သူတို့လက်ထက်မှာ ဘာသာ၊ သာသနာဟာ ဒီလိုဖြစ်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံပါ။ နိုင်ငံတော် ဘာသာအဖြစ်လည်း ပြဌာန်းခဲ့ပါတယ်။ တခြားဘာသာကိုးကွယ်သူတွေကိုလည်း မနှိမ့်ချခဲ့ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ပြုထားခဲ့ပါတယ်။ သူတို့လက်ထက်မှာတော့ အမျိုး၊ ဘာသာ၊ သာသနာဟာ နိမ့်ကျခဲ့ရတယ်။ နှိမ့်ချခံခဲ့ရတယ်။
Friday, December 31, 2021
Thursday, December 30, 2021
Wednesday, December 29, 2021
NUG..ပညာရေးမှာ...သင်ဖို့အတွက်...အသစ်ပြဌာန်းလိုက်တဲ့.မြန်မာစာသင်ရိုးညွှန်းတန်းအသစ်
NUG..ပညာရေးမှာ...သင်ဖို့အတွက်...အသစ်ပြဌာန်းလိုက်တဲ့.မြန်မာစာသင်ရိုးညွှန်းတန်းအသစ်
Tuesday, December 28, 2021
မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်
မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်
Sunday, December 26, 2021
အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်
အမျိုးသမီး လေသူရဲ ၆ ဦး တပ်မတော် စတင် မွေးထုတ်
တပ်မတော်မှ မွေးထုတ်လိုက်သည့် ပထမဆုံး အမျိုးသမီး လေသူရဲ ၆ ဦးသည် လေသူရဲအရာရှိများအဖြစ် သင်ကြား လေ့ကျင့် ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အမျိုးသားများနှင့် တန်းတူ ပျံသန်းရေးတာဝန်များကို စတင် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
Thursday, December 23, 2021
အထင်နဲ့အမြင်
အထင်နဲ့အမြင်
Wednesday, December 22, 2021
တပ်မတော် (လေ)
တပ်မတော် (လေ)
တပ်မတော်(လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်း ပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှု ဖြစ်စဉ် အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။
Tuesday, December 21, 2021
ပြည်ဖျက်စီမံကိန်း
Monday, December 20, 2021
ဗိုလ်အောင်မင်းကွေ့
Sunday, December 19, 2021
နိုင်ငံ့အကြီးအကဲများ လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများ (၁၉၈၈ မှ ၂၀၁၅ ထိ)
Saturday, December 18, 2021
စစ်သားဆိုတာ
နိုင်ငံရေးကို ငါ ဝါသနာကို မပါဘူး။ တချိန်တုံးက ငါ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာက တပ်မတော်က တာဝန်ပေးလို့ လုပ်ခဲ့တာ။ စစ်သားစိတ်တော့ ရှိတယ်၊ စစ်သားစိတ်သည် ပြည်သူနဲ့ ဆက်ဆံတဲ့အခါ ဘယ်လို ဆက်ဆံရမယ်၊ ပြည်သူအပေါ် ဘယ်လိုကျင့်ကြံရမယ် ဆိုတာ တပ်မတော်က လေ့ကျင့်ပေးထားတာကွ။
Thursday, December 16, 2021
သတင်းကောင်း
