Wednesday, January 20, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၂)
  • Posted by Myanmar Network Forum Moderator3 on January 6, 2014 at 11:00
  •  

  • နံနက်စောစောထသူနှင့် ညဥ့်နက်မှ အိပ်သူ (Early bird and night owl)

    သင့်ကိုယ်သင်ဘယ်လိုအချိန်မျိုးမှာ စာကျက်ရတာ ပိုအားကောင်းတယ်ဆိုတာကို သိထားတာက အကျိုးရှိပါတယ်။ တချို့သော သူများက နံနက်စောစောထပြီး စာကျက်မှတ်ရတာ ပိုအားသန်ကြသလို တချို့သော သူများကလည်း နေ့လည်(သို့) ညဥ့်နက်နက်မှာ ကျက်မှတ်ရတာကို အားသန်ကြပါတယ်။ ထို့ကြောင့် သင့်ရဲ့စာကျက်ချိန်ကို သင့်ရဲ့အကောင်းဆုံး အခြေအနေနဲ့ နိုးနိုးကြားကြားရှိတဲ့အချိန်ကို သတ်မှတ်ပါ။

အိပ်စက်ခြင်း(Sleep)

ဦးနှောက်အတွက် အကောင်းဆုံးအာဟာရမှာ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲရက်တွေ အတွင်းမှာ များများအိပ်ဖို့လိုပါတယ်။ ပင်ပန်းနေတဲ့အခါ အာရုံစိုက်ဖို့နဲ့ သင်ယူဖို့ခက်ခဲပါတယ်။ ဒါဆိုရင် ဘယ်လောက်အိပ်ရမှာလဲ၊ ။ သင့်အနေနဲ့ လုံလုံလောက်လောက် အိပ်ပြီးပြီဆိုရင် မောပန်းမှုကို ခံစားရမှာ မဟုတ်ပါ။ ထို့ကြောင့် သိပ်မများလွန်၊ သိပ်မနည်းလွန်းတဲ့ အိပ်ချိန်ရှိရပါမယ်။ ဆယ်ကျော်သက်အရွယ်အများစု သည် တစ်ညမှာ (၈)နာရီနှင့် (၉)နာရီကြား အိပ်ချိန်ရှိသင့်ပါတယ်။ ပြည့်ပြည့်၀၀နှင့် ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့လိုပါတယ်။ ထို့ကြောင့် အိပ်ယာပေါ်မှာ စာအုပ်တွေ ပြန့်ကြဲလျက် (သို့) မီး၊ သီချင်းသံ၊ ကွန်ပျူတာတွေ ဖွင့်လျက် မအိပ်သင့်ပါ။

အကောင်းဆုံးအိပ်ပျော်နိုင်ဖို့ဆိုရင် သင့်အိပ်ခန်းသည် တိတ်ဆိတ်ပြီး သက်သောင့်သက်သာနှင့် မှောင်နေရမှာ ဖြစ်ပါတယ်။ ညဥ့်နက်အထိ စာကျက်နေပြီး လုံလုံလောက်လောက် မအိပ်ခဲ့ရဘူးဆိုရင် နောက်တစ်နေ့ နေ့လည်မှာ အားပြည့်အောင် တမှေးအိပ်သင့်ပါတယ်။ မိနစ်(၃၀)လောက် တမှေးအိပ်လိုက်ခြင်းဖြင့် စာကို ပြန်လည်ကျက်မှတ်ဖို့ အားဖြစ်နိုင်ပါတယ်။ သို့သော်လည်း တမှေးအိပ်စက် ခြင်းသည် တစ်နေ့ခင်းလုံးဖြစ်မသွားဖို့တော့ သတိထားရပါမယ်။

