Saturday, January 30, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၃)
  • Posted by Myanmar Network Forum Moderator3 on March 11, 2014 at 11:28
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 
    ဘယ်လိုစာလုံးပေါင်းသလဲ ? (How do you spell it)

    Vocabulary exam တွေမှာ စာလုံးပေါင်းမှန်ခြင်းဟာလည်း အမှတ်ပိုရနိုင်စေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အင်္ဂလိပ်စကား လုံးတွေကို ပေါင်းရတာဟာခဲရာခဲဆစ် (tricky)နိုင်တတ်ပါတယ်။ ဒါကြောင့်မို့လို့  ဝေါဟာရတွေကို သင်ယူရင်းနဲ့  တစ်ချိန်တည်းမှာပဲ သူတို့ရဲ့  စာလုံးပေါင်းတွေကို ပါကျက်မှတ်ပါ။
စာလုံးပေါင်းသင်ယူတဲ့အခါ ကြည့်(look), ဖုံး(cover), ရေး(write), စစ်(check) ဆိုတဲ့နည်းကို အသုံးပြုပါ။ ပြောချင်တာကတော့-
  • ကြည့် (look) ဆိုတာကတော့ ဝေါဟာရနဲ့   ၄င်း၏စာလုံးပေါင်းကို ကြည့်ပါ။
  • ဖုံး (cover) ဆိုတာကတော့ ထိုဝေါဟာရကို လက်ဖြင့် ဖုံးအုပ်ထားပါ။
  •  ရေး (write) ဆိုတာကတော့ ဝေါဟာရကို ရေးချပါ။
  • စစ် (check) ဆိုတာကတော့ ရေးပြီးတဲ့အခါ ဖုံးထားတဲ့လက်ကို ဖယ်ပြီး စာလုံးပေါင်းကို မှန်မမှန် စစ်ဆေး ပါ။

စာလုံးပေါင်းအရေးကြီးတဲ့ စာမေးပွဲတွေမှာ အမှတ်များများရချင်ရင်တော့ အခုဖော်ပြမဲ့အကြံပြုချက်တွေကိုလိုက်နာ ကြည့်ပါ။
  • ၀ဏ္ဏ (syllables) တိုင်းဟာ သရသံလိုတယ်ဆိုတာကို သတိပြုပါ။
  • သရသံဟာ တခါတရံကျတော့ သရသံ (၂)သံကို တွဲထားခြင်းဖြစ်ပါတယ်။
    ဥပမာ- `ee` (သို့ ) `ea`
  • ဝေါဟာရထဲမှာ စာလုံး ၂ လုံးထပ်နေတာမျိုး (double letters) ပါပါသလား။ အင်္ဂလိပ်စာမှာ ထပ်လေ့ထပ် ထရှိတဲ့ စာလုံးတွေကတော့ - ss, ee, tt, ff, ll, mm, oo- အစရှိတာတွေဖြစ်ပါတယ်။
  • စကားလုံးတစ်လုံးရဲ့ နောက်ပိတ်ဆုံးစာလုံးတွေကတော့ အများအားဖြင့် - e,s,t,d,n,r တို့ ပဲဖြစ်ပါတယ်။
  • တစ်ချို့  သောအများကိန်းပုံစံ (plurals)တွေကပုံမှန်မဟုတ်တဲ့ စလုံးပေါင်းရှိတယ် ဆိုတာကို မမေ့ပါနှင့်။ ဥပမာ : child - children, tooth - teeth,mouse - mice နှင့် tomato - tomatoes
သင် သင်ယူနေတဲ့ဝေါဟာရအသစ်တွေမှာ သီးသန့်  ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေ (punctuation marks) တွေ ပါနေရင်လည်း မှတ်ထားဖို့ မမေ့ပါနှင့်။တချို့  အင်္ဂလိပ်စကားလုံးတွေဟာ အင်္ဂလိပ်စာလုံးအကြီးနှင့် စတတ်ကြပါ တယ်။ ဥပမာအားဖြင့်- အမည်နာမတွေ (names)၊ နေ့ရက်တွေ (days)၊ လတွေ(months)၊ ဘာသာစကား (languages)နှင့် တိုင်းပြည်တွေ (countries)- တို့ဖြစ်ပါတယ်။

