Wednesday, January 27, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၀)
  • Posted by Myanmar Network Forum Moderator3 on February 19, 2014 at 18:15
  •  

  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

    ဒီကဏ္ဍမှာတော့ သဒ္ဒါ(Grammar)နှင့် ဝေဟာရဆိုင်ရာ စာမေးပွဲများ ဖြေဆိုရန်အတွက် ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းများနှင့်ပတ်သက်လို့ အကြံပြုချက်များ တင်ပြသွားမှာဖြစ်ပါတယ်။ ဝေါဟာရသစ်များ သင်ယူပုံ၊ သဒ္ဒါတည်ဆောက်မှုများ သင်ယူပုံနှင့် သက်ဆိုင်သော အကြံပြုချက်များအပြင် အမျိုးမျိုးသော စာမေးပွဲနှင့် စစ်ဆေးမှု များအတွက် သီးခြားအကြံပြုချက်များကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။
    ဒါ့အပြင် သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများအတွက် လေ့ကျင့်ရန် လေ့ကျင့်ခန်းများကိုလည်း ထည့်သွင်း ထားပါတယ်။ ဒီကဏ္ဍပါ အကြောင်းအရာများကို လေ့လာသွားခြင်းဖြင့် နောက်ဖြေဆိုရမည့် Grammar and vocabulary exam မှာ အမှတ်ကောင်းကောင်းရနိုင်မှာ ဖြစ်ပါတယ်။

သဒ္ဒါအသစ်ကို သင်ယူခြင်း (Learning new grammar)

သင်ဟာ သဒ္ဒါဥပဒေသ အသစ်တွေကို သင်ယူရတာကို နှစ်သက်တဲ့ လူစားမျိုးလား?၊ ဒါမှ မဟုတ် သဒ္ဒါ လေ့ကျင့်ခန်းများ လုပ်ရတာကို မနှစ်သက်တဲ့ လူစားမျိုးလား?။ ကြိုက်ကြိုက်၊ မုန်းမုန်း သဒ္ဒါကို သင်ယူပြီး လေ့ကျင့်ခြင်းသည် သင့်ရဲ့ အင်္ဂလိပ်စကားအပြောစွမ်းရည်ကိုရော၊ အရေးစွမ်းရည်ကိုပါ တိုးတက်စေမှာ ဖြစ်ပါတယ်။
သဒ္ဒါကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ခြင်းသည် သူတစ်ပါး အထင်ကြီးစရာ ကောင်းသလို စာမေးပွဲအောင်နိုင် ရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် သဒ္ဒါသင်ယူနိုင်ရန်အတွက် အကောင်းဆုံးသော အကြံပြု ချက်များကို ဖော်ပြလိုက်ပါတယ်။
  • အမှားလုပ်မိမှာကို မစိုးရိမ်ပါနှင့်။ တစ်စုံတစ်ယောက်က သင့်အမှားကို အမှန်ပြင်ပေးတိုင်း သင့်အနေဖြင့် အကြောင်းအရာအသစ် တစ်စုံတစ်ခုကို သင်ယူလိုက်ရတာ ဖြစ်ပါတယ်။
  • သင်အများဆုံးပြုလုပ်တတ်တဲ့ အမှားတွေနဲ့ သင်ကဲ့သို့သော အင်္ဂလိပ်စကားပြောသူများ မှားလေ့မှားထရှိတဲ့ အမှားတွေကို သိထားပါသလား?။ ဒီလိုဆိုရင် အဲဒီအမှားတွေကို စာရင်းပြုစုထားပြီး အထူးဂရုစိုက်ပါ။
  • စိတ်ရှည်ပါ။ လေ့ကျင့်ရန် ပေးထားသော သဒ္ဒါလေ့ကျင့်ခန်းများကိုသင့်အနေဖြင့် လုပ်ကောင်းလုပ်နိုင်ပါလိမ့် မယ်။ ဒါပေမဲ့ စကားပြောတဲ့အခါမှာတော့ သဒ္ဒါမှန် မမှန်ကို စဉ်းစားဖို့ အချိန်မရှိပါ။ အဲဒီအခါမျိုးမှာ စိတ်မပူပါ နှင့်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လူတစ်ဦးတစ်ယောက် သင့်အား ရေကူးပုံကူးနည်းကို ရှင်းပြပေးပြီးတာနဲ့ ချက်ချင်းပဲ ဘာလေ့ကျင့်မှုမှ မလုပ်ဘဲ ရေထဲဆင်းပြီး ရေကူးလို့ရပါ့မလား? ဘယ်ရမလဲ။ သဒ္ဒါသင်ယူတဲ့အခါ လည်း ဒီလိုပဲပေါ့။ များများလေ့ကျင့်မှ ပိုကျွမ်းကျင်လာမှာဖြစ်ပါတယ်။
  • တတ်နိုင်သမျှ အင်္ဂလိပ်စာကို ဖတ်ပါ၊ နားထောင်ပါ။ ဒီလိုဖတ်တဲ့အခါ နားထောင်တဲ့အခါမှာ သဒ္ဒါအကြောင်း စဉ်းစားပါ။ သင်ဖတ်တဲ့ (သို့) နားထောင်နေတဲ့ စာပိုဒ်ထဲမှာ ဘာကြောင့် ဒီသဒ္ဒါတည်ဆောက်ပုံကို အသုံးပြု ရသလဲဆိုတာကို သိပါသလား?။ အင်္ဂလိပ်စကားနဲ့ သင့်ဘာသာစကားတို့ရဲ့ ကွာဟချက်တွေကိုရော သတိထားမိပါသလား။ ဘယ်တည်ဆောက်ပုံတွေကိုသုံးပြီး ဘာတွေက ကွဲလွဲနေသလဲဆိုတာတွေကို သိထားခြင်းက သင့်သဒ္ဒါမှန်ကန်အောင် အထောက်အပံ့ပေးထားပါတယ်။
  • Learn English Teens မှာ ပါဝင်တဲ့ Grammar snacks ကဏ္ဍကို အသုံးပြုပြီး သဒ္ဒါကို ပြန်လှန်လ့ကျင့်ပါ။ video တွေကို ကြည့်ပါ။ Snack တွေကို ဖတ်ပြီးမှ လေ့ကျင့်ခန်းတွေကို ဖြေကြည့်ပါ။
  • လေ့ကျင့်ပြီးရင်း ထပ်လေ့ကျင့်ပါ။ သင်…သင်ယူလိုက်တဲ့ သဒ္ဒါအသစ်တွေကို ချက်ချင်း အသုံးပြုကြည့်ပါ။ လေ့ကျင့်ဖို့ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို ဖြေနိုင်ပြီဆိုရင် ကိုယ်ပိုင်ဝါကျ တည်ဆောက်ကြည့်ပါ။ နောက် တစ်ကြိမ်စကားပြောတဲ့အခါ ထိုသဒ္ဒါကို အသုံးချကြည့်ပါ။ ဒီလိုလုပ်ခြင်းက သင်ယူလိုက်တဲ့ သဒ္ဒါအသစ်တွေ ကို ကောင်းကောင်း နားလည်အောင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ Learn English Teens မှာ မှတ်ပုံ တင်ရင် (register) ဆိုဒ်(site)ပေါ်မှာ သုံးသပ်ချက်များ ရေးနိုင်မှာ ဖြစ်တဲ့အပြင် ဒီဆိုဒ်ကို အသုံးပြုသော တခြားသူများ၊ moderators (စိစစ်ရေးအဖွဲ့ဝင်များ)နှင့် ဆက်သွယ်ရတဲ့အတွက် သင့်ရဲ့ အင်္ဂလိပ်စာကို နေ့တိုင်း လက်တွေ့ အသုံးပြုရာ ရောက်ပါတယ်။

