ်ရန်အတွက် ဝေါဟာရကို စစ်ဆေးတဲ့ စစ်ဆေးမှုအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် ရုပ်ပုံနှင့် စကားလုံးကို ယှဉ်တွဲခြင်း၊ ကွက်လပ်ဖြည့်ခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ နောက်စာမေးပွဲတွင် အမှတ်များများ ရရှိနိုင်စေမဲ့ အဓိက မေးခွန်းပုံစံများ၊ အကြံပြုချက်များနှင့် လေ့ကျင့်ရန် လေ့ကျင့်ခန်းများကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ကွက်လပ်ဖြည့်ခြင်း (Complete the gaps)

ဒီမေးခွန်းပုံစံမျိုး အတွက် ကွက်လပ်တွင် မှန်သော စကားလုံးကို ဖြည့်ပေးရမှာဖြစ်ပါတယ်။ အောက်ပါ အကြံပြုချက် များကို လေ့လာကြည့်ပါ။
  • ကွက်လပ်၏ ရှေ့ နှင့်နောက်တွင်ရှိသော စာပိုဒ်ပါအကြောင်းအရာကို သေသေချာချာဖတ်ပါ။ ဒီလို ဖတ်ခြင်းသည် အဖြေမှန်ကို ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေပါတယ်။
  • အများအားဖြင့် စကားလုံးတွေကို လေးထောင့်အကွက်ထဲတွင် ပေးထားပါတယ်။ တစ်ခါတရံ စာလုံးအရေအတွက်သည် ကွက်လပ်အရေအတွက်ထက် များနေတတ်တာကို သတိထားပါ။
  • စကားလုံးတွေကို လေးထောင့်အကွက်ထဲမှာ ပေးမထားရင်တော့ စာလုံးပေါင်းကို ဂရုစိုက်ပါ။
  • သင်သိတဲ့ စကားလုံးတွေကို စအသုံးပြုပါ။ အသုံးပြုပြီးကြောင်း သိသာရန် ၄င်းစကားလုံးတို့ကို ခြစ်ပစ်လိုက်ပါ။
  • အဖြေမှန်ကို မသိပါက ဝေါဟာရတစ်ခုခုကို ရေးသာထည့်လိုက်ပါ။ မှန်ကောင်း မှန်နိုင်ပါလိမ့်မယ်။
  • ကွက်လပ်ကို မှားဖြည့်မိပါက လေ့ကျင့်ခန်းပါ တခြားကွက်လပ်တစ်ခုခုမှာလည်း မှားနိုင်ပါတယ်။
  • ဖြည့်ပြီးတဲ့အခါ အဖြေများကို သေသေချာချာ ပြန်စစ်ပါ။ စာပိုဒ်တစ်ခုလုံးပြန်ဖတ်ပြီး ဘယ်လိုနေသလဲဆိုတာ ကို နားထောင်ကြည့်ပါ။

စကားလုံးများကို ရုပ်ပုံနှင့်ယှဉ်တွဲခြင်း (Match the words and the pictures)

ဒီလေ့ကျင့်ခန်းမျိုးမှာ ပေးထားတဲ့စကားလုံးတွေကို ပေးထားတဲ့ပုံတွေနဲ့ ဆိုင်ရာဆိုင်ရာကို ယှဉ်တွဲပေးရမှာဖြစ်ပါတယ်။ လွယ်တော့လွယ်ပေမယ့် အမှတ်ပြည့်ရအောင် အောက်ဖော်ပြပါ အကြံပြုချက်လေး တွေကို လေ့လာကြည့်ပါ။
  • ညွှန်ကြားးချက်များကို သေသေချာချာစစ်ဆေးပါ။
  • စကားလုံးကနေပြီး ရုပ်ပုံဆီကို မျဉ်းဆွဲရမှာပါလား? ဒီလိုဆိုရင် ထင်ရှားဖြောင့်တန်းတဲ့ မျဉ်းတွေကို ဆွဲပါ။
  • ရုပ်ပုံအောက်မှာ စကားလုံးကိုရေးရမှာပါလား? ဒီလိုဆိုရင်တော့ စကားလုံးကို မှန်မှန် ကန်ကန် ကူးယူပြီး စာလုံးပေါင်းကို စစ်ဆေးပါ။
  • သင်သိပြီးသား စကားလုံးတွေနဲ့ စပါ။
  • စကားလုံးတစ်လုံးလုံးကို မသိပါက မှန်းကြည့်ပါ။ မှန်ကောင်းမှန်သွားနိုင်ပါတယ်။
  • အားလုံးယှဉ်တွဲပြီးသွားရင် အဖြေတွေက သေသေချာချာပြန်စစ်ပါ။