အိပ်ပျော်စေနိုင်မဲ့ အကြံပြုချက်များ(Tips to help you sleep)
  • အိပ်ချိန်မှန်ပါစေ။ ညတိုင်း အိပ်ရာဝင်တဲ့ အချိန်ဟာ တချိန်တည်းဖြစ်ပါစေ။ ဖြစ်နိုင်ပါက (၈)နာရီ (သို့) (၉)နာရီ အိပ်ချိန်ရှိအောင် ကြိုးစားပါ။
  • လေ့ကျင့်ခန်းများများလုပ်ပါ။ မအိပ်ခင်လေးမှာ လေ့ကျင့်ခန်းလုပ်တာထက် မနက်စောစော လေ့ကျင့် ခန်းမှန်မှန်လုပ်ခြင်းသည် ညမှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။
  • ကဖိန်းဓာတ်ပါသော ကိုလာ၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို နေ့လည်နှင့် ညနေတို့တွင် မသောက်ပါနှင့်။ ရေ(သို့) သစ်သီးဖျော်ရည် (သို့) ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်တို့ကို သာ သောက်ပါ။
  • အိပ်ခါနီးနို့များများဖြင့် ဖျော်ထားသော သောက်စရာတစ်မျိုးမျိုးကို သောက်ပါ။
  • မအိပ်ခင်စိတ်အပန်းဖြေပါ။ စာကျက်ပြီးသွားတဲ့အခါမှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗွီကြည့်ခြင်း (သို့) ရေချိုးလိုက်ခြင်းဖြင့် စိတ်ကို အပန်းဖြေလိုက်ပါ။
  • အိပ်ခန်းထဲရှိ လျှပ်စစ်မီး၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့် အခြားသော လျှပ်စစ်ပစ္စည်းများကို ပိတ်ထား ပါ။
  • မနက်နိုးတဲ့အခါမှာ လိုက်ကာများကို ဖယ်ရှား၍ အိပ်ခန်းထဲသို့ သဘာဝ အလင်းရောင်များများဝင်နိုင် အောင် လုပ်ပေးပါ။ ပိုပြီး နိုးနိုးကြားကြားဖြစ်လာပါလိမ့်မည်။

စာမေးပွဲမဖြေခင်ည(The night before the exam)

သင်ဟာ စာမေးပွဲအတွက် ကောင်းကောင်း ပြင်ဆင်ခဲ့မယ်ဆိုရင် စာမေးပွဲမတိုင်ခင်ညမှာ စိတ်ဖိစီးမှု သိပ်ရှိလှမှာ မဟုတ်ပါဘူး။ အမှန်တကယ် ပြောရရင်တော့ သင့်အနေနဲ့ စိတ်အေးလက်အေးအနည်းငယ်ရှိနေပြီး နောက်တစ်နေ့ အရေးကြီးတဲ့ ရက်အတွက် စီစဉ်ဖို့ အချိန်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အကြံပြုလိုတာကတော့
  • မှတ်စုများ ပြန်ကြည့်ပါ။
  • လွယ်အိတ်ကို အသင့်ပြင်ထားပါ။ စာမေးပွဲခန်းကို ယူသွားရမဲ့ ပစ္စည်းများရှိပါသလား၊ ဘောပင်၊ ခဲတံ၊ အဘိဓာန်၊ ရေပုလင်း၊ နာရီ၊ စာမေးပွဲ ဖြေခွင့်ကဒ်ပြား။
  • အိပ်ယာမ၀င်မီ သင်နှစ်သက်ရာ အလုပ်တစ်ခုခုကို လုပ်ပါ။ ဥပမာ - သီချင်းနားထောင်ခြင်း၊ တီဗွီကြည့်ခြင်း စသဖြင့်ပေါ့။ ဒီလိုလုပ်ခြင်းက သင့်စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မည်။
  • အိပ်ယာစောစောဝင်ပြီး အိပ်ရေး၀၀အိပ်ပါ။

စာမေးပွဲနေ့(The day of the exam)

