Wednesday, December 1, 2021

လူသိနည်းတဲ့ အကြောင်းတချို့

လူသိနည်းတဲ့ အကြောင်းတချို့

တနေ့က NLD ပါတီရဲ့ ဒုတိယသမ္မတ ဟောင်း ဦးဗန်ထီးယူ အကြောင်း နဲနဲ ဆွလိုက်တော့ သိချင်သူ မိတ်ဆွေ အချို့က မေးနေကြလို့ ကျနော် သိထားရသလောက် ဖောက်သည် ချလိုက်ပါတယ် ။
သူဟာ သားသမီးတွေရှိရာ နိုင်ငံခြားကို သွားပြီး သားသတ်ရုံမှာ အလုပ် လုပ်ခဲ့ပါတယ် ။ မြန်မာပြည်ကို သွားလိုက် ပြန်လိုက် လုပ်ရင်းပေါ့ ။ အဲလိုနေရင်း အမေရိကန် CIA တွေနဲ့ ချိတ်ဆက်ရခဲ့ဟန် တူပါတယ် ။ သူ့ရဲ့ နိုင်ငံရေးခရီးစဥ်ကို မထင်မှတ်ပဲ ဖြတ်သန်းခဲ့ပါတယ် ။
မြန်မာပြည်ကို ရွေးကောက်ပွဲ ပြုလုပ်ရန် လေး လ အလိုမှာ ကတိုက်ကရိုက် ပြန်လာပါတယ် ။ ရောက်တာနဲ့ NLD ပါတီဝင်ပါတယ် ။ ထူးဆန်းစွာပဲ ပါတီဝင်သက်တမ်း လေးလ နဲ့ သူဟာ အမတ်လောင်း ဖြစ်ခဲ့ပါတယ် ။
ဒီထက်ပိုပြီး ထူးဆန်းတာက အနိုင်ရပြီး အစိုးရ ဖွဲ့ချိန်မှာ ပါတီဝင် သက်တန်း ၈ လပဲ ရှိသေးတဲ့ ဦးဗန်ထီးယူဟာ ဒုတိယသမ္မတ အဖြစ် အရွေးခံရတာပါပဲ ။ တသက်လုံးက လုပ်လာခဲ့သူတွေ ဆူပွက်လာတော့ ဒေါ်စုကြည်က သစ်ခုတ်သမား နဲ့ ပန်းပုဆရာ ဥပမာပေးပြီး သားသတ်သမားကို ဒုတိယသမ္မတ ခန့်လိုက်ပါတယ် ။
ပြည်ပမှာ နေထိုင်ခဲ့သူ ဦးဗန်ထီးယူဟာ ကိုယ်ရေးရာဇဝင်မှာ လိမ်ညာခဲ့လို့ ဒုတိယသမ္မတရာထူး နဲ့ ဥပဒေအရ မကိုက်ညီလို့ ခန့်အပ်ခြင်း မပြုရန် တပ်မတော်က ကန့်ကွက်ခဲ့ပေမယ့် ဥပဒေမဲ့ NLD ပါတီဟာ ထင်ရာစိုင်း လုပ်ချင်သလို လုပ်ခဲ့ကြပါတယ် ။
     ဦးဗန်ထီးယူဟာ သူရထားတဲ့ ရာထူးနဲ့ ချင်းပြည်နယ်ရှိ ချပ်ကျောင်းများအား ပြည်သူဘဏ္ဍာနဲ့ လှူဒါန်း ထောက်ပံ့ခဲ့ပါတယ် ၊ ဒါဟာ သူ့ဘာသာအတွက်တော့ ဂုဏ်ယူစရာပါပဲ ၊ ကိုယ့်ဗုဒ္ဓဘာသာဝင် သမ္မတဦးထင်ကျော် ၊ ဦးဝင်းမြင့် နဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ထက် ဘာသာသွေးစိတ် ပိုသာတာ ချီးကျူးရမှာပါ ။
နောက်သူ့ရဲ့ ဇာတိရွာဟာ အိမ်ခြေ ၄၀ ပဲ ရှိတဲ့ ဇနပုဒ်လေး ဖြစ်ပါတယ် ။ အဲဒါကိုပဲ ကတ္တရာလမ်းဖောက်ပေးတယ် ၊ အထကကျောင်း ၊ ဆေးရုံ အားလုံးကို နိုင်ငံဘဏ္ဍာ နဲ့ တည်ဆောက်ပေးခဲ့ပြန်ပါတယ် ။
လူပြောသူပြော များလှတာကတော့ အဲသလောက် ချောင်ကျတဲ့ နေရာမှာ ရေကူးကန်အကြီးကြီး နဲ့ စပိဘုတ်တွေ ဘာတွေ နဲ့ လုပ်ပေးထားတာ အံ့သြစရာပါပဲ ။
နိုင်ငံပိုင်မြေတွေကို သူ့အမည်ပေါက်နဲ့ ရယူထားပြီး ခြံစည်းရိုးက အစ ပြည်သူ့ဘဏ္ဍာနဲ့ ခတ်ပေးခဲ့ရတယ်လို့ သိရပါတယ် ။