ဝေါဟာရများကို အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် ယှဉ်တွဲခြင်း။ (Match the words with the definitions)

ဒီလိုများလေ့ကျင့်ခန်းမှာတော့ စကားလုံးတွေကို သက်ဆိုင်ရာ အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် ယှဉ်တွဲ ပေးရမှာဖြစ်ပါတယ်။ သင့်ကို အထောက်အကူဖြစ်စေမယ့် အကြုံပြုချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
  • အဓိပ္ပါယ်သက်မှတ်ချက်များကို သေသေချာချာဖတ်ပါ။
  • သင်သိပြီးသား စကားလုံးနဲ့ စဖြေပါ။
  • ဆင်တူရိုးမားဖြစ်နေတဲ့စကားလုံးတွေပါနေပါသလား?
    ပါနေတယ်ဆိုရင် ထိုစကားလုံးတွေကို သက်ဆိုင်ရာ မှန်ကန်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ယှဉ်တွဲပေးနိုင်အောင် သေသေချာချာ လုပ်ပါ။
  • အဖြေမသိရင် မှန်းကြည့်ပါ။ သင့်မှန်းဆချက်မှန်ကောင်း မှန်နိုင်ပါတယ်။
  • အားလုံးတွဲပြီးတဲ့အခါ အဖြေများကို သေသေချာချာ ပြန်လည် စစ်ဆေးပါ။

မှန်တဲ့စကားလုံးကိုရွေးပါ။ (Choose the correct Word)

ဒီလိုလေ့ကျင့်ခန်းမျိုးမှာတော့ ပေးထားတဲ့ ဖြစ်နိုင်ချေရှိတဲ့ အဖြေ (၂)ခု (သို့) (၃)ခုထဲက အဖြေမှန်ကို ရွေးရမှာ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အကြံပြုချက်များကို လိုက်နာကြည့်ပါ။
  • ပေးထားတဲ့ စကားလုံးရဲ့ ရှေ့ နောက်မှာရှိနေတဲ့ ၀ါကျကို သေသေချာချာဖတ်ပါ။
  • စာပိုဒ်ရဲ့ အဓိပ္ပါယ်ကို သေသေချာချာစဉ်းစားပါ။
  • သင့်အနေနဲ့ မှန်တယ်လို့ ယူဆတဲ့ စကားလုံးကို ရွေးချယ်ပါ။
  • မှားတယ်လို့ ထင်တဲ့ စကားလုံးတွေကို ပယ်လိုက်ပါ။
  • တစ်ချို့ စကားလုံးတွေဟာ အဓိပ္ပါယ်တူသယောင်ယောင်ရှိပေမယ့် တကယ်တော့ ခြားနားပါတယ်။ သင့်အနေနဲ့ say နှင့် tell,make နှင့် do,rob နှင့် steal, fun နှင့် funny တို့ ကွာခြားပုံ ကိုသိပါသလား?
  • တစ်ခါတစ်ရံကျတော့ စာလုံးပေါင်းမှားနေတဲ့အတွက် ရွေးချယ်မှုကလည်း မှားနေတတ်ပါတယ်။
  • အဖြေမသိရင် စကားလုံးတစ်လုံးလုံးကိုသာ ရွေးချယ်လိုက်ပါ။ မှန်ကောင်း မှန်သွားနိုင်ပါတယ်။
  • ဖြေလို့ပြီးသွားရင် သေသေချာချာ ပြန်စစ်ဆေးပါ။

No comments:

Post a Comment