သဒ္ဒါလေ့ကျင့်ခန်းအမျိုးအစားများ (Grammar exercise types)

သင့်ရဲ့ သဒ္ဒါအဆင့် (level) ကို စစ်ဆေးရန်အတွက် စာမေးပွဲအမျိုးမျိုးရှိပါတယ်။ ဒီကဏ္ဍမှာတော့ လူသိ များသော လေ့ကျင့်ခန်းမျိုးကို ဖော်ပြမှာဖြစ်ပြီး သဒ္ဒါစစ်ဆေးသော စာမေးပွဲများတွင် အမှတ်ကောင်းကောင်း ရစေမဲ့ အကြံပြုချက်များကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများကို ဖြေခြင်းဖြင့် သဒ္ဒါကို လေ့ကျင့်ရာလည်း ရောက်ပါတယ်။ ဒီအကြံပြုချက်တွေနဲ့ ပတ်သက်လို့ သင့်ထင်မြင်ချက်များကိုလည်း မျှဝေစေလိုပါတယ်။

စာပိုဒ်တစ်ပိုဒ်ကို ပြီးပြည့်စုံအောင် ဖြည့်စွက်ခြင်း (Write words to complete a text)

ပေးထားတဲ့ စာပိုဒ်တစ်ပိုဒ်ကို ပြည့်စုံအောင် စကားလုံးများကို ဖြည့်ရေးရမှာဖြစ်ပါတယ်။
  • စာပိုဒ်တစ်ခုလုံးကို အစအဆုံး ဖတ်ပါ။ ဘာအကြောင်းရေးထားတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါ တယ်။
  • ကွက်လပ်ရဲ့ ရှေ့-နောက်ရှိ ၀ါကျများကို ဖတ်ပါ။
  • ရွေးချယ်စရာတွေ (options)ကို မကြည့်ခင် လွတ်နေတဲ့ စကားလုံးရဲ့ အမျိုးအစားကို သိပါသလား?။ နာမ်(noun)လား? ကြိယာ(verb)လား? ၀ိဘတ် (preposition)လား?
  • ၀ါကျမှာ သင် ရွေးချယ်ထားတဲ့ စကားလုံးကို ထည့်ပြီး ဖတ်ကြည့်ပါ။ အဲဒီစကားလုံးဟာ ၀ါကျထဲမှာ အဓိပ္ပါယ် ရှိရဲ့လား?
  • သင်ထည့်လိုက်တဲ့ စကားလုံးဟာ ၀ါကျထဲမှာ သဒ္ဒါနည်းအရ မှန်ကန်မှုရှိ မရှိကို စစ်ဆေးပါ။
  • အဖြေမသိပါက မှန်းကြည့်ပါ။ မှန်ကောင်းမှန်နိုင်ပါတယ်။
  • ပြီးတဲ့အခါ အဖြေတွေကို သေသေချာချာ ပြန်စစ်ပါ။
  • ကွက်လပ်မှာ ဖြည့်ဖို့လိုနေတဲ့ စကားလုံးတွေဟာ များသောအားဖြင့် အကူကြိယာများ(auxiliary verbs)၊ နာမ်စားများ(pronouns)၊ အညွှန်းနာမ်စားများ(relative pronouns)၊ အညွှန်းစကားလုံးများ(articles)၊ အရေအတွက်ကို ဖော်ပြသော စကားလုံးများ (quantifiers)၊ ၀ိဘတ်များ(prepositions)၊ ကြိယာပုဒ်စု များ(phrasel verbs)၊ နယကြိယာများ(modals)နှင့် သမ္ဗန္ဓ (linking words) စသည်တို့ဖြစ်နိုင်ပါတယ်။

No comments:

Post a Comment