Thursday, January 28, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၁)
  • Posted by Myanmar Network Forum Moderator3 on February 25, 2014 at 10:58
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams)

အများထဲမှ အမှန်ကို ရွေးချယ်ခြင်း (Choose the correct option)

ဝါကျထဲမှ ကွက်လပ်တွင်ဖြည့်ရန် ပေးထားသော ရွေးချယ်စရာများ (options)ထဲမှ မှန်သော အဖြေကို ရွေးချယ်ရပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကို ကောင်းစွာ ဖြေဆိုနိုင်ရန် အောက်ပါတို့ကို အကြံပြုလိုက်ရပါတယ်။
  • ရွေးချယ်မှုမပြုမီ ကွက်လပ်ထဲကို option တစ်ခုချင်းစီကို ထည့်ကြည့်ပြီး ၀ါကျကို ဖတ်ကြည့်ပါ။
  • option တစ်ခုကို ရွေးလိုက်တဲ့အခါ ထို option ဘာကြောင့် မှန်သလဲဆိုတာကို သိပါသလား? ဒီလို သိခြင်းသည် သင့်အား ဆုံးဖြတ်ချက်ချနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။
  • option တစ်ခုကို ရေးတဲ့အခါ ကျန်တဲ့ option တွေက ဘာကြောင့်မှားသလဲဆိုတာကို သင်သိပါသလား? ဒီလိုသိတာကလည်း သင့်အား ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုနိုင်ပါတယ်။
  • မှားတယ်လို့ သင်သိနေတဲ့ option ကို ပယ်လိုက်ပါ။
  • ဘယ် option ကို ရွေးချယ်ရမလဲဆိုတာကို မသေချာပါက သင့်ရဲ့ အလိုလို ပင်ကိုယ်အသိစိတ် (instinct)ကို အသုံးပြုပါ။ ဘယ် option က ပိုသင့်တော်တယ်လို့ ခံစားရလဲ?
  • အဖြေမှန်ကို မသိပါက မှန်းကြည့်ပါ။ သင်မှန်းဆချက်ဟာ မှန်ကောင်းမှန်နိုင်ပါတယ်။
  • ဖြေပြီးတဲ့အခါ အဖြေများကို သေသေချာချာပြန်စစ်ဆေးပါ။
  • ဒီလိုရွေးချယ်ရတဲ့ မေးခွန်းများဟာ အများအားဖြင့် သင့်ကို ဆင်တူစကားလုံးများ (similar words) အလွယ်တကူ ရောထွေးနိုင်သော စကားလုံးများ (easily confused words)၊ သမ္ဗန္ဓများ (linking words)၊ ကြိယာပုဒ်စုများ (phrasal verbs) နှင့် စကားလုံးအတွဲများ (collocations)နှင့် ပတ်သက်ပြီး စစ်ဆေးတာ ဖြစ်ပါတယ်။

ကွက်လပ်ဖြည့်ခြင်း (Complete the gaps)

ဒီလိုမေးခွန်းပုံစံမှာတော့ ပေးထားတဲ့ စကားလုံးရဲ့ ပုံစံကို ပြောင်းပြီး ကွက်လပ်ကိုဖြည့်မှသာ ၀ါကျက ပြည့်စုံပြီး အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။

ဥပမာ
  • My dad __________(work) in a shop. (အဖြေ၊ works)
  • My sister ___________(not like) swimming. (အဖြေ၊ does not like)
  • This song is much__________(good) than that one. (အဖြေ၊ better)

ဝါကျတစ်ခုလုံးကို အစမှ အဆုံးဖတ်ပါ။ စမဖြေခင် ၀ါကျ တစ်ခုလုံးရဲ့ အဓိပ္ပါယ်ကို သဘောပေါက်နေဖို့ လိုပါတယ်။
ကွက်လပ်မှာ သင်ဖြည့်ရမဲ့ စကားလုံးသည် အများအားဖြင့် ကြိယာဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်နေရင်တော့ သင့်ကိုယ်သင် အောက်ပါမေးခွန်းများကို မေးကြည့်ပါ။
  • ဒီကြိယာဟာ ပစ္စုပ္ပန်(present)၊ အတိတ်(past) (သို့ ) အနာဂတ်(future) ကာလကို ညွှန်းပါသလား?
  • ရိုးရိုး(simple) သို့မဟုတ် ဆက်လက်လုပ်ကိုင်မှု (continuous) ပုံစံကို ဖြည့်ရမှာပါလား?
  • အကူကြိယာ(auxiliary verb)လိုအပ်ပါသလား?
  • ကြိယာရဲ့ နောက်မှာ 's' ထည့်ဖို့ လိုပါသလား?
  • ခံရခြင်းပြကြိယာပုံစံ (passive form) လိုတာပါလား? (be + past participle)

တစ်ခါတစ်ရံကျတော့ လိုအပ်တဲ့ စကားလုံးဟာ နာမ၀ိသေန (adjective) ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အောက်ပါ မေးခွန်းများကို မေးကြည့်ပါ။
  • နာမ၀ိသေသနရဲ့ နှိုင်းယှဉ်တဲ့ပုံစံ (comparative form) ကို လိုအပ်တာပါလား?
  • ပုံမှန်(regular) (သို့) ပုံမမှန် (irregular) နာမ၀ိသေသနပုံစံလား?
  • နာမ၀ိသေသနရဲ့ အမြင့်ဆုံး (superlative) ပုံစံကို လိုအပ်တာလား?
  • ပုံမှန်(သို့) ပုံမမှန်ပုံစံလား?