စာမေးပွဲဖြေရမဲ့နေ့ရောက်လာပါပြီ။ အခုဖော်ပြမဲ့ အကြံပြုချက်တွေကတော့ သင့်ကို အကောင်းဆုံး ဖြေဆိုနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။
  • သင်ဟာ စာမေးပွဲကို မနက်ပိုင်းမှာ ဖြေရမှာဆိုရင် စောစောအိပ်ရာထပြီး နံနက်အစာပြေစာ(breakfast) ကို ကောင်းကောင်းစားပါ။ ဒါက အားအင်ဖြစ်စေပါတယ်။
  • လိုအပ်တဲ့ ပစ္စည်းတွေ ယူသွားဖို့ မမေ့ပါနှင့်။
  • ကျောင်းကို စောစောသွားပါ။ ကျောင်းရောက်ဖို့ အချိန်လုံလုံလောက်လောက် ယူပါ။ နောက်ကျလျှင် သင့်အနေဖြင့် ပိုပြီး စိတ်လှုပ်ရှားပါလိမ့်မယ်။ သင်ဘယ်အခန်းမှာ ဖြေရမယ်ဆိုတာကို စစ်ဆေးပါ။
  • စာမေးပွဲမစခင် ရေအိမ်(toilet)သွားပါ။
  • စိတ်လှုပ်ရှားနေပါက မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်း ၄-၅ကြိမ်လောက်ရှူသွင်းပါ။
  • ဘာလုပ်ရမယ်ဆိုတာကို ဆရာက ရှင်းပြနေတဲ့အခါမှာ အာရုံစိုက်ပြီး နားထောင်ပါ။
  • ညွှန်ကြားချက်များကို သေသေချာချာဖတ်ပါ။ နားမလည်ပါက ဆရာကို မေးပါ။
  • မေးခွန်လွှာကို ဖတ်ပြီး ကဏ္ဍတစ်ခုစီအတွက် အချိန်ဘယ်လောက်ပေးနိုင်မယ်ဆိုတာကို တွက်ကြည့် ပါ။ သင် သတ်မှတ်လိုက်တဲ့အချိန်တွေကို မေးခွန်းလွှာပေါ်မှာ ရေးသားပါ။ ဒီလိုလုပ်ခြင်းဖြင့် အချိန်ကို စီစဉ်ယူ နိုင်ပါတယ်။
  • စစ်ဆေးလွှာပေါ်မှာ သင့်နာမည်ကို ရေးပါ။
  • ဖြစ်နိုင်ရင် အလွယ်ဆုံး မေးခွန်းက စဖြေပါ။ ဒါမှလည်း စိတ်သက်သက်သာသာရှိမှာပါ။
  • ဖြေလို့ပြီးရင်တော့ အဖြေတွေကို သေသေချာချာပြန်စစ်ပါ။
  • ရေးဖြေဖြစ်ပါက မိမိအရေးအသားကို သေသေချာချာစစ်ဆေးပြီး အမှားရှာပြီး ပြင်ပါ။

မှတ်ဉာဏ်ကို မြှင့်တင်ပေးပါ။ (Boost your memory)

