Saturday, December 18, 2021

စစ်သားဆိုတာ

စစ်သားဆိုတာ

        နိုင်ငံရေးကို ငါ ဝါသနာကို မပါဘူး။ တချိန်တုံးက ငါ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာက တပ်မတော်က တာဝန်ပေးလို့ လုပ်ခဲ့တာ။ စစ်သားစိတ်တော့ ရှိတယ်၊ စစ်သားစိတ်သည် ပြည်သူနဲ့ ဆက်ဆံတဲ့အခါ ဘယ်လို ဆက်ဆံရမယ်၊ ပြည်သူအပေါ် ဘယ်လိုကျင့်ကြံရမယ် ဆိုတာ တပ်မတော်က လေ့ကျင့်ပေးထားတာကွ။

        တချို့ကလဲ ယုံထင်ကြောင်ထင် အမျိုးမျိုးလျှောက်ပြီးတော့ ဝေဖန်ပြီး လုပ်ကြတာ ရှိတယ်။
ငါက တပ်မတော်ကနေ့ မွေးထုတ်ပြီး တပ်မတော်ရဲ့ လေ့ကျင့်မှုနဲ့ ဒီအသက်အရွယ်အထိ ရောက်ခဲ့တယ်။
        တပ်မတော်မှာ ကောင်းတာလဲရှိတယ်၊ မကောင်းတာလဲရှိတာပေါ့ကွာ၊.... မကောင်းတာ ငါမလုပ်ဘူး၊... ကောင်းတာပဲ ငါ လုပ်တယ်။
စစ်အစိုးရတုံးကတော့ အထက်ကအမိန့်အတိုင်း .... အဲဒီဟာကို တသွေမသိမ်း လုပ်ရတယ်ကွ။
အဲဒီလိုလုပ်တဲ့အတွက် လုပ်ငန်းတွေဟာ ... ပြီးမြောက်တယ် .... အောင်မြင်တယ်ကွ။
တချို့က စစ်အစိုးရလက်ထက်မှာ ဘာမှ မဖြစ်ခဲ့ဘူး၊ ဘာမှ မပြီးခဲ့ဘူးဆိုတာ ... လိမ်တာ... ညာတာ... အဲဒီကောင်တွေ။
စစ်အစိုးရလက်ထက်မှာ ဘာမှမဖြစ်ခဲ့ဘူး၊ ဘာမှ မပြီးခဲ့ဘူးဆိုပြီး အခုပြောတဲ့ကောင်တွေက .... နိုင်ငံရေးသမားတွေ .... ရေပေါ်ဆီတွေ။
(ဝန်ကြီးချုပ်(ငြိမ်း)ဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ညွန့်)

No comments:

Post a Comment