Tuesday, December 28, 2021

မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်

မြန်မာရေတပ်၏ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်

မြစ်တွင်းအမြန်သွားတိုက်ရေယာဉ် Riverine Fast Attack Craft ဟာ မြန်မာရေတပ်က တည်ဆောက်ခဲ့တဲ့ စစ်ရေယာဉ် ဖြစ်ပါတယ်။
ဒီစစ်ရေယာဉ်ဟာ အလျား ၁၈ မီတာ၊ အနံ ၄.၄ မီတာရှိပြီး ရေစူးကတော့ ၀.၈ မီတာသာ ရှိပါတယ်။
ဒါ့အပြင် ဒီစစ်ရေယာဉ်ဟာ ပေါ့ပါးပြီး ရေစူးတိမ်ကာ water jet အင်ဂျင် တပ်ဆင်ထားတဲ့အတွက် အမြန်နှုန်း တစ်နာရီကို ကီလိုမီတာ ၅၀ ခန့်အထိ မောင်းနှင်နိုင်ပါတယ်။
မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်ရဲ့ ဒီဇိုင်းဟာ Super Dvora Mk3 ၊ CB-90 စတဲ့ စစ်ရေယာဉ်တွေကို ပုံစံယူထားတယ်လို့ ယူဆရပါတယ်။
ဒီစစ်ရေယာဉ်ဟာ မြန်မာရေတပ်ရဲ့ မြစ်တွင်းစစ်ဆင်ရေး လိုအပ်ချက်တွေနဲ့အညီ တည်ဆောက်ထားတာ ဖြစ်ပြီး ခေတ်မီနည်းပညာတွေ ထည့်သွင်းထားတာ ထူးထူးခြားခြား တွေ့မြင်ရပါတယ်။
မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်ရဲ့ ရေယာဉ်မောင်းနှင်ခန်းဟာ glass cockpit system တပ်ဆင်ထားပြီး သင်္ဘောမောင်းနှင်မှုဆိုင်ရာ အချက်အလက်တွေကို multi‐function touchscreen display ဖန်သားပြင်တွေနဲ့ တပ်ဆင်ထားတာ တွေ့ရပါတယ်။
စစ်ရေယာဉ်ရဲ့ superstructure ကိုယ်ထည်ကိုလည်း အကာအကွယ် ပိုကောင်းစေရန်အတွက် ကျည်ကာပြားတွေ တပ်ဆင်ထားရှိပြီး ကျည်ကာ ကိုယ်ထည်အတွင်းမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ခြေလျင်စစ်သည် ၁၄ ဦးကို သယ်ဆောင်နိုင်ပါတယ်။
လက်နက်အနေနဲ့ကတော့ စစ်ရေယာဉ်မောင်းနှင်နေစဉ်မှာ တည်ငြိမ်စွာ ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်ပါရှိပြီး အဝေးက ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ ၁၄.၅ မီလီမီတာ RCWS (remote controlled weapon station) စက်သေနတ်ကို နေ့အချိန်ရော ညအချိန်ပါ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ day/night electro optical device နဲ့အတူ တပ်ဆင်ထားရှိပါတယ်။
ဒါ့အပြင် ၇.၆၂ မမ စက်လက် ၃ လက် လည်းတပ်ဆင်ထားရှိပါတယ်။
ဒါပေမဲ့ ၇.၆၂ မမ စက်လက် ၃ လက်ကို ၀.၅ လက်မ စက်သေနတ်ကြီး၊ ဗုံးပစ်လောင်ချာတွေနဲ့ လဲလှယ်အသုံးပြုနိုင်ပြီး ခြေလျင်တပ်သုံး စိန်ပြောင်းလည်း တင်ဆောင်ပစ်ခတ်နိုင်ပါတယ်။
မြန်မာရေတပ်အနေနဲ့ မြစ်တွင်းအမြန်သွားတိုက်ရေယာဉ်တွေကို အမြောက်အများ ဆက်လက်တည်ဆောက်သွားဖို့ရှိပြီး တစ်နှစ်ကို ၂ စီး ကနေ ၄ စီး အထိ တည်ဆောက်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။
Riverine Fast Attack Craft of Myanmar Navy
Riverine Fast Attack Craft is a patrol boat designed and built by the Myanmar Navy.
The ship measures 18 metres long with a beam of 4.4 metres and a draught of just 0.8 metre.
The ship is light weight, shallow draught, and its water jets allow it to operate at speeds of up to 50 kmh.
The designed of the ship is believed to be inspired by the Super Dvora Mk3 and CB-90.
The Riverine Fast Attack Craft is specifically designed to meet the requirements of the riverine operations of the Myanmar Navy and it incorporated a number of innovative technologies.
The water jets allow the ship to operate at high speed in shallow waters and it can execute extremely sharp turns at high speed, decelerate from top speed to a full stop in a short distance.
The ship also uses the glass cockpit system which displays all the information in the multi‐function touchscreen displays.
The superstructure of the ship is covered with armour plates for better protection and the ship also carries 14 fully armed infantry squad inside the protected hull.
The ship is equipped with locally developed 14.5 mm RCWS (remote controlled weapon station) with the day/night electro optical device.
Apart from the fully stabilized 14.5 mm RCWS, the ship is also equipped with three 7.62 mm medium machine guns. However these 7.62 mm machine guns are interchangeable with other weapon system s such as .5 caliber machine guns, grenade launchers and even the infantry mortars.
Myanmar Navy intended to mass-produce the Riverine Fast Attack Craft and the Naval Dockyard can built 2-4 hips every years.
Myanmar Defence Review
SawTun ပြန်လည်မျှဝေသည်

No comments:

Post a Comment