စာမေးပွဲအတွက် ပြင်ဆင်ရာတွင် မှတ်ဉာဏ်သည် လွန်စွာမှ အရေးပါပါသည်။ အောက်တွင် ဖော်ပြထားသော အကြံပြုချက်တွေဟာ သင့်ရဲ့မှတ်နိုင်စွမ်းကို အထောက်အကူဖြစ်ပါလိမ့်မယ်။ သို့သော် လူတစ်ယောက်နဲ့တစ်ယောက်သင်ယူပုံ မတူတဲ့အတွက် ဘယ်အကြံပြုချက်က သင့်အတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ချင့်ချိန်ပါ။ ဥပမာ ပြောရရင် တချို့ကျောင်းသားတွေက ကျက် မှတ်ရမဲ့အကြောင်းအရာတွေကို ရေးချပြီး မြင်ရမှ ပိုမှတ်မိသလို၊ တချို့ကျတော့လည်း အကြောင်းအရာကို နားထောင်ရတာကို နှစ်သက်ကြပါတယ်။ တချို့ကြပြန်တော့လည်း လမ်းလျှောက်နေရင်း လှုပ်ရှားနေရင်းနဲ့ ကျက်မှတ်ရတာကို ပိုအားသန်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေက သင့်ကို ပိုမှတ်မိနိုင်အောင် အထောက်အကူပေးမလဲဆိုတာသိရ အောင် အောက်ပါအကြံပြုချတွေကို စမ်းကြည်ပါ။
  • ရုပ်ပုံတွေ၊ ကားချပ်တွေ၊ ဗွီဒီယိုတွေ အစရှိတဲ့ သင်ထောက်ကူပစ္စည်းတွေ (visual aids)ကို အသုံးပြု ပါ။ ဥပမာ-ဝေါဟာရကျက်မှတ်ဖို့ဆိုရင် ရုပ်ပြအဘိဓာန်(picture dictionary)ကို အသုံးပြုပါ။
  • ပုံကြမ်းတွေ၊ ဇယားတွေဆွဲပါ။ ဝေါဟာရအမျိုးမျိုးနှင့် ဝေါဟာရအုပ်စုတွေမှတ်မိဖို့ဆိုရင် mind maps တွေ၊ ဇယားတွေ ဆွဲပါ။
  • မှတ်စုတွေရေးပါ။ အရေးကြီးတဲ့ အချက်တွေကို ထင်ထင်ရှားရှား မြင်သာရန်အတွက် ရောင်စုံဘောပင် တွေ၊ ရောင်စုံမင်တံတွေ(highlighters)ကို အသုံးပြုပြီး အထူးအသားပေးထားပါ။ ဥပမာအားဖြင့် အသံထွက် တွေ၊ သဒ္ဒါအသုံးအနှုန်းတွေကို ရောင်စုံမင်တံတွေကို သုံးပြီးတော့ မြင်သာအောင် အရောင်ချယ်ထားပါ။
  • သင့်ရဲ့ ပုံကြမ်းတွေ၊ ဇယားတွေ mind maps တွေ အသားပေးဖော်ပြထားတဲ့ အရေးကြီးအချက်တွေကို နောက်နာရီအနည်းငယ်ကြာသွားတဲ့အခါ (သို့) နောက်တစ်နေ့မှာ ပြန်ကြည့်ပါ။ အကြိမ်များစွာ ကြည့်လေလေ ပိုမှတ်မိလေလေဖြစ်ပါတယ်။
  • အချက်အလက်၊ အကြောင်းအရာတွေကို ရေးချပါ။
  • မှတ်စုရေးထားတဲ့စာရွက်တွေကို သင့်အခန်းပတ်ပတ်လည်မှာ ကပ်ထားပြီး ၄င်းတို့ကို မှန်မှန်ကြည့်ပါ။
  • သင့်အသံကို အသံသွင်းရန်အတွက် သင့်ရဲ့ လက်ကိုင် phone (သို့) online အသံဖမ်းစက်ကို အသုံးပြုပါ။ မှတ်စုတွေကို ဖတ်နေတဲ့ သင့်အသံကို အသံသွင်းပြီး ပြန်နားထောင်ပါ။
  • သူငယ်ချင်းတစ်ယောက်ယောက်နှင့်အတူ စာကို ကျက်ပါ။ အချင်းချင်း ရှင်းပြခြင်း၊ မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ပါ။ အချက်အလက်တွေကို နားထောင်ရတာ နှစ်သက်သူအတွက်တော့ ဒီနည်းက အသုံးဝင်ပြီး မှတ်အားကို အထောက်အကူဖြစ်စေပါတယ်။
  • သင်အရောင်တွေနဲ့ အသားပေးမှတ်သားထားတဲ့ အချက်တွေကို အသံထွက်ဖတ်ပါ (သို့) အသံသွင်းပါ။
  • သင့်မှတ်စုတွေကို မှန်မှန်နားထောင်ပါ။ အကြိမ်များများ နားထောင်လေ ပို၍ မှတ်မိလေဖြစ်ပါတယ်။
  • သင်သိပြီးသားအကြောင်းအရာတွေကို အချက်အလက်အသစ်တွေနဲ့ ဆက်စပ်ပေးပါ။ ဥပမာ ဝေါဟာရတစ်ခုရဲ့ အဓိပ္ပါယ်အသစ်ကို ကျက်မှတ်တဲ့အခါ သင်သိပြီးသား အဓိပ္ပါယ်ကို ပြန်စဉ်းစား ကြည့်ပါ။ အဓိပ္ပါယ် (၂)မျိုးဟာ ဆက်စပ်နေပါသလား။
  • ဟိုဟိုဒီဒီလမ်းလျှောက်ရင်းနဲ့ သင့်မှတ်စုတွေကို အသံထွက်ဖတ်ပါ။
  • သူငယ်ချင်းတစ်ယောက်ယောက်နဲ့ လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်ရင်းနဲ့ အချင်းချင်းစစ်ဆေး ကြပါ။

No comments:

Post a Comment