Monday, February 28, 2022

ငှက်တွေရဲ့ ဂျင်းဆိပ်ဖြေမယ်

ငှက်တွေရဲ့ ဂျင်းဆိပ်ဖြေမယ်

ကျနော်ရေးခဲ့တဲ့ ယှဉ်ကြည့်မှသိ ဆိုတဲ့ ပို့စ်ကို မကျေမနပ်ဖြစ်နေတဲ့ နီပိန်းတွေ အတော်များသဗျ ။ တယောက်ဆိုရင် ပို့စ်တင်ပြီး တပ်ကူတောင်ခေါ်ထားသေးတယ် ။ အဲဒါလည်း မရတော့ အနီလော် သံပါးစပ်ရဲ့ " သူ့ကိုစိန်ခေါ်ရဲလား" ဆိုတဲ့ဘုန်းတော်ဘွဲ့ ဂျင်းပို့စ် ကိုပြပြီး မျိုးဝင်း ဖြေပြပါတဲ့ ။
ကျနော်လူပုဂ္ဂိုလ်အကြောင်း မတိုက်ခိုက်တတ်ပါဘူး ။ ဒါပေမယ် လိုအပ်လာရင် ဆော်လေ့ရှိပါတယ် ။ ကဲ လိုအပ်လာပြန်ပါပြီ ကြည့်ရအောင်ဗျာ ။
ခေါ်ခဲ့လိုက်ပါ ဒေါ်စုထက် သာတဲ့လူရှိရင်တဲ့
( ok ဘာတွေလည်း ဆက်ကြည့်ပါ)
1 လာပြလေ ဒီနိုင်ငံမှာ ဒေါ်စုထက် တော်တဲ့လူ ရှိရင်
( ဒေါ်စု ဘာတွေ တော်တာလည်း ? စီးပွားရေး လူမျိုးရေး ဘာသာရေး နိုင်ငံရေး ဘယ်နေရာမှာ တော်နေပါသလဲ ? ကဏ္ဍပေါင်းစုံ ကျဆင်းနေတာ ငြင်းမယ်မထင်ပါဘူး ? သူ့လို အနေအထား သူ့လို ခြေ/ဥ အတွင်းက နိုင်ငံတိုးတက်အောင်လုပ်ပြသွားတဲ့ ဦးသိန်းစိန်က ဒေါ်စု ထက် ဆယ်ဆမက သာတယ် ရလာဒ်ကိုကြည့်ပြောတာ လက်မခံရင် စာဖတ်ပါလို့ပြောပါရစေ)
2 ဒီနိုင်ငံမှာ ဒေါ်စုထက် ပညာ ပိုတတ်တဲ့သူရှိရင်
( တော်တော်လေး ရူးနှမ်းမိုက်မဲတဲ့ အရှက်မဲ့ မေးခွန်းပါပဲ ။ oxford ကနေ သာမန် BA ဘွဲ့လေးတခုကို third class ကနေ အောင်လာပြီး ကုလမှာ အောက်တန်းစာရေးလုပ်ဖူးတာကို အတော်ဆုံးတဲ့ ။third class ဆိုတာ စာမေးပွဲ အောင်ဖို့ အဆင့်မမှီပေမယ့် လစာ မှန်မှန်ပေးနိုင်သူတွေ အအောင်ပေးတဲ့ အဆင့် third class ချင်းအတူတူ လစာမပေးနိုင်ရင် စာမေးပွဲကျတယ် ။ လစာကလည်း ဦးနေဝင်း မှန်မှန်ပေးခဲ့တာ ဆိုကော သိလား
Dr သန်းညွှန့် Dr သန်းမြင့်ဦး Dr ဒေါ်ရင်ရင်နွယ်တို့ဟာ အစစ်အမှန် ပါရဂူ ဘွဲ့ရတွေ ။ ကုလမှာ အကြီးတန်းအရာရှိဘဝနဲ့ တရုတ်သမ္မတနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ ကုလ ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေနော် ။ အောက်တန်းစာရေး အဆင့်မဟုတ်ဘူး မှတ်ပါ ဖတ်ပါ လေ့လာပြီး လော်တော့ အရှက်ကွဲသက်သာတာပေါ့)
3 ပြောလေ ဒေါ်စုထက် ပိုအတ္တကင်းတဲ့သူရှိရင်
