Monday, February 14, 2022

အဖေခေါ်ချင်နေသူများ ဖတ်ဖို့

အဖေခေါ်ချင်နေသူများ ဖတ်ဖို့

စစ်အာဏာရှင် လက်က လွတ်ရင်ပြီးပြော ဆိုပြီး OIC ပါမကျန် တွေ့သမျှ အဖေခေါ်ချင်တဲ့သူတွေအတွက် ဒီ Post ကို ရေးလိုက်တယ်။

''တောမီးလောင် တောကြောင်လက်ခမောင်းခတ်'' ဆိုသလို မြန်မာနိုင်ငံမှာ NLD ပါတီက အချီကြီးမဲခိုးကာ နိုင်ငံတော်အာဏာ မတရားရယူဖို့ ကြိုးစားခဲ့လို့ တပ်က မလွဲမရှောင်သာအာဏာထိန်းခဲ့ရတာကို အကြောင်းပြ ခြေဝင်ရှုပ်လာကြတဲ့အထဲ OIC က ထိပ်ဆုံးကပါလာတယ်။
နွားကွဲရင် ကျားဆွဲမှာပဲ။ ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း သွေးကွဲနေလို့ကတော့ OIC လို ကြားက ဝင်နှောက်မှာတွေက ကိုယ်ထင်ထားတာထက် ပိုပြီးမြန်မြန် တိုင်းပြည်ကို ခလောက်ဆန်သွားစေလိမ့်မယ်။
စစ်အာဏာရှင် ပြုတ်ကျဖို့ OIC ရဲ့အကူအညီကို ယူမယ်ဆိုတဲ့ အတွေးတွေရှိရင် စောစောဖယ်ထုတ်ထားလိုက်တော့။ ဘယ်သူမှ ကိုယ်ကျိုးမပါဘဲမလုပ်ဘူး။
မဖြစ်စလောက် အကူအညီလေးနဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ကြရလိမ့်မယ်။ ဘယ်က စ နစ်နာမယ်ထင်သလဲ။ OIC ကြီးစိုးတဲ့ နေရာတိုင်းကို ကြည့်လိုက်၊ အရင်ဆုံး လူ့အခွင့်ရေးဆုံးရှုံးမှာက အမျိုးသမီးထုကြီး။
ကိုယ့်နိုင်ငံမှာ အားနွဲ့တဲ့မိန်းမသားတွေဆိုပြီး ကြင်ကြင်နာနာဖေးဖေးမမ၊ OIC အဖွဲ့ဝင် အာဖဂန်မှာ မိန်းမတွေကို ဘယ်လို နှိပ်ကွပ်ထားသလဲဆိုတာကို သင်ခန်းစာယူကြဖို့လိုပါတယ်။
အခုလည်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) ဆိုတဲ့အဖွဲ့က ဒီနေ့ ရက်စွဲနဲ့ " OIC အဖွဲ့ဝင်နိုင်ငံများအပါဝင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံအသီးသီးအား ရိုဟင်ဂျာလူမျိုးများအပါဝင် မြန်မာပြည်သူတစ်ရပ်လုံးကိုယ်စား မိမိတို့က လေးလေးနက်နက် မေတ္တာရပ်ခံပါသည်" ဆိုပြီး စာတစ်စောင် ထုတ်လာတာ တွေ့ရတယ်။
OIC မှ OIC ဖြစ်နေသူတွေ၊ နစက ပြုတ်ကျပြီးရော ဘာလုပ်ပေးရပေးရ ဆိုတဲ့သူတွေ၊ မျိုးချစ်စိတ်ကြီးသူတွေနဲ့ဖွဲ့ထားတဲ့ လက်ရှိအစိုးရကိုမှ OIC နဲ့ ဆက်သွယ်နေသယောင် ဝါဒဖြန့်နေသူတွေ၊ ဘယ်ပထွေးမှ အဖေရင်းလောက်မကောင်းဘူးဆိုတာကို ခေါင်းထဲမှာ စွဲမှတ်ထားကြဖို့ ထပ်ပြောလိုက်တယ်။
Credit:ဗိုလ်တေဇ

No comments:

Post a Comment