လေးကေကော်ကို လွတ်မြောက်နယ်မြေဆိုပြီး PDF နဲ့ ပေါလောကသားတွေ ခိုလှုံနေတယ်တော့ ကျနော် အံ့သြမိပါသေးတယ် ။ လေးကေကော်ဆိုတာ မြဝတီမြို့ကနေ ကားနဲ့ ခပ်သွက်သွက် မောင်းသွားရင်ပဲ ၁၅ မိနစ်ဆိုရောက်ပြီဗျ ။
တောင်ကုန်းတခုလုံးကို အလှပန်းပင်တွေနဲ့ မွမ်းမံထားတဲ့ ကြည်နူးဖွယ်ဗျူးတောင်ကုန်းလေး ကျော်သွားရင် မြန်မာ့တပ်မတော် တပ်စခန်းတခုလည်း ရှိပါတယ် ။
Monday, December 13, 2021
တိုက်ခိုက်ဖို့မွေးဖွားလာသူ
အငြိမ်းစား ကပ္ပတိန် ဒီအက်စ်ရှာမာ ဟာ လက်ဖက်ရည်ချိုချိုကို တစေ့စေ့သောက်ရင်းက ငယ်စဉ်ဘဝက စွန့်စားခဲ့ရတာတွေ၊ စစ်တိုက်ရတာတွေ ကို ပြန်အမှတ်ရလို့ သူ့မျက်နှာပေါ်က အသားတွေ တွန့်သွားတဲ့အထိ ပြုံးလိုက်ပါတယ်။
Sunday, December 12, 2021
သူရဦးထွန်းတင်
သူရဦးထွန်းတင်
သူရဦးထွန်းတင် (၂
အောက်တိုဘာ ၁၉၂၀–၁ မေ ၂၀၂၀) သည် ၁၉၈၈ ခုနှစ်ကာလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူရထွန်းတင် ကို ၁၉၂၀ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်ကျောင်းသား သံမဏိခေါင်းဆောင်နှင့် မြေအောက် တော်လှန်ရေး ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥပစာ(သိပ္ပံဘွဲ့)ရရှိခဲ့သည်။
Saturday, December 11, 2021
လူကြီးလူကောင်းဆိုတာ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးခင်ညွန့်(အငြိမ်းစား)ရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး ပြန်ကာနီးအချိန် တလေးတစားနဲ့အလေးပြု နှုတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။
Friday, December 10, 2021
မှတ်မိသလောက် သူတို့သမိုင်း
Thursday, December 9, 2021
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့
၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့(ကကလှမ်း)ကို ဖျက်သိမ်းပြီး စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ် ခေါင်းဆောင်မှာ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်သည်။
Wednesday, December 8, 2021
အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ပြန်ဖွဲ့သင့်သလား
Tuesday, December 7, 2021
တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့
တိုင်းပြည်ကိုဖျက်
အရက်အဆင့်သို့
ကျနော်တို့
တိုင်းပြည်ဟာ အင်မတန် အံ့သြစရာတွေ များတဲ့တိုင်းပြည်ပါပဲ ။ ကျနော်တို့ငယ်စဥ်
ကျနော်တို့မြို့မှာ ပွဲရုံလုပ်ငန်း ၊ ဆီစက်လုပ်ငန်း နဲ့ ဆေးလိပ်ခုံလုပ်ငန်းတွေ
အလွန်များပြားခဲ့ပြီး အလုပ်အကိုင်လည်း အလွန်ပေါများခဲ့ပါတယ် ။
ကျနော်ငယ်စဥ်ကဆိုရင်
အရက်သောက်ကြတဲ့ လူကြီးတွေဟာ အစိုးရအရက်ဖြူဆိုင်က BE ကို ခွဲတမ်းနဲ့ (တယောက်
