Sunday, February 13, 2022

ဘင်္ဂလီတွေ ဘာကြောင့် ပြန်မလာတာလဲ

ဘင်္ဂလီတွေ ဘာကြောင့် ပြန်မလာတာလဲ

ကျနော်တို့ အခုချိန်ထိ မကျေမနပ် ဖြစ်နေရဆဲ ၂၀၁၇ ရခိုင် ပြဿနာကို ဘာကြောင့် ဖန်တီးခဲ့သလဲ...?
ဘာကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးကြတာလဲ.. ?
ဒေါ်စုကြည်က ကိုဖီအာနန်ကို ခေါ်ပြီး အကြံအဖန် အစီရင်ခံစာ ဘာကြောင့် လုပ်ရသလဲ .....?
ICJ မှာ အကြံအဖန်လုပ် တရားစွဲမယ့် ဇီးရွက်လောက် တိုင်းပြည်နဲ့ ဘာကြောင့် သံတမန်ချိတ်ဆက်ခဲ့သလဲ.... ?
မြန်မာပြည်က ၁၉၈၂ ဥပဒေအရ လက်ခံပါ့မယ်လို့ ပြောတာကို လက်မခံပဲ အားလုံးလက်ခံဖို့ ဖိအားပေးနေကြသလဲ... ?
နစက တက်ခါတော့ ဘင်္ဂလီတွေကို ဥပဒေ နဲ့ အညီ လက်ခံပေးမယ်လို့ တပ်ချုပ်ကြီး ဘာကြောင့် ထပ်မံပြောဆိုခဲ့သလဲ..?
ဒါတွေအတွက် ပြည်သူတွေထဲမှာ လူသိနည်းတဲ့ အချက်တွေ ရှိနေပါတယ် ။
ရဲစခန်း ၃၀ တပြိုင်နက်တည်း တိုက်မယ် ၊ စစ်တပ်က သေချာပေါက် နှိမ်နင်းမယ် ၊ အားလုံး ထွက်ပြေးရမယ် (မပြေးချင်လည်း မနေရ) ၊ ပြီးရင် NLD အစိုးရက စာရင်းမရှိ အင်းမရှိ ပြောသမျှ လက်ခံပေးမယ် ၊ လက်ခံရုံမက မြန်မာတိုင်းရင်းတို့ရဲ့ ဘဏ္ဍာငွေ သုံးပြီး ဘင်္ဂလီတွေအတွက် နေအိမ် ၊ စားစရာ နဲ့ အရင်းအနှီးအထိ ထောက်ပံ့ပေးကြမယ် ၊ အဖက်ဖက်က ဖိအားပေးပြီး မဖြစ်ဖြစ်အောင် လုပ်ကြမယ် ဆိုပြီး စနစ်တကျ ဆောင်ရွက်ခဲ့ကြပါတယ် ။
သိပ်ကြောက်စရာကောင်းတဲ့ ဒီ မြေလု စီမံကိန်းကို NLD တွေက သခင်အားရ ကျွန်ပါးဝ ဘာကြောင့် လုပ်ပေးခဲ့သလဲ ဆိုရင် ဦးသိန်းစိန် လက်ထက်က ပြုလုပ် ပြီးဖြစ်တဲ့ စီမံချက်ကြောင့်ပါပဲ ။
အဲဒီစီမံချက်က ဘာလဲဆိုတော့ ခိုးဝင် လူမျိုးခြား ထိမ်းချုပ်ရေးအစီအမံဖြစ်တဲ့ ဆွဲ တင် စစ် စီမံချက်ပါပဲ ။
တရွာ​ခြင်း တအိမ်ခြင်း တမိသားစုခြင်း လူကုန် ဓာတ်ပုံရိုက် မှတ်တမ်းယူကြရတယ် ။ တယောက်ခြင်း ကိုယ်စီ နံမည်ရေးထားတဲ့ ကဒ်ပြားတွေ နဲ့ တွဲရိုက်ပြီး စနစ်တကျ မှတ်တမ်းပြုစုလိုက်တယ် ။
အဲသလို စီစစ်လိုက်တော့ အဆိုပြုထားတဲ့ လူဦးရေ နှစ်သိန်းမှာ လေး / ငါး သောင်းပဲ ၁၉၈၂ ဥပဒေအရ အတည်ပြုနိုင်ခဲ့တယ် ။
အဲလို အနေအထားမှာ နိုင်ငံရေးအာဏာကို NLD လဲ ရသွားရော ဦးသိန်းစိန်တို့ ဥပဒေနဲ့ အညီ စနစ်တကျ ပြုစုထားခဲ့တဲ့ ဆွဲ တင် စစ် စာရင်းဇယားကို ဖြောက်ဖျက်ကြဖို့ နဲ့ ပျက်စီးစေဖို့ ယခုလို ၂၀၁၇ ရခိုင်ပြဿနာ ဖန်တီးခဲ့ကြတာပါ ။
NLD လက်ထက်မှာ ဘင်္ဂလီတွေရဲ့ လူမျိုး နဲ့ အမည်တွေကို မြန်မာအဖြစ် ပြောင်းလဲထားတဲ့ လဝက စာရင်းတွေ ဖော်ကောင်လုပ်ထားတဲ့ ပို့စ် တွေ တက်လာတာ တွေ့ဖူးကြမှာပါ ။
ကောင်းပြီ နစက တက်လာပြီး တပ်ချုပ်ကြီး မိန့်ခွန်းပြောတော့ ဥပဒေနဲ့ အညီ ဘင်္ဂလီတွေကို လက်ခံပေးမယ် လို့ ပြောခဲ့တာ ရှိပါတယ် ။ တပ်ချုပ်ကြီး ပြောခဲ့တဲ့ ဥပဒေနဲ့ အညီဆိုတာ ဦးသိန်းစိန် လက်ထက်က ဆွဲတင်စစ် ပြုလုပ်ပြီး ဖြစ်တဲ့ ဓာတ်ပုံမှတ်တမ်း ၊ အိမ်ထောင်စုဝင် လူဦးရေ မှတ်တမ်းနဲ့သာ တိုက်ဆိုင်စစ်ဆေး လက်ခံမှာ ဖြစ်ပါတယ် ။
ဘင်္ဂလီတွေ ပြန်မလာရဲတာ အဲဒီ ဦးသိန်းစိန် လုပ်ခဲ့တဲ့ ဆွဲတင်စစ် စီမံချက်ကြောင့်ပါပဲ ။ ဘာပဲ ပြောပြော ၁၉၈၂ နိုင်ငံသား ဥပဒေ ပြဌာန်းပေးခဲ့တဲ့ ဦးနေဝင်း နဲ့ ဆွဲတင်စစ် စီမံချက်ကို အချိန်မှီ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဦးသိန်းစိန် ရော ဒီ လုပ်ဆောင်ချက်ကြီး နှစ်ချက်သည် ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် ကျေးဇူးကြီးမားသော လုပ်ရပ်ကြီးများအဖြစ် ပြည်သူအပေါင်းက မှတ်တမ်းတင် ဂုဏ်ပြုကြရပါလိမ့်မယ် ။
ကိုရွှေမျိုးဝင်း


You, WinTun Naing and 18 others
1 comment
10 shares

No comments:

Post a Comment