နာမ၀ိသေနတွေမှာ အများကိန်းသဏ္ဍာန် (plural forms) မရှိဘူးဆိုတာကို သတိထားပါ။
ဥပမာ
  • Your shoes are nices. (အမှား)
  • Your shoes are nice. (အမှန်)

တစ်ခါတစ်ရံကျတော့ ဖြည့်ရမဲ့ စကားလုံးဟာ ကြိယာထောက် (adverb) ဖြစ်နိုင်ပါတယ်။ ၄င်းတို့အတွက် မေးရမဲ့
မေးခွန်းတွေကတော့ -
  • ၄င်းရဲ့ နာမ၀ိသေသနပုံစံက ဘာလဲ?
  • နာမ၀ိသေသနရဲ့နောက်မှာ 'ly'ကို ထည့်ရမှာပါလား?
    ဥပမာ slow + ly = slowly
  • ပုံမမှန်ပုံစံဖြစ်နေလား? ဥပမာ - fast, hard - တို့ ဖြစ်ပါတယ်။
ဒီလိုကွက်လပ်ဖြည့်ရတဲ့ မေးခွန်းပုံစံမျိုးမှာ အမှတ်များများလိုချင်ရင်တော့ အောက်ပါ အကြံပြုချက်တို့ကို မမေ့ပါနှင့်။
  • အဖြေမှန်ကို မသိရင် မှန်းဆကြည့်ပါ။ မှန်ကောင်း မှန်သွားနိုင်ပါတယ်။
  • စာလုံးပေါင်းကို သေသေချာချာ စစ်ဆေးပါ။
  • ဖြေလို့ပြီးသွားရင် အဖြေများကို သေသေချာချာပြန်စစ်ပါ။

စကားလုံးတည်ဆောက်မှု (Word formation)

ပေးထားတဲ့ ၀ါကျ(သို့)စာပိုဒ်တစ်ပိုဒ်ကို အဓိပ္ပါယ်ပြည့်စုံအောင် ကွက်လပ်မှာ ထည့်ရမဲ့ စကားလုံးကို နာမ် (noun)မှ နာမ၀ိသေသန (adjective) (သို့) ကြိယာ(verb) မှ နာမ် (noun) သို့ ပုံစံပြောင်းပေးရပါတယ်။
ဥပမာ - The __________was very nervous. (sing)
ကွက်လပ်မှာ ဖြည့်ရမဲ့ စကားလုံးကတော့ singer ပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကြိယာဖြစ်တဲ့ sing ကို နာမ်ဖြစ်တဲ့ singer သို့ ပုံစံပြောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။
  • သင်ပုံစံပြောင်းပြီး ကွက်လပ်မှာ ဖြည့်ပေးရမဲ့ စကားလုံးကို သေသေချာချာ ကြည့်ပါ။ ၄င်းနှင့် စကားလုံးအုပ်စု တစ်စု (word family) တည်းမှာရှိတဲ့ တခြားဘယ်စကားလုံးတွေကို သိပါသလဲ?
  • စကားလုံးရဲ့ အရှေ့ပိုင်းက အများအားဖြင့် ပြောင်းလဲခြင်း မရှိဘဲ နောက်ပိုင်းကသာ ပြောင်းလဲလေ့ရှိ ပါတယ်။
  • စကားလုံးသစ်ဟာ ဘယ်စကားလုံးအမျိုးအစားဖြစ်သွားလဲ? ကြိယာလား? နာမ်လား? နာမ၀ိသေသနလား? ကြိယာထောက်လား?
  • နာမ်များသည် -ment, -ion, -ness, -ity အစရှိသော နောက်ဆက်များဖြင့် အဆုံးသတ်တတ်ကြပါတယ်။
  • လူပုဂ္ဂိုလ်ကို ဖော်ပြတဲ့ နာမ်များကတော့ -er, -or, -ist, -ian အစရှိတဲ့ နောက်ဆက်တွေနဲ့ အဆုံးသတ် လေ့ရှိပါတယ်။
  • နာမ၀ိသေသနတွေရဲ့ အဆုံးသတ်တွေကတော့- -able, -ive, -al, -ic, -ed, -ing စသည်တို့ဖြစ်ပါတယ်။
  • တချို့သော ကြိယာတွေကတော့ - -ise, -ate, -en တို့ဖြင့် အဆုံးသတ်တတ်ပါတယ်။
  • ကြိယာထောက်တွေကတော့ အများအားဖြင့် -ly နဲ့ အဆုံးသတ်ပါတယ်။
  • ကွက်လပ်မှာ ဖြည့်ရမဲ့ စကားလုံးအသစ်က မဟုတ်တဲ့ သဘော (negative) ကို ဆောင်ပါသလား? ဒါဆိုရင် ရှေ့ဆက် (prefix) ကိုလိုကောင်းလိုပါလိမ့်မယ်။ ဥပမာ - un- (unhappy), im-(impolite)_, in-(inexperienced), dis-(dishonest) ….စသည်တို့ပဲဖြစ်ပါတယ်။
  • ကွက်လပ်မှာ ထည့်ရမဲ့ စကားလုံးအသစ်ကို မသိပါက မှန်းကြည့်ပါ။ မှန်ကောင်းမှန်သွားနိုင်ပါတယ်။
  • ဖြေပြီးတဲ့အခါ အဖြေများကို သေသေချာချာပြန်စစ်ပါ။

No comments:

Post a Comment