Friday, January 22, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၅)
  • Posted by Myanmar Network Forum Moderator3 on January 20, 2014 at 15:
  •  
  •  အကြားစွမ်းရည်စစ်ဆေးသည့် စာမေးပွဲများ (Listening Exams) - 
    နားထောင်ပြီးနောက် (After you listen)
နားထောင်ခြင်း အဆုံးသတ်သွားတဲ့အခါမှာ စာမေးပွဲပြီးသွားပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမှတ်အနည်းငယ်ပိုရနိုင်ရန်အတွက် လုပ်နိုင်တဲ့ အချက်တွေရှိနေပါသေးတယ်။


အဖြေများ(Answers)

တချို့တရားဝင် listening exams တွေမှာ အဖြေများကို အကျွမ်းတ၀င်မရှိသောနည်းဖြင့် တင်ပြရတတ်ပါ တယ်။ စာမေးပွဲမစမီ ဒီအကြောင်းကို ကြိုသိနေအောင် လုပ်ထားဖို့ရာ မမေ့ပါနှင့်။
  • အဖြေတွေကို သီးခြားအဖြေလွှာစာရွက်ပေါ်မှာ ရေးပေးဖို့လိုပါသလား။ ဒါဆိုရင် အဖြေတွေကို မှန်မှန် ကန်ကန်ကူးရေးပါ။
  •  မေးခွန်းများကို နောက်တစ်ကြိမ်ပြန်ဖတ်ပြီး အဖြေတွေဟာ ယုတ္တိရှိမရှိကို ပြန်စစ်ဆေးပါ။
  • သဒ္ဒါ၊ စာလုံးပေါင်း၊ ပုဒ်ဖြတ်ပုဒ်ရပ်တို့ကို သေချာစွာ စစ်ဆေးပါ။

နားထောင်ပြီးရင်း နားထောင်ပါ။ (Listen, listen, listen!)
Listening exam အတွက် ပြင်ဆင်မှုတွေပြုလုပ်ရတာ ပျော်စရာပါ။ အင်္ဂလိပ်စာကို ပို၍ပို၍ နားထောင်လေ အကြားစွမ်းရည်စစ်ဆေးမှုများမှာ ပို၍ပို၍ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
  • စာသင်ခန်းပြင်ပမှာ အင်္ဂလိပ်စာကို နားထောင်နိုင်သမျှ နားထောင်ပါ။ သီချင်းတွေ၊ ရုပ်မြင်သံကြားအစီအစဉ် တွေ၊ ဗွီဒီယိုခွေတွေ၊ ရေဒီယိုအစီအစဉ်တွေ၊ podcast ကိုပဲဖြစ်ဖြစ် လက်လှမ်းမီသမျှကို ဖမ်းယူနားထောင်ပါ။
  • အင်္ဂလိပ်စာတန်းထိုးပါတဲ့ အင်္ဂလိပ်ရုပ်ရှင်ကားတွေကို ကြည့်ပါ။ အင်္ဂလိပ်စာကို တပြိုင်နက် ဖတ်လည်းဖတ်၊ နားလည်ထောင်မယ်ဆိုရင် စကားလုံးတစ်လုံးရဲ့ စာလုံးပေါင်းနှင့် အသံထွက်တို့ရဲ့ ခြားနားမှုကို သိမြင်လာမှာ ဖြစ်ပါတယ်။
  • သီချင်းတွေကို နားထောင်ရင်းနဲ့ သီချင်းစာသားတွေကို လိုက်ဖတ်ပါ။ Online မှာ သီချင်းကို နားထောင်ရင်းနဲ့ စာသားပါဖတ်လို့ရတဲ့ website တွေကို ၀င်ကြည့်ပါ။

