Friday, January 29, 2016

စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)



စာမေးပွဲဆိုင်ရာအကြံပြုချက်များ (အပိုင်း ၁၂)
  • Posted by Myanmar Network Forum Moderator3 on March 4, 2014 at 10:55
  •  
  • သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ စာမေးပွဲများ (Grammar and vocabulary exams) - 

ဝါကျပုံစံပြောင်းလဲခြင်း (Sentence transformation)

ဒီလိုမေးခွန်းပုံစံများမှာဝါကျ နှစ်ကြောင်းပေးထားပါတယ်။ တစ်ကြောင်းက ပြည့်စုံ (complete)ပြီး ကျန်တစ်ကြောင်းက မပြည့်စုံ (incomplete)ပါ။ ဒုတိယ၀ါကျကို ပထမစာကြောင်းနှင့် အဓိပ္ပါယ်တူညီသော ၀ါကျဖြစ်အောင် ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။


ဥပမာ - ပေးထားသော ၀ါကျများမှာ Steven Spielberg directed Jurrassic Park.
Jurrasic Park______________Steven Spielberg.
အဖြေကတော့ Jurrasic Park was directed by Steven Spielberg.

ဒီလိုမေးခွန်းပုံစံကို ဖြေဆိုရာတွင် အထောက်အကူဖြစ်စေမဲ့ အကြံပြုချက်အချို့ကို အောက်တွင် ဖော်ပြလိုက် ပါတယ်။
  • ညွှန်ကြားချက်များကို သေသေချာချာဖတ်ပါ။
  • ဒုတိယ၀ါကျမှာ ထည့်သွင်းဖို့ စကားလုံးတစ်လုံးလုံးပေးထားပါသလား?။ ဒါဆိုရင် အဲဒီ စကားလုံးကို ပုံစံမပြောင်းပစ်ပါနှင့်။ ဒီအတိုင်းထားထားပါ။
  • ဒုတိယ၀ါကျကို ပြည့်စုံစေရန် ဖြည့်ရမဲ့ စကားလုံး ဘယ်နှလုံးခွင့်ပြုထားပါသလဲ? တစ်ခါတလေ ခွင့်ပြုထားတဲ့ စကားလုံးအရေအတွက် အများဆုံးကို ညွှန်ကြားချက်၌ ဖော်ပြထားပါတယ်။
  • ပေးထားသော ၀ါကျနှစ်ကြောင်းစလုံးကို ဖြေးဖြေးနဲ့ သေသေချာချာ ဖတ်ပါ။
  • ပထမ၀ါကျရဲ့ ဘယ်အစိတ်အပိုင်းကို ဒုတိယ၀ါကျမှာ ပြန်လည်ဖြည့်ခိုင်းထားပါသလဲ?
  • သဒ္ဒါရဲ့ ဘယ်ကဏ္ဍကို အသုံးပြုဖို့လိုပါသလဲ?
  • အဖြေမသိပါက မှန်းဆကြည့်ပါ။ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။
  • စာလုံးပေါင်းကို ဂရုစိုက်စစ်ဆေးပါ။
  • ဖြေပြီးပါက အဖြေများကို သေသေချာချာ ပြန်လည်စစ်ဆေးပါ။
  • ၀ါကျပုံစံကို ပြောင်းလဲပေးရတဲ့ မေးခွန်းတွေဟာ အများအားဖြင့် တိုက်ရိုက်စကားနှင့် သွယ်ဝိုက်စကား (direct and indirect speech)၊ နှိုင်းယှဉ်အဆင့်နှင့် အမြင့်ဆုံးအဆင့် (comparative and superlative forms)၊ ပြုလုပ်ခြင်းပြကြိယာနှင့် ခံရခြင်းပြကြိယာ(active and passive forms)၊ တိုင်းတာမှု၊ အရေ အတွက်ပြစကားလုံးများ (quantifiers)၊ ခြွင်းချက်သဘောဆောင်သောဝါကျများ(conditionals)နှင့် ကြိယာ ပုံစံများ(verb patterns)နှင့် ပတ်သက်၍ စစ်ဆေးခြင်းဖြစ်ပါတယ်။

ဝေါဟာရအသစ်များကို သင်ယူခြင်း(Learning new words)