( အင်း စိတ်ပျက်လောက်ပါရဲ့ကွာ ဦးအောင်ရွှေ နဲ့ ဦးကြည်မောင် ရှိသေးရင် မင်းနရင်း အရိုက်ခံရဖို့ သေချာတယ် ။ သေပြီးသူတွေ မပြောတော့ပါဘူး လောလောဆယ် ဒေါ်သက်သက်ခိုင် နဲ့ ဦးကျော်ဇေယျ ကိုသာ အင်တာသွားဗျူးကြည့်ပါတော့ သူတို့က အတွင်းလူတွေ ပိုသိတယ်)
4 လက်ခံပေးမယ် ဒေါ်စုလို မိသားစု အပြိုကွဲခံပြီး ပေး
ဆပ်ရဲသူရှိရင်
( အကျယ်ချုပ်ဘဝမှာ အင်္ဂလန်ပြန်ချင်ရင် အလွယ်တကူပြန်ခွင့်ရှိပါလျှက်နဲ့ မပြန်တာကိုရည်ညွှန်းဟန်ပါပဲ ။ အင်္ဂလန်မှာ ဒေါ်စုဟာ မိမိ မိသားစုနဲ့ လင်ဆွေလင်မျိုးတွေကို ဝတ်ကြီးဝတ်ငယ် ပြုစုနေရတဲ့ လူမျိုးကွဲ သာမန်အိမ်ရှင်မတယောက်လေ ။ မြန်မာပြည်မှာ နိုင်ငံရေး စားဖားတွေ မြှောက်ပင့်နေရာပေးပြီး တောက်ပနေတော့ ဘယ်ပြန်ချင်ပါ့မလဲ ။ တကယ်မြန်မာပြည်မှာနေချင်ရင်အစောတည်းကပြန်လာမှာပေါ့ ခုက သူအမေနေမကောင်းတာဖြစ်မှပြန်လာတာ အင်္ဂလန်မှာ အင်္ဂလိပ်နှင့်ညားပြီး သားတွေတောင်ရပြီးနေပြီ သားအရင်းတွေကိုတောင် စွန့်ထားရဲတဲ့ သားမခင် မိခင်ကို ငါတို့ပြည်သူတွေကို သိပ်ချစ်လို့ထင်နေတာ ရီစရာပါပဲ ။ သူတကယ်ချစ်တာ မြန်မာပြည်က အာဏာပါဝါ တွေကို ခင်တွယ်မက်မောလွန်းနေတာပါ ။ သားသမီး အရင်းကို မချစ်ပဲ စွန့်ထားခဲ့သူဟာ သူ့ကိုယ်သူက လွဲရင် ဘယ်သူ့မှ မချစ်ဖူး ဆိုတာ မှတ်သာ ထားပေတော့ )
5 ဒီနိုင်ငံမှာ ဒေါ်စုထက် မျိုးရိုးသမိုင်းကောင်းတဲ့သူရှိရင်
( ဘုရင့်နောင်ရဲ့ တိုင်းပြည် သူ့သားလက်ထက် တန်းပြီး ပျက်ဆီးသလို နာမည်ကျော် မဟာဗန္ဓုလသား မောင်ကြီး အင်္ဂလိပ်တွေဆီ လက်နက်ချခဲ့ပါတယ် ။ မျိုးရိုး ကောင်းလည်း အဲဒီမျိုးရိုးကို ထိမ်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိပဲနဲ့ အမျိုးဖျက်ခဲ့တာ တချက်တည်းနဲ့ ဘုရင့်နော်သားတော် နန္ဒာဘုရင် နဲ့ ဗန္ဓုလသား မောင်ကြီးတို့ထက် အပုံကြီး ညံ့နေပါပြီကွာ ။ ဗျိုင်းက မွေးလို့ အသားဖြူနေတာ အရည်အချင်း မဟုတ်ဖူး ကောင်လေးရေ)
6 ဒီနိုင်ငံမှာ ဒေါ်စုလို ကိုယ်ကျိုးမကြည့်တဲ့နိုင်ငံရေးသမား
(ဒေါ်စု ပိုင်ဆိုင်ထားတဲ့ ဖိနပ်တွေ ပါတိတ်တွေ ချိတ်တွေ နားကပ်တွေ လည်ဆွဲတွေ နဲ့ အခြား မရေတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းရှင်းနိုင်မယ်ဆို လက်ခံပါ့မယ် ။ လက်ဆောင်ရတယ် မပြောနဲ့ နိုင်ငံသမားတွေရဲ့ လက်ဆောင်ဆိုတာ လာဘ်စားတာပဲ )