အကြားစွမ်းရည်နှင့်ပတ်သက်သော လုပ်ငန်းများ (Listening Tasks)
Listening exam တွေမှာ အသုံးပြုတဲ့ လုပ်ငန်းပုံစံကို ရင်းနှီးပြီးသားဖြစ်ပါက စာမေးပွဲဖြေတဲ့အခါ အငိုက်မမိ တော့ဘူးပေါ့။ ဒီကဏ္ဍမှာတော့ ဒီလိုလုပ်ငန်းပုံစံအမျိုးမျိုးကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အကြံပြုသွားမှာပါ။

အမှား၊ အမှန်ရွေးချယ်ခြင်း (True or False?)
ဒီပုံစံကတော့ မေးခွန်းတစ်ခုကို မှန်ဖို့ အခွင့်အလမ်း ၅၀% ရှိတဲ့အတွက် ကျောင်းသားအများစုရဲ့ အကြိုက်ဆုံးပုံစံ တစ်ခု ဖြစ်ပါတယ်။
  • နားမထောင်ခင် ၀ါကျသည် မှန်လား၊ မှားလားဆိုတာကို ကြိုတင်ခန့်မှန်းကြည်ပါ။ ခန့်မှန်းချက်ကို အတည် ပြုဖို့ နားထောင်ပါ။
  • ၀ါကျထဲမှာပါတဲ့ အဓိကစကားလုံးတွေ (သို့) အချက်တွေကို မျဉ်းသားပါ။
  • ၀ါကျကို မေးခွန်းပုံစံသို့ ပြောင်းကြည့်ပါ။ မှန်ကန်တဲ့ အချက်အလက်ကို နားထောင်နိုင်ရန် အထောက်အပံ့ရပါ လိမ့်မယ်။ ဥပမာ-
    True or False : Cassie likes extreme sports.
    မေးခွန်းပုံစံသို့ ပြောင်းလိုက်သောအခါ - Does Cassie like-extreme sports? Yes or No?
    ပြီးလျှင် အဖြေအတည်ပြုနိုင်ရန်အတွက် အဓိကျတဲ့ အချက်ကို နားထောင်ပါ။
  • အများအားဖြင့် အဓိကအချက်ကို ဖိပြီးရွတ်(stress)လေ့ရှိပါတယ်။
  • မှားသော အဖြေအတွက် အမှတ်နှုတ်ပါသလား? မနှုတ်ဖူးဆိုရင်တော့ မေးခွန်းအားလုံးကို ဖြေပါ။ မှန်းဆတဲ့ အဖြေပဲဖြစ်ဖြစ် ဖြေပါ။ မှန်ဖို့ ၅၀% အခွင့်အလမ်းရှိပါတယ်။
  • မှန်နေတဲ့ ၀ါကျတွေကို အမှန်ပြင်ပေးရပါသလား။ ဒီလိုဆိုရင် စာပိုဒ်ကို နားထောင်ရင်းနဲ့ မှတ်စုရေးပါ။ နားထောင်ပြီးရင်တော့ ၀ါကျအမှန်ကို ရေးပါ။ နားထောင်ပြီးတဲ့အခါ သဒ္ဒါ၊ စာလုံးပေါင်း၊ ပုဒ်ဖြတ်၊ ပုဒ်ရပ်တို့ကို သေသေချာချာပြန်စစ်ပါ။ နာထောင်နေရင်းနဲ့တော့ မလုပ်ပါနှင့်။

