Tuesday, February 8, 2022

မြန်မာ့ အကုသိုလ် ရှောင်တာနယ်

မြန်မာ့ အကုသိုလ် ရှောင်တာနယ်

NLD အစိုးလက်ထက်မှာ စီးပွားရေး အကြံပေးဆိုပြီး ဒေါ်စုကြည် ခေါ်လာတဲ့ သြစတေးလျှသား ရှောင်တာနယ် အကြောင်း သတင်းတွေ ပွ လာလို့ သတိရသလောက် သူ့ရဲ့ ယုတ်မာမှုတွေကို ပြန်လည်းဖော်ထုတ်လာချင်ပါတယ် ။
မနေ့က အဖွခံရတဲ့ ရှောင်တာနယ်ကို ပြန်လွှတ်လိုက်ပြီ ဆိုတဲ့ သတင်းက ကမ္ဘောဒီးယား သမ္မတရဲ့ သတင်းအမှားကို ဖွနေကြတာပါ (အပြောမှားသွားလို့ ဆိုပြီး ဖြေရှင်းထားပေမယ့် ကျနော်ကတော့ နစက ကို ဂျင်းထည့်တာလို့ပဲ ယူဆပါတယ်)
ကဲ ရှောင်တာနယ် မြန်မာပြည်အတွက် စီးပွားတက်အောင် အကြံပေးခဲ့သလား ပျက်အောင် လုပ်ခဲ့သလား ပြန်ကြည့် ပါ ။
၁ ။ ဦးသိန်းစိန် ယာယီရပ်ထားတဲ့ မြစ်ဆုံစီမံကိန်း အတွက် မြန်မာပြည် အကျိုးရှိမှာ သိတယ် ၊ သို့သော် လက်လွန်ထားတဲ့ လော်ချက်တွေကြောင့် မစရဲတာ တပိုင်း ၊ မြန်မာပြည် အကျိုးဖြစ်ထွန်း တိုးတက်မှာ မလိုလားတာတပိုင်းကြောင့် စစ်ဗိုလ်ချုပ်တွေ ဧရာဝတီမြစ်ကြီး ရောင်းစားပါတယ် ပြောခဲ့ပြီး စာချုပ်ကြီးလဲ ဖတ်ပြီးရော မထွေးနိုင် မအံနိုင်နဲ့ ရူးချင်ယောင်ဆောင်သွားကြတာ ရှောင်တာနယ် ရဲ့ အကြံအစည်ပါပဲ ။
၂ ။ ရုတ်ချည်း ဖွံ့ဖြိုးသွားနိုင်မယ့် ထားဝယ်ရေနက်စီမံကိန်းကို မခိုင်သော အကြောင်းပြချက်ဖြင့် ရပ်ဆိုင်းထားခြင်း ။
၃ ။ အရှေ့တောင်အာရှ၏ အကြီးဆုံး လေယာဥ်ကွင်းအဖြစ် တည်ဆောက်မည့် ပဲခူးလေဆိပ်စီမံကိန်းအား မြေမျက်နှာပြင်ညှိသည့် အဆင့်ထိ ဆောင်ရွက်ပြီးဖြစ်သော်လည်း အကြောင်းမဲ့ ရပ်ဆိုင်းစေခြင်း ။
၄ ။ ရေနံချက်စက်ရုံများ ရပ်ဆိုင်းထားခြင်း ။
၅ ။ အိန္ဒိယမှ သကြားအား တရုတ်ပြည်သို့ ၃၀ % အမြတ်ဖြင့် ကုန်သွယ်နေသော မြန်မာသကြားကုန်သည်များအား အမြတ်ငွေ မရစေရန် ယုတ်မာစွာ ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ။
၆ ။ မြင်းခြံသံမဏိစက်ရုံ နှင့် ပင်းပက်စက်ရုံတို့အား မိုက်မဲစွာ ရပ်တံ့စေခြင်း ။
(မာစီးဒီးဝယ်ထားပြီး ဆီပိုက်ပေါက်တာ မလဲပဲ သံချေးတက်အောင် ပစ်ထားတာနဲ့ တူပါတယ်)