တပိုင်း) သောက်ကြရပါတယ် ။ ပြင်ပက ချက်အရက်ဆိုတာကလည်း ထန်းလျှက်သီးသန့် နဲ့
ချက်ထားတဲ့ အရက်ပဲ ရှိပါတယ် ။
လူကြီးတွေ
အရက်သောက်ကြတာကလည်း မနက်လင်းတာနဲ့ ပွဲရုံ ၊ ဆီစက် ၊ ဆေးလိပ်ခုံတွေကို သွားပြီး
တနေကုန် အလုပ် လုပ်ကြပါတယ် ။ ညနေစောင်းမှ တယောက်ကို BE တပိုင်းမော့ပြီး
လမစ်ပြီးသွားပါတယ် ။
အဲဒီလူကြီးတွေဟာ
ကျန်းမာသန်စွမ်းကြပါတယ် ။ အသက်ရှည်စွာ နေခဲ့ကြရပါတယ် ။ ကျနော်တို့
အရွယ်ရောက်လာတော့ ၈၈ နောက်ပိုင်းမှာ အရက်ချက်စက်ရုံတွေ မှိုလိုပေါက်လာပါပြီ ။
သူတို့အရက်ချက်နည်း
ဖော်မြူလာတွေထဲမှာ ပုလဲဓာတ်မြေသြဇာတွေပါ ထည့်ချက်ကြပါတယ် ။ အဲဒီ စက်ရုံက ထွက်လာတဲ့
အရက်အဆီ (ရေ လေးဆ မရောမှီ) ထည့်ထားတဲ့ စဥ့်အိုးကြီးကို အတွင်းက အရက်အဆီအား
ခဏမွှေနှောက်ပြီး အပြင်မှ လက်နဲ့ စမ်းကြည့်ပါက မီးကင်ထားသကဲ့သို့ အပူကူးလာတာ
တွေ့ရပါတယ် ။
နောက် ချက်အရက်လောက ကို
ပြန်ကြည့်ပါ ။ ပေါက်ကရ ဓာတုကုန်ကြမ်းတွေနဲ့ ချက်နေကြပါပြီ ။ အဆိုးဆုံး တွေ့ရတာက
အင်ဒရင်း အဆိပ်ပြင်းအား နှီးစလေးနဲ့ တို့စိမ်ပြီး ယင်းနှီးစဖြင့် ချက်အရက်အား
မွှေပေးရတာ မြင်ဖူးပါတယ် ။
ဒီတော့ ဘာတွေဖြစ်လာသလဲ
လေ့လာကြည့်ပါ ။ အရက်တွေ အင်မတန်ပေါလာပါပြီ ။ အရက်စျေးကလည်း ရေသန့်စျေးထက်
နည်းနေပါပြီ ။ ယခုတော့ ကျနော်မသိပါဘူး ယခင်က ရေသန့် တဗူး ၃၀၀ိ ဖြစ်ချိန်မှာ
မြင်းခြံက ချက်အရက် တလုံး ၂၅၀ိ ဆိုတာ ပုံပြင်မဟုတ်ပါဘူး ။
တချိန်က
ကာယလုပ်သားတွေဟာ အင်မတန်သန်မာပြီး လုပ်နိုင်ကိုင်နိုင်ကြပေမယ့် ကျနော်တို့ အရွယ်
ကာယလုပ်သားတွေကျတော့ ခွန်အားမဲ့ကုန်ပါပြီ ။ အရက်က အချိန်တိုအတွင်း ကောင်းစွာ
ဖျက်ဆီးလိုက်ပါပြီ ။
အသက်ငယ်ငယ်နဲ့
ရောဂါပေါင်းစုံရပြီး ဗိုက်ပူနံကားနဲ့ မိသားစုရဲ့ ဒုက္ခအိုး အရက်သမားမျိုးဆက်ကို
မွေးဖွားပေးခဲ့ပါပြီ ။ အမြဲတမ်းလိုလို ခရီးထွက်နေရတဲ့ ကျနော်လည်း ခရီးတခေါက်
ပြန်လာလိုက် သူငယ်ချင်း အရက်သမားတယောက် သေသွားလိုက်နဲ့ လွန်ခဲ့တဲ့
ဆယ်နှစ်လောက်မှာတော့ ရာနဲ့ချီနေတဲ့ ကျောင်းနေဖက် ငယ်သူချင်းတွေ ဆယ်ဂဏန်းမျှသာ
ကျန်ပါတော့တယ် ။
သတိထားမိတာက
အနုပညာသည်တွေ ၊ စာရေးဆရာတွေ အရက်ကို အမွှမ်းတင် ရေးပြ ရိုက်ပြနေတာလည်း အတုခိုးဖို့
ဖြစ်နေတာ လက်တွေ့သိမြင်ခဲ့ရပါတယ် ။ မြန်မာပေါကားတွေမှာ အရက်သောက်ခန်း
မပါတဲ့ဇာတ်ကား လက်ချိုးရေလို့ ရနေတာ သတိပြုမိကြမယ် ထင်ပါတယ် ။
ယခုဆိုရင်
မိန်းကလေးများပါ သောက်တာ စားတာကို ပြောလာကြပါပြီ ။ အရက်အပေါစားတွေ စျေးပေါပေါနဲ့
ရနေတာ အလွန်ကြီးမားတဲ့ အန္တရာယ်လို့ ရှုမြင်သင့်ပါပြီ ။
PMG ခေတ်ကောင်းတုန်းက