ဖြစ်နိုင်သော အဖြေများထဲမှ အမှန်ကို ရွေးချယ်ခြင်း (Multiple choice)
ဒီမေးခွန်းပုံစံကလည်း အများနှစ်သက်သော ပုံစံဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာခဏဆိုသလို ဆင်တူရိုးမား ဖြစ်နိုင်ခြေရှိသော အဖြေ(၂)ခုပါတတ်တဲ့အတွက် ခဲရာခဲဆစ်နိုင်တဲ့အခါလည်းရှိပါတယ်။
  • စာပိုဒ်ကို နားမထောင်မီ ရွေးချယ်စရာ အဖြေအားလုံးကို သေသေချာချာဖတ်ပြီး အဓိကကျသော စကားလုံးများကို မျဉ်းသားပါ။
  •  ရွေးချယ်စရာတွေထဲမှာ ကိန်းဂဏန်းတွေ (သို့) နေ့စွဲတွေပါနေပါက နားမထောင်ခင် ကိုယ်ဖာသာကိုယ် ရွတ်ဆိုကြည့် ခြင်းဖြင့် ၄င်းစကားလုံးများဟာ ဘယ်လိုလဲဆိုတာကို စဉ်းစားကြည့်ပါ။
  •  ဖြစ်နိုင်ချေမရှိသော အဖြေများကို သဘာဝကျကျ စဉ်းစား (common sense)ပြီးတော့ ပယ်ပစ်ပါ။
  • A, B, C တပ်ထားတဲ့ ရွေးချယ်စရာတွေက မရှင်းပါက မေးခွန်းကို ကိုယ့်စကားနဲ့ကိုယ်ဆိုရင် ဘယ်လိုဖြေ မလဲဆိုတာကို စဉ်းစားကြည်ပါ။ ပြီးလျှင် ရွေးချယ်စရာ အဖြေတွေထဲက ဘယ်တစ်ခုက သင် စဉ်းစားထား တာနဲ့တူသလဲဆိုတာကို နှိုင်းယှဉ်ကြည့်ပါ။
  • သင့်အဖြေကို အတည်ပြုရန်အတွက် အဓိကကျတဲ့ အချက်တွေကို နားထောင်ပါ။ ထုံးစံအတိုင်းပါပဲ။ အဓိကကျတဲ့ အချက်တွေကို ဖိပြီးရွတ်ထားပါတယ်။
  • တစ်ခါတရံကျတော့ စာပိုဒ်ထဲက စကားပြောသူတွေဟာ ရွေးချယ်စရာတွေ (options)အားလုံးရဲ့ အကြောင်းကို ပြောကြပါတယ်။ တိတ်ခွေထဲက စာပိုဒ်ကို အစအဆုံးနားထောင်ပြီးမှ အဖြေမှန်ကို ရွေးပါ။ ပထမ စစခြင်း ကြားတဲ့ option ကို မရွေးပါနှင့်။
  • နားထောင်ပြီးတဲ့အခါမှ ရွေးစရာတွေကို ပြန်ဖတ်ပါ။ မှားတယ်လို့ အသေအချာသိတဲ့အဖြေတွေကို ပယ်လိုက်ပါ။
  • အဖြေမှားရင် အမှတ်နှုတ်ပါသလား? မနှုတ်ရင်တော့ မေးခွန်းအားလုံးကို အမြဲဖြေပါ။ မှန်းဆပြီး ဖြေရတဲ့ မေးခွန်းပဲဖြစ်ဖြစ် ဖြေပေးလိုက်ပါ။