၇ ။ မဲဆောက်ရှိ စက်မှုဇုံတခုလုံး ကရင်ပြည်နယ် သံဖြူဇရပ်ရှိ ဧက နှစ်သောင်းမှာ ရွှေ့ပြောင်းလာဖို့ နှစ်ဖက် လုပ်ငန်းရှင်များ ၊ တပ်မတော် နဲ့ KNU တို့ မှ သဘောတူခဲ့သော်လည်း လူယုတ်မာ ရှောင်တာနယ်က မြန်မာပြည်ဖွံ့ဖြိုးမှာ ကြောက်လို့ ပိတ်ပင်ခဲ့ခြင်း ။
၈ ။ အခွန်အတုတ် အမျိုးမျိုးအား အသစ်ဖော်ဆောင်၍ ကောက်ခံခြင်းကြောင့် ဆင်းရဲသား မြန်မာမိသားစု တစုပင်လျှင် ဦးသိန်းစိန်လက်ထက်က မပေးဆောင်ရတဲ့ အခွန်ငွေ တနှစ်လျှင် ဆယ်သိန်းခန့် ပိုကုန်အောင် ယုတ်မာခဲ့ခြင်း ။
(မီတာခ သုံးဆ ၊ စားသုံးခွန် 5 % နဲ့ ဖုန်းခွန်များအား ပေါင်းကြည့်ပါက မိသားစု တစုလျှင် တနှစ် ဆယ်သိန်းမျှ ပိုကုန်တာ NLD လက်ထက်မှ စတင်ပါတယ်)
၉ ။ ပြည်ထဲရေးဌာနအတွက် ယာဥ် များဝယ်ယူရာတွင် ရှောင်တာနယ်၏ သဘောတူညီချက်ဖြင့်သာ ဝယ်ယူခဲ့ရသည်အထိ ပြည်တွင်းရေးအား ခြယ်လှယ်ခဲ့ပါတယ် ။
ကျနော်တို့ သိခဲ့ရတဲ့ ရှောင်တာနယ်ရဲ့ တိုင်းပြည် နဲ့ ပြည်သူအပေါ် ယုတ်မာခဲ့မှုများသာ ဖြစ်ပါတယ် ။
နစက အနေနဲ့ ဒီလိုလူကို နိုင်ငံတကာ ဖိအားကြောင့် ပြန်လွှတ်မယ် ဆိုရင်တော့လည်း ပြည်သူတွေကတော့ ဘာမှ မတတ်နိုင်ပါဘူး ။ ရာဇဝင်မှာ စာတင်သွားရမှာကတော့ ၂၀၂၂ မြန်မာ့တပ်မတော်ဟူသည် ပြည်ပဖိအားဒဏ် မခံနိုင်သော ခပ်ပျော့ပျော့ တပ်မတော်အဖြစ်သို့ အဆင့်နိမ့် ကျဆင်းပြီး ဇာတိမာန် ပျောက်ကွယ်သွားတဲ့ သွေးနည်းသော တပ်မတော်မျိုးဆက်သစ်ဟုသာ သမိုင်းရေးထိုးရန်ပဲ ဖြစ်လာရမှာပါ ပဲ ။
ဘေးထွက် ဆိုးကျိုးအနေနဲ့ နိုင်ငံခြားသားဆိုရင် မြန်မာပြည်မှာ ကြိုက်တဲ့ဥပဒေချိုးဖောက် မြန်မာငကြောက်တွေ အရေးမယူရဲဖူးကွဆိုတဲ့ အမြင်နဲ့ နိုင်ငံတကာ အဆင့် ရာဇဝတ်သားတွေ အခြေချလာပြီး တိုင်းရင်းသားအပေါင်းကို စော်ကားလာကြဖို့ထိ တွေးမျှော် စိုးရိမ်ဖွယ် ကောင်းနေရပါပြီ ။
ကျနော်တို့ တတွေ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ ဆောင်ပုဒ် ဘယ်အချိန်မှာ ပြိုကျမလဲ စောင့်ကြည့်နေရမှာပါပဲ ။
ကိုရွှေမျိုးဝင်း

No comments:

Post a Comment