Monday, February 21, 2022

သိတဲ့သူတွေသိကုန်ပါပြီ


သိတဲ့သူတွေသိကုန်ပါပြီ

အသံတိတ်သပိတ်လုပ်သွားတာ တစ်ရက်တည်းနော်၊ အတိအကျပြောရရင် ၆ နာရီတည်း။
ဒါပေမယ့် အဲဒီမှာဝင်ယောင်လို့ အဖမ်းခံရတာ ဒီနေ့အထိ ၂၁၈ ယောက်ရှိသွားပြီ။ (အခုထိလည်း ဆက်တိုက်ဖမ်းနေတုန်းပဲ) ပုဒ်မအကြီးကြီးတွေနဲ့ကိုစွဲတာ၊ အိမ်တွေ၊ ဆိုင်တွေပါ ချိတ်ပိတ်သွားတာ။
မယုံရင် လိပ်စာအတိအကျရှိတယ်၊
စုံစမ်းကြည့်လိုက်။
အာဏာသိမ်းမယ်ဆိုတုန်းကလည်း သိမ်းချင်ရင် အမှိုက်သိမ်းဘာညာနဲ့ မထီမဲ့မြင်သွားလုပ်လို့ တကယ်သိမ်းသွားပြီးပြီ။
အခုလည်း ဖမ်းချင်ရင်း လာဖမ်း၊ စောင့်နေတယ်ဆိုပြီး နာရီပိုင်းအတွင်း SSF တွေလည်း ရောက်လာရော လက်ထိပ်ကြီးခေါင်းပေါ်တင်လို့ ငိုကာရီကာနဲ့ ချက်ချင်း အတိတ်မေ့သလို၊ ရွှေပျောက်သလို၊ အရူးထောင်ကဆင်းလာတဲ့အထာနဲ့ ပုဆိုးလည်ပင်းစွပ်၊ ထဘီကွင်းသိုင်း ရုပ်ပျက်ဆင်းပျက်တွေ မြင်ရပေါင်းများပြီ။
ပြောချင်တာက မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စကားဟာ နောက်စရာမဟုတ်တော့ဘူး။ နစက တကယ်လုပ်နေပြီ။ မလုပ်လို့လည်း မရတော့ဘူး။ ပြည်သူကို သားသမီးလိုသဘောထားခဲ့တဲ့ အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားဆိုတာ ၂၀၂၁ မှာ ကျန်ခဲ့ပြီ။
မနှစ်က သံချပ်ကာကားပေါ် အလုအယက်တက်ပြီး ပွဲခံတယ်။ စစ်သားတွေက တောင်းပန်ပြီး ဝိုင်းဆွဲချရတယ်။ ရဲတွေရှေ့ ဗိုက်လှန်၊ ဖင်လှန်ပြတယ်။ ဒီကိုပစ်၊ ဒီကိုပစ်ဆိုပြီး သွားအော်တယ်။ ဟိုကရယ်နေတယ်။ အခု စစ်ကားရှေ့ လက်သုံးချောင်ထောင်ရင် ပစ်တယ်၊ အသေပဲ။ Public မှာ စာကတ်၊ ဗင်နိုင်းချိတ်ရင် အသေပစ်ဖမ်းတယ်။ ဆိုင်ကယ်၊ ကား တားလို့မရပ်ပေးရင် အသေပစ်တယ်။ ဒါဟာ ပုံပြင်မဟုတ်ဘူး။
သေဒဏ်တွေ၊ တစ်ကျွန်းတွေ၊ အနှစ် ၈၀/၉၀ တွေ၊ pdf ကို ငါးထောင်တစ်သောင်းလောက် Wave ကနေ လွှဲမိလို့ ထောင် ၈ နှစ်ကျသွားတာတွေ။
ထောင်နဲ့ငရဲဆိုတာ မြေကြီးကို သံရိုက်သွင်းသလိုပဲ။ မဆန့်ဘူးဆိုတာ မရှိဘူး။ မဆန့်ရင် ဆန့်အောင်ထားလို့ရတဲ့နည်းတွေ ထောင်လက်စွဲမှာ ကျမ်းပြုပြီးသား။
လူ့ဘဝဆိုတာ တိုတိုလေးပါ။ မနှစ်က ဒီအချိန်တင်ခဲ့တဲ့ စာတွေပြန်ဖတ်ကြည့်။ ၇၂ နာရီတို့၊ US တို့ UN တို့ R2P တို့ ဘာတွေဖြစ်လာခဲ့လဲ။ တိုင်းပြည်ကို အညှာကိုင်ခဲ့တဲ့ CDM တွေ ဘယ်ဘဝရောက်နေပြီလဲ။ လေးငါးခြောက်လနေရင် တော်လှန်ရေးပြီးပါပြီဆိုတဲ့ကောင်တွေ ဘယ်ရောက်နေပြီလဲ။
မင်းအောင်လှိုင်လေယာဉ်နဲ့ ပြေးပြီတို့၊ အမေစုလွတ်ပြီတို့၊ တံခါးပိတ်ဆွေးနွေးနေပြီတို့၊ တပ်ပျက်နေပြီတို့၊ အလံတိုင်ပဲကျန်တော့တယ်တို့... ဘာတွေလဲ။
တစ်နှစ်ဆိုတဲ့ အချိန်ဟာ ရက်ပေါင်း ၃၆၅ ရက်၊ နာရီပေါင်း ၈၇၆၀၊ မိနစ်ပေါင်း ၅၂၅,၆၀၀။
ဒီအချိန်ဟာ လူတစ်ယောက် စဉ်းစားချင့်ချိန်နိုင်ဖို့ လုံလောက်မယ်ထင်ပါတယ်။
ငါတို့ ဘာအတွက် လုပ်နေတာလဲ။
ဘယ်သူ့အတွက် လုပ်နေတာလဲ။
ဘာတွေ အကျိုးရှိခဲ့လဲ။
ငါ့တိုင်းပြည် ဘာတွေဖြစ်လာခဲ့လဲ။
စဉ်းစားသင့်ပါပြီ၊ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။
"ငါတို့လုပ်နေတာ ဘယ်သူ့အတွက်လဲ"

No comments:

Post a Comment