     
ကန့်သတ်မထားသော အဖြေများ (Open answers)
ကန့်သတ်ထားခြင်းမရှိတဲ့ အဖြေများ (open answers)ကို တောင်းဆိုထားသော မေးခွန်းများသည် ခက်ခဲနိုင်ပါသည်။ သို့သော် အောက်ဖော်ပြပါ အကြံပြုချက်တွေက ထိုအခက်အခဲကို ကျော်လွှားနိုင်အောင် အထောက်အပံ့ပြုပါလိမ့်မည်။
  •  မေးခွန်းကို ဖတ်ပြီး သင်နားထောင်ရမဲ့ အဓိကကျတဲ့ အချက်ကို မျဉ်းသားပါ။
  • စာပိုဒ်ကို နားမထောင်ခင် မေးခွန်းတွေအတွက် အမှတ်စဉ်ရေးချပါ။ သင်ရေးထားတဲ့ အမှတ်စဉ်တွေဘေးမှာ မှတ်စုလိုက်ရေးပါ။
  • အဓိကစကားလုံးတွေကိုသာ ရေးပါ။ နားထောင်ရင်းနဲ့ ပြီးပြည့်စုံတဲ့ ၀ါကျတွေကို ရေးဖို့ မကြိုးစားပါနှင့်။
  • အဓိကစာလုံးတွေရေးတဲ့အခါမှာလည်း မြန်မြန်လိုက်ရေးပါ။ မပြည့်စုံရင်နေပါစေ။
  • စာလုံးအပြည့်အစုံမဟုတ်ဘဲ အတိုကောက်စာလုံး (abbreviations) တွေကိုပဲ ရေးပါ။ ဥပမာ information  အစား info, English အစား Eng လို့ ရေးပါ။
  • နားထောင်နေစဉ်အတွင်းမှာတော့ စာလုံးပေါင်းမှန် မမှန်ကို စိတ်မပူပါနှင့်။ စာလုံးပေါင်းကို နောက်မှာ ပြင်လည်းရပါတယ်။
  • နားထောင်ရတဲ့အချိန်ဆိုတာက ကိုယ်ဘာကြားရမလဲဆိုတာကို အာရုံစိုက်ပြီး နားထောင်ဖို့ပဲဖြစ်ပါတယ်။ အရေးကို အာရုံစိုက်ဖို့မဟုတ်ပါ။

စာတိုလေးတစ်ပုဒ်ကို ပြီးပြည့်စုံအောင် ဖြည့်စွက်ခြင်း (Complete the notes)
Listening exam မှာ တစ်ခါတရံကျတော့ စာတိုလေးတစ်ပုဒ်ကို ပြီးပြည့်စုံအောင် ဖြည့်စွက်ခိုင်းတတ်ပါ တယ်။ ဒါကတော့ ကွက်လပ်ဖြည့်ရတဲ့ ပုံစံတစ်မျိုးပါပဲ။ ကွက်လပ်ဖြည့်ရတဲ့ မေးခွန်းမျိုးကို အကောင်းဆုံး ဖြေဆိုနိုင်ရန်အတွက် အောက်ပါတို့ကို အကြံပြုလိုက်ပါတယ်။
  • စာပိုဒ်ကို နားမထောင်ခင် စာတိုလေးကို ဖတ်ကြည့်ပါ။ ကွက်လပ်တွေမှာ ဘာတွေလိုအပ်နေပါသလဲ? နာမ်(noun)လား? ကြိယာ(verb)လား? ကိန်းဂဏန်း(number)လား? နေ့စွဲ(date)လား? အမည်တစ်ခုခု (name)လား?။
  • လိုအပ်တဲ့ အချက်အလက်ကို သင့်အနေနဲ့ ကြိုတင်ခန့်မှန်းထားပြီး နားထောင်တဲ့အခါ ထိုခန့်မှန်းချက်ကို အတည်ပြုပါ။
  • နားထောင်နေစဉ် စကားလုံးတိုင်းကို မရေးဘဲ အဓိကကျတဲ့ စကားလုံးတွေကိုသာ ရေးပါ။
  • နားထောင်နေစဉ်အတွင်း ပြည့်စုံတဲ့ ၀ါကျတွေကို မရေးဘဲ မှတ်စုတိုတွေကိုသာ ရေးပါ။
  • အဓိကစကားလုံးတွေကို မြန်မြန်ရေးချပါ။
  • စကားလုံးအပြည့်အစုံမဟုတ်ဘဲ အတိုကောက်ကိုသာ ရေးပါ။ ဥပမာ information အစာ “info”, English အစား “Eng”
  • နားထောင်နေစဉ်အတွင်း စာလုံးပေါင်းမှန် မမှန်ကို စိတ်မပူပါနှင့်။ စာလုံးပေါင်းကို နောက်မှ ပြင်နိုင်ပါတယ်။

No comments:

Post a Comment