တနေ့ကို ရေကူးကန် နှစ်ကန်စာ ချက်တာတောင် မလောက်ဖူးတဲ့ ။ ယခု
နာမည်ကြီးတံဆိပ်တမျိုးဆိုရင် တနေ့ ဂါလံ ၅၀၀၀ အနည်းဆုံး ချက်ကုန် ဖြစ်နေပါတယ် ။
အဲဒါကြောင့်
အရက်အပေါစားတွေ ခိုးချက်နေကြတာကို ပြင်းထန်တိကျစွာ ဖော်ထုတ်အရေးယူရပါ့မယ် ။
ဖမ်းဆီးလိုလျှင် နယ်မြေခံ ရဲ နယ်ထိမ်းများ အားလုံး သိပြီးသားပါ ။
အရက်ချက်စက်ရုံများအား
အခွန်ကြီးစွာကောက်ခံခြင်း ၊ အရက်ရောင်းချခွင့် (ဆိုင်)လိုင်စင်များအား ကြီးလေးသော
အခွန် သတ်မှတ်ခြင်း ဖြင့် အရက်အမျိုးမျိုးအာ စျေးကြီးအောင် ဖန်တီးသင့်ပါတယ် ။
ဂျာမဏီလို လုပ်အားခ
မြင့်မားသော တိုင်းပြည်မျိုးမှာ အရက်ကို သာမန်လူတန်းစား မသောက်နိုင်အောင် အခွန်နဲ့
စျေးကြီးစေရန် ဖန်တီးထားလို့ အရက်တပက် ကနေ နှစ်ပက် သောက်ဖို့ မလွယ်ပါဘူး ။
ကျနော်တို့ဆီမှာ ယခု
ချက်အရက်တလုံး ၅၀၀ / ၆၀၀ နဲ့ ရနေတာ လူငယ်တွေအတွက် လက်တည့်စမ်းဖို့
အလွန်လွယ်ကူနေပါတယ် ။ အရက်ကနေတဆင့် မူးယစ်ဆေးလမ်းကြောင်း ၊ လောင်းကစားလမ်းကြောင်း
၊ မိန်းမအပျော်အပါး လမ်းကြောင်းပေါ်သို့ လွယ်လင့်တကူ ကူးပြောင်းမြူဆွယ်နိုင်ပါတယ်
။
မြန်မာလူငယ်တွေရဲ့
အနာဂါတ်ကို ကုစားချင်တယ် ဆိုရင်တော့ မူးယစ် နဲ့ အရက်ကို အမြန်ဆုံး အပြင်းထန်ဆုံး
ဖြတ်တောက်နိုင်မှ အောင်မြင်ပါမယ် ။ ယနေ့ PDF အများစုဟာ အရက် မူးယစ်တို့ရဲ့
ကျေးကျွန်တွေများပါတယ် ။
- တရက်လက်နှစ်လုံးပဲ
သောက်ဆိုလို့ လင်ဗန်းထဲ ထည့်သောက်တဲ့ မြန်မာအရက်သမားများ....
- ကြည့်သောက်
သေလိမ့်မယ်ဆိုလို့ မှန်ကြည့်သောက်တဲ့ မြန်မာအရက်သမားများ..
- သူများတွေ
အရက်ကစွဲတယ် ပြောကြပေမယ့် ငါဖြင့် နေ့တိုင်း နေ့ရောညရော သောက်နေတာ မစွဲပေါင်
ဆိုတဲ့ မြန်မာအရက်သမားများအား.....
ရည်ညွှန်းလျှက် .....
- စည်းကမ်းတကျ
လူလိုသူလို သောက်စားတတ်သူများအတွက် ဆေးဖြစ် ဝါးဖြစ် မှီဝဲခြင်းကို ကဲ့ရဲ့လိုရင်း
မရှိပါဘူး ။
Credit: ကိုရွှေမျိုးဝင်း
Monday, December 6, 2021
မေ့နေမှာစိုးလို့
မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။
ဒါလား ပြည်သူ့အကျိုးအတွက်
ဒါလား ပြည်သူ့အကျိုးအတွက်
Sunday, December 5, 2021
မြန်မာပြည် ဂေါ်ရခါးမှတ်စု
မြန်မာပြည် ဂေါ်ရခါးမှတ်စု
Saturday, December 4, 2021
အာဏာမက်သူ ဘယ်သူလဲ
(ဗိုလ်ချုပ်ကြီးနေဝင်း)
အာဏာမက်သူ ဘယ်သူလဲFriday, December 3, 2021
အဆိုးဆုံး သင်ခန်းစာမှ အကောင်းဆုံး လုပ်ဆောင်ချက်သို့
တိုင်းပြည်ကာကွယ်ဖို့ဆိုတာ
Thursday, December 2, 2021
ဘောမခြင်း အနုပညာ
Wednesday, December 1, 2021
လူသိနည်းတဲ့ အကြောင်းတချို့
လူသိနည်းတဲ့ အကြောင်းတချို့