ရှေ့ ဆက်၊ နောက်ဆက်စကားလုံးတွေပါပါသလား? (Does it have a prefix or suffix?)
ဝေါဟာရတစ်လုံးရဲ့  အဓိပ္ပါယ်ကို နားလည်နိုင်ရန် ၄င်း၏ရှေ့  ဆက်(သို့) နောက်ဆက်စာလုံးတွေက အထောက် အပံ့ပေးပါတယ်။ ၄င်းတို့ဟာ အဲဒီဝေါဟာရနဲ့  ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ဖေါ်ပြနေပါ တယ်။တချို့ သော ရှေ့  ဆက်တွေက နာမ၀ိသေသနတွေကို ဆန့်ကျင်ဘက်အဓိပ္ပါယ် (opposite) ပေးပါတယ်။
ဥပမာ-  un + happy = unhappy
            im + possible = impossible
            dis + satisfied = dissatisfied
            ir + regular = irregular
            il + legal = illegal
တခြားသောရှေ့  ဆက်တွေကတော့ စကားလုံးတစ်လုံးကို အပျက်သဘော (negative)ကို ဆောင်စေပါ တယ်။
ဥပမာ    anti + social = antisocial
            non + profit = nonprofit
နောက်ဆက် (suffix)တွေကတော့ ဘယ်စကားလုံးအမျိုးအစား ဖြစ်တယ်ဆိုတာကို ဖော်ပြတတ်ကြပါတယ်။
ဥပမာ- နာမ်တွေဟာ အများအားဖြင့် - ment (enjoyment),- ness (happiness) (သို့) - ion (education) တို့နဲ့ အဆုံးသတ်ကြပါတယ်။

နာမ်များအတွက် အသုံးများသော နောက်ဆက်တို့  ကို ဖော်ပြလိုက်ပါတယ်။
  • ment - management / arrangement
  • ism - racism / communism
  • ness - happiness / sadness
  • ship - friendship / relationship
  • er/-or - teacher / director
  • tion - communication / education

ကြိယာများအတွက် အသုံးများသော နောက်ဆက်များ
  • ate - create / activate
  • ify - verify / solidify
  • ise/-ize - authorize / categorise

နာမ၀ိသေသနများအတွက် အသုံးများသော နောက်ဆက်များ
  • able - reliable / capable
  • al - accidental / universal
  • ful - helpful / wonderful
  • ous/ious - dangerous / nervous / religious
  • ive - creative / sensitive
ဘယ်လို အသံထွက်သလဲ? (How do you pronounce it?)
ဝေါဟာရအသစ်တွေရဲ့ အဓိပ္ပါယ်ကို ကျက်မှတ်တဲ့အပြင် ၄င်းတို့ရဲ့ အသံထွက်ကိုလည်း သင်ယူသင့်ပါတယ်။ တစ်ခုထက်ပိုတဲ့ ၀ဏ္ဏ (syllable) ရှိတဲ့ ဝေါဟာရတိုင်းမှာ ဖိပြောရ (stress)တဲ့ စကားလုံးတွေ ပါပါတယ်။ သင့်ရဲ့ မိခင် ဘာသာစကားမှာမရှိတဲ့ အသံတွေအတွက်ကျတော့ အဲဒီစကားလုံးရဲ့ အသံထွက်ဟာ ခက်ခဲပါတယ်။ သင့်အတွက် ခက်ခဲတဲ့ အသံထွက်တွေကို မှတ်စုပြုလုပ်ထားပါ။
အောက်ဖော်ပြပါ ဥပမာများကို လေ့လာပါ။
ဝ ၀ O ဝ
O ၀ ဝ
O
O ဝ
e-du-ca-tion
co-mmu-ni-ty
tra-gic
a-ston-ished
tran-spor-ta-tion
ri-di-cu-lous
free-zing
di-rec-tor
[ '၀' လုံးလေးတစ်လုံးသည် ၀ဏ္ဏ (syllable)တစ်ခုကို ညွှန်းပါတယ်။ ၀လုံးကို ကြီး(၀)ပြထားရင် ထိုဝဏ္ဏကို ဖိ(stress)ပြောရမှာ ဖြစ်ပါတယ်။ ဥပမာ education တွင် ၀ဏ္ဏ(၄)လုံး (four syllables)ပါရှိပြီး၊ တတိယမြောက် ၀ဏ္ဏကို ဖိပြောရမှာဖြစ်ပါတယ်။ ]
ဝေါဟာရအသစ်တစ်လုံးကို သင်ယူပြီး မှတ်စုစာအုပ်ထဲမှာ ရေးသွင်းတဲ့အခါ ဖိပြောရတဲ့ ၀ဏ္ဏကို အမှတ်အသား ပြထားပါ။ အဘိဓာန်ကောင်းတစ်အုပ်က ဘယ်ဝဏ္ဏကို ဖိပြောရမယ်ဆိုတာကို ဖော်ပြလေ့ရှိပါတယ်။ စကားပြောတဲ့ အခါမှာလည်း အရေးကြီးတဲ့ စကားလုံးတွေကို ဖိပြောလေ့ရှိပါတယ်။ အောက်ပါ ဥပမာတို့ကို လေ့လာပါ။
ဥပမာ
  1. What do you do? (စာလုံးအမည်းဖြင့် ရေးထားသော စကားလုံးတို့ကို ဖိပြောရပါမယ်။)
  2. What time does the bus arrive? (စာလုံးအမည်းဖြင့် ရေးထားသော စကားလုံးတို့ကို ဖိပြောရပါမယ်။)

No comments:

Post a Comment