Friday, December 3, 2021

အဆိုးဆုံး သင်ခန်းစာမှ အကောင်းဆုံး လုပ်ဆောင်ချက်သို့

အဆိုးဆုံး သင်ခန်းစာမှ အကောင်းဆုံး လုပ်ဆောင်ချက်သို့

အိမ်စောင့်အစိုးရကြီး သတိရစေဖို့ တပ်မတော်အတွက် အဆိုးဝါးဆုံး သင်ခန်းစာအချို့ကို ဖော်ပြချင်ပါတယ် ။
၁ ။ ၈၈ အရေးအခင်း
ရန်ကုန် တိုင်း တောင်ဥက္ကလာပ မြို့နယ် မှာမြင်သာစီမံကိန်း ရပ်ကွက်ဆိုတာ ရှိပါတယ်။
စီမံကိန်းရပ်ကွက်ဆိုတာခြေ လက် အင်္ဂါတွေ တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ရလို့ မသန်စွမ်းစစ်သည်တွေ နေထိုင်ရေး အတွက်စီမံကိန်းချပြီး ပေးထားတဲ့ နေရာမို့စီမံကိန်းရပ်ကွက်လို့ ခေါ်ခြင်း ဖြစ်ပါတယ် ။
- ၈၈ အရေးအခင်းကြီး အရှိန်အဟုတ် မြင့်လာပြီး
ကြမ်းတမ်းရက်စက်မှုတွေ အထွဋ်အထိပ် ရောက်လာချိန်မှာစီမံကိန်းရပ်ကွက်ရှိ
မသန်စွမ်းစစ်သည်တွေနဲ့ မိသားစုတွေအတွက်ကံကြမ္မာမုန်တိုင်း တိုက်ခတ်ခံခဲ့ရပါပြီ ။
မသန်စွမ်းစစ်သည် တွေနဲ့မိသားစု ၅၁ ယောက်ကိုစစ်တပ် သူလျို သတင်းပေးတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့အကြောင်းမဲ့ လည်လှီး ခေါင်းဖြတ် မီးရှို့သတ်ခဲ့ကြပါတယ် ။
-. .....သတ်တဲ့နေရာမှာ
မိမိရဲ့ မိဘ ဇနီး သား သမီးငယ်တွေပါ မကျန်ရက်ရက်စက်စက် ခေါင်းဖြတ်သတ်နေတာကို မြင်နေရတဲ့မသန်စွမ်း စစ်သည်တွေ ရဲ့ ခံစားချက်ကို စာနာကြည့်ကြပါ ။
- မကွေးသားစစ်သည် ကယား(၁) မှခြေတဖက်စီ စွန့်ခဲ့ရရှာသော တပ်သား တင်ထွန်း နဲ့ မိဘ နှစ်ပါး ၊တပ်သား ဝင်းအောင် နဲ့
သူရဲ့ဇနီးရယ် လူမမယ် သားလေး နဲ့ သမီးလေး တယောက်စီရယ်
တို့လည်း ၈၈ လူယုတ်မာတွေရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါတယ် ။
-. .... ဒီသတင်းကို ကြားလိုက်ရတဲ့
တပ်မတော် ထိပ်ပိုင်းက ဗိုလ်ချုပ်ကြီးများဟာ သတင်း မပေါက်ကြားဖို့ဆုံးဖြတ်ကြပြီး ဖုံးဖိထားလိုက်ကြပါတယ် ။
- ....ဘာကြောင့်လည်း ဆိုရင်
အောက်ခြေ တပ်တွေ သိသွားရင်
မခံချင်စိတ်နဲ့ လူထုကို ကြမ်းကြမ်းတမ်းတမ်းအင်အားသုံး ဖြိုခွဲမိရင် သွေးချောင်းစီးသွားရမှာ တွက်ဆမိလို့ပါပဲ ။ဒီသတင်းကို တပ်မတော် ကအာဏာသိမ်းပြီးချိန်အထိ ဖုံးဖိထားပြီးအတော်ကြာမှ တပ်ရင်း တပ်ဖွဲ့တွေ သတင်းမှန် သိကြရပါတယ် ။
- ......ကြားလိုက်ရတဲ့ သတင်းကြောင့်တပ်မတော်တခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရပြီး
သေနတ်တွေကို ရိုက်ချိုးပစ်ကြတဲ့အထိခံပြင်းနားကျည်း သွားကြပါတယ် ။
- ...သပိတ်သွပ်တဲ့ နေ့မှာ
ငိုကြွေးနေတဲ့ ရဲမေတွေကို
မဖျောင့်ဖျနိုင်ပဲ အံကျိတ်မျက်ရည်ကျနေရတဲ့
ရဲဘော်တွေရဲ့ နားကျည်းခံပြင်းစိတ်ဒီဂရီကို မှန်းသာကြည့်ကြပါတော့ ။
အဲဒါတွေကြောင့်
တပ်မတော် အကြီးအကဲတွေဟာ
လူမဆန်စွာ ခေါင်းဖြတ် မီးရှို့အသတ်ခံရတဲ့မသန်စွမ်း စစ်သည်တွေနဲ့ မိသားစုများကို
ကုသိုလ်ပြုပေးတဲ့ အနေနဲ့
စစ်သည်မိသားစုတွေ အသတ်ခံရတဲ့နေရာမှာပဲ စေတီကြီးတဆူကို ပြုပြင် တည်ထားကိုးကွယ် စေခဲ့ပါတယ် ။
-.... ၈၈ ကာလကို မှီခဲ့သော်လည်း မသိသေးသူများ နဲ့ ၈၈ ကို မမှီတဲ့ တူ / တူမ လေးတွေကိုဒီလိုအကြောင်းမှန်တွေ သိစေချင်ပါတယ် ။
-. .......၈၈ ရဲ့ အဓိက လက်သည်
တရားခံတွေကို ဖမ်းမိတော့
ထောက်လှမ်းရေးကဘယ်လို နှိပ်စက်တယ် ဘယ်လို ညှင်းပန်းတယ် နဲ့ ၃၂ နှစ်လုံးလုံး မျက်ရည်ချူစားနေတဲ့ စကားတွေ နဲ့
အခု ဖြစ်ရပ်မှန် ရက်စက်မှု နဲ့ ယှဉ်ကြည့်ကြပါအုံး ။
-. ...အာဏာသိမ်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေသာဒီသတင်းကို မထိမ်ချန်ပဲအောက်ခြေ တပ