တချိန်က ပြည်ပနိုင်ငံမှာ သားငတ်လုပ်သား လုပ်ခဲ့ရသူဟာ မြန်မာပြည်မှာ ဒုတိယ သမ္မတ ဖြစ်လာချိန်ကျမှ အံ့သြဖွယ် ခမ်းနားသွားတာ ထပ်ပြောပါအုံးမယ် ။
ဒုတိယ သမ္မတအိမ်တော်မှာ ထမင်းစားရင် ဧည့်သည်တွေကို ရွှေကွပ်ထားတဲ့ ပုဂံတွေနဲ့ ဧည့်ခံကျွေး​မွေးလေ့ ရှိပါတယ် ။ ဒုတိယ သမ္မတကြီးကတော့ မီးခံသေတ္တာထဲ ထည့်ထားတဲ့ ဟောင်းနွမ်းနေတဲ့ ကြွေပုဂံနဲ့ စားသတဲ့ ။ သူစားပြီးရင် တခါတည်း ဆေးကျောပြီး မီးခံသေတ္တာထဲ ပြန်သိမ်းသတဲ့ ။
ဧည့်သည်အဖြစ် နေခဲ့ဖူးသူက ဒုတိယသမ္မတဟောင်း​ကြီးဟာ ရိုးစင်းစွာ နေထိုင်စားသောက်တယ်လို့ သာမန် အတွေးနဲ့ ပြောပြတာပါ ။ ပုဂံရဲ့ ပုံသဏ္ဍန် နဲ့ သိမ်းဆည်းပုံကို ကြည့်တာနဲ့ ဘာပုဂံလည်း ဆိုတာ ကျနော်တို့လို အတွေ့အကြုံ ရှိသူတွေက ကောင်းစွာ သိပါတယ် ။
ခင်ဗျားတို့ အတွက် ဗဟုသုတ ပြောပါရစေ ၊ သာဝန်အောင်ကို ရွှေ ၂၀ ကျပ်သား ပုဂံနဲ့ ထမင်းစားတာ ကြားသိကြမှာပါ ။
အခုပေါက်စျေး နဲ့ တွက်ကြည့်ပါ သာဝန်ရဲ့ ပုဂံက သိန်းပေါင်း ၃၈၀ လောက် တန်မှာပေါ့ ဗျာ ။
ဟဲ ဟဲ ဒုတိယ သမ္မတဟောင်း ဗန်ထီးယူရဲ့ ကြွေပုဂံဟောင်းကြီးက ဘယ်လောက်တန်မယ် ထင်သလဲ ဗျ ။ အနည်းဆုံး သိန်းပေါင်း တသောင်းခွဲ အထက် တန်ကြေးရှိပါတယ် ။ ဂန္ဘီရလောကသားတွေ သိထားတဲ့ အဆိပ်ဖြေ ပုဂံဗျ ။ အဲဒီပုဂံထဲ ထမင်းထည့်စားရင် အဆိပ်ခတ် လုပ်ကြံလို့ မရဖူး ၊ ပုဂံကိုက အဆိပ်တွေ အာနိသင်ကုန်သွားအောင် ပြုပြင်နိုင်တယ် ၊ ရေးပြရရင် အများကြီး ဒီလောက်ဆို ရပါပြီ ။
နောက်ထပ် စိတ်ဝင်စားရမယ့် သတင်းထပ်ပေးရအုံးမယ် ။ ဂန္ဘီရ သမားတွေ အရူးအမူးလိုချင်တဲ့ ကြေးနက် သူ့ဆီမှာ ရှိတယ်လို့ ကြားသိရတယ် ။ ကျနော့်ရဲ့ မိတ်ဆွေဆရာ ကိုတင်ဝင်း ကိုယ်တိုင် သူ့ဆီက ပစ္စည်း အရောင်းအဝယ် ပြုလုပ်ကြဖို့ ဆွေးနွေးကြဖူးတယ်လို့ အခိုင်အမာ ပြောပြပါတယ် ။
ကိုတင်ဝင်းက ကျနော်တွေ့ဖူးသမျှ အလိမ်အညာစကား လုံးဝ မပြောတတ်သူ ဖြစ်ပါတယ် ။ သူထပ်တွေ့ဖို့ ကျနော် ချိတ်ဆက်ပေးဖူးပါတယ် ။ သို့သော် ကံတရားက မျက်နှာသာ မပေးပဲ ကိုတင်ဝင်း ရုတ်တရက် ဆုံးပါးသွားလို့ ဇာတ်လမ်းပြတ်သွားပါတယ် ။
ဒါတွေက ကျနော်သိထားတဲ့ ဒုတိယသမ္မတ ဟောင်း ဦးဗန်ထီးယူ ရဲ့ အကြောင်းတစိတ်တဒေသ ပါပဲ ။ မိတ်ဆွေတွေလည်း စိတ်ဝင်စားမယ် ထင်ပါတယ် ။
Credit: ကိုရွှေမျိုးဝင်း

No comments:

Post a Comment