ဒီကဏ္ဍမှာတော့ ဝေါဟာရအသစ်တွေကို ဘယ်လို သင်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံပြုချက်တွေ ဖော်ပြထားပါတယ်။ ဘာသာစကားအသစ်တစ်ခုခုကို သင်ယူတဲ့အခါ ဝေါဟာရကြွယ်ဝစေရန်အတွက် စကားလုံးသစ်တွေကို သင်ယူခြင်းဟာ အရေးကြီးလှပါတယ်။ ဝေါဟာရအသစ်တွေကို သင်ယူတဲ့အခါ ၄င်းကို အမြန်ဆုံး အသုံးချနိုင်ပါမှ သင့်ရဲ့ အသုံးချတဲ့ ဝေါဟာရ (active vocabulary)ရဲ့ စာရင်းရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ဝေါဟာရအသစ်တစ်လုံးကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့ဆိုရင် အနည်းဆုံး (၅)ကြိမ်လောက်တော့ မြင်တွေ့ထားဖို့လိုအပ်ပါတယ်။ ဒီ ၀က်(ဘ)ဆိုဒ်ပေါ်မှာ ဝေါဟာရအသစ်တွေကို သင်ယူနိုင်ဖို့အခွင့်အလမ်းတွေအများကြီးရှိတဲ့အပြင် ဒီဆိုဒ်မှာပဲ သုံးသပ်ချက်တွေ ရေးသားခြင်းဖြင့် သင့်ရဲ့ ဝေါဟာရအသစ်တွေကို လက်တွေ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဝက်(ဘ)ဆိုဒ်ပေါ်က ဝေါဟာရလေ့ကျင့်ခန်းတွေ (vocabulary exercises)ကိုလည်း ဝေါဟာရသစ် သင်ယူရာတွင် အသုံးချဖို့ မမေ့ပါနှင့်။ ဒါ့အပြင် အင်္ဂလိပ်စာကို တတ်နိုင်သမျှ ဖတ်ခြင်း၊ အင်္ဂလိပ်စကားကို တတ်နိုင်သမျှ နားထောင်ပေးခြင်းဖြင့် သင့်ရဲ့ဝေါဟာရတွေဟာ ပိုကြွယ်ဝလာမှာ ဖြစ်ပါတယ်။

ဘာအဓိပ္ပါယ်လဲ? (What does it mean?)

ဝေါဟာရကို စစ်ဆေးတဲ့ စာမေးပွဲတွေ၊ စစ်ဆေးမှုတွေဟာ ခက်ခဲနိုင်ပါတယ်။ ဝေါဟာရတွေကို ၀ါကျထဲမှ ဖော်ပြထားတာဆိုရင်တော့ ၄င်းရဲ့ အဓိပ္ပါယ်ကို စကားစပ်မှ မှန်းဆနိုင်ပါတယ်။ ဝေါဟာရတွေကို သင့် ဘာသာစကားမှ အင်္ဂလိပ်စကားသို့ ဘာသာပြန်ပေးရတာဆိုရင်တော့ စာမေးပွဲမတိုင်မီ ထိုစကားလုံးတွေကို အချိန်ပေးပြီးတော့ သင်ယူခြင်း၊ ပြန်လှန်လေ့ကျင့်ခြင်းကို ပြုလုပ်ရပါမယ်။ ဒီကဏ္ဍမှာ ဖော်ပြထားတဲ့ အကြံပြု ချက်တွေကို အသုံးပြုပြီးတော့ သင့်ရဲ့ မှတ်နိုင်အားကို မြှင့်တင်ပေးပါက vocabulary test တွေအတွက် ပြင်ဆင် ရာတွင် အထောက်အပံ့ဖြစ်ပါလိမ့်မယ်။
  • ဝေါဟာရရဲ့ အဓိပ္ပါယ်ကို သင်နားလည်ပါလား?
  • ထိုဝေါဟာရကို စာလုံးပေါင်းတတ်ပါသလား? စာမေးပွဲမှ စာလုံးပေါင်းခြင်းဟာ အရေးပါနေပါလား?
  • ထိုဝေါဟာရသည် တခြားသော ဝေါဟာရတစ်လုံးလုံးနဲ့ ဆင်တူရိုးမားဖြစ်နေပါသလား?
  • ဒီစကားလုံးမှာ အဓိပ္ပါယ်တစ်ခုမက ရှိနေပါလား?
    ဥပမာ watch : a verb (ကြိယာ)၊ အရာတစ်ခုခုကို ကြည့်သည်။
    watch : a noun(နာမ်)၊ အချိန်ပြောရန်အတွက် အသုံးပြုသော အရာဝတ္ထု။

ဘယ်စကားလုံးအမျိုးအစားလဲ? (What form is it?)

ဝေါဟာရအသစ်တွေကို သင်ယူတဲ့အခါမှာ သင့်ကိုယ်သင် အောက်ပါတို့ကို မေးကြည့်ပါ။

အဲဒီစကားလုံးဟာ
  • နာမ်(noun)လား?
  • ကြိယာ(verb) လား?
  • နာမ၀ိသေသန(adjective) လား?
  • ကြိယာထောက်(adverb) လား?
  • ၀ိဘတ်(preposition) လား?
  • ကြိယာပုဒ်စု (phrasal verb) လား?
စာပိုဒ်ရဲ့ စကားစပ်ကနေပြီး ဘာစကားလုံးအမျိုးအစားလဲဆိုတာ မသိနိုင်ပါက အဘိဓာန်ကို ကိုးကားပါ။ သင့်ရဲ့ ဝေါဟာရမှတ်စုစာအုပ်မှာ ဝေါဟာရအသစ်တွေကို ရေးသွင်းတဲ့အခါ ၄င်းတို့နံဘေးမှာ စကားလုံးအမျိုးအစားကိုပါ ရေးထားပါ။

ဥပမာ - v= verb, n=noun, adj= adjective, adv, adverb, prep = preposition,
know(v), music(n), big(adj), slowly(adv), between(prep)

No comments:

Post a Comment