7 ဒီနိုင်ငံမှာ ဒေါ်စုလို နိုင်ငံတကာက လေးစားခံရသူရှိလား
( အေးကွ လေးစားလိုက်ကြတာ ဘွဲ့တွေ ရုပ်သိမ်း ဓါတ်ပုံတွေဖြုတ်ချ ရုပ်ထုတွေ ပြန်ဖယ် အခုဆို နုတ်ထွက်ခိုင်းတဲ့သူနဲ့ ဓါတ်ပုံတွေ ချနင်း မီးရှို့ အမလေးကွာ အတော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင် လေးစားနေတာနော် ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ပါပဲ)
8 ဒီနိုင်ငံမှာ ဒေါ်စုထက် ငြိမ်းချမ်းရေး လိုလားတဲ့သူရှိရင်
( ပြည်သူအားလုံးလိုလားပါတယ်မောင်ရင် စစ်ဘေးခံဒေသကလူတွေ ပိုပြီးလိုလားသပေါ့ ။ စိတ်မဆိုးရင် ပြောချင်တယ် ဒေါ်စု ငြိမ်းချမ်းရေး လိုလားတယ်ဆိုတာ သူနာမည်ကြီးရေး နိုင်ငံရေးအမြတ်ထွက်ဖို့ လိုလားတာပါ ။ Why လို့မေးရင် ဦးသိန်းစိန်လက်ထက်က အပြစ်ရပ်စာချုပ် လက်မှတ်ထိုးခါနီးမှာ အရင်စလို လက်မှတ်မထိုးကြပါနဲ့ လို့ ငြိမ်းချမ်းရေးရမှာကြောက်ပြီး ပိတ်ပင်ခဲ့တဲ့ သာကေတ ( အဲလေ) သာဓက ရှိနေလို့ပါ)
9 ဒေါ်စုထက် မေတ္တာတရားကြီးမားတဲ့သူရှိတယ်ဆိုရင်
( အေးကွာ ဘင်္ဂလီတွေ အပေါ်မှာတော့ အတော်မေတ္တာကြီးပါပေတယ် ။ မြန်မာတိုင်းရင်းသားတွေ အပေါ်မှာတော့ တယ်မရှိလှပါဘူး မောင်ရာ ရေကြီးလည်း ပေါ်မလာ ငလျှင်လှုပ်တော့လည်း တုပ်တုပ်မလှုပ် မီးလောင်တော့လည်း လှည့်မကြည့် ပါပဲ )
10 ဒေါ်စုလို အခက်အခဲ အကျပ်အတည်းတွေကို ကျော်ဖြတ်ရဲသူ ရှိတယ်ဆို ဖေါ်ပြပါ ။
( သူက ဘယ်အခက်အခဲတွေ ကျော်ဖြတ်ပြနေပါသလဲ ? စစ်အုပ်ချုပ်ရေး တလျှောက်လုံး ဝက်တကောင်လို အချုပ်ခံနေရတာ များလှပါတယ် ။ သု့ပြန်ပြီး ပြည်သူက ကယ်ဆယ်ရေးလုပ်နေရတာပါကွာ ။ ၂၀၀၇ ရွှေဝါရောင် သံဃာတွေ မူလက ကုန်စျေးနှုံး ဆန္ဒပြနေတာ ဘာမှ မဖြစ်ဖူး သူလွတ်ဖို့ အော်မှ အဗြင်းခံရတာလေ ။ ဦးသိန်းစိန်လက်ထက်မှ လွှတ်ပေးလို့ လွတ်လာတာပါ ။ ငါ့အမြင် ပြောရမယ်ဆိုရင် ကျားသနားလို့ နွားချမ်းသာတာပါကွာ ။ ကိုယ်စွမ်းကိုယ်စ တစက်မှ မမြင်ပါဘူး )
ကဲ မျိုးဝင်းဖြေပေးပါဆိုတဲ့ မိတ်ဆွေလေး ဖြေလိုက်ပါပြီ ။ ဒေါ်စု ခရေဇီတွေ ကြား ရန်တိုက်ပေးပါအုံး ။ မျိုးဝင်းကတော့ နီပိန်းတွေဆို အမြဲတမ်း Ha Ha ပါပဲ ။
Myo Win

No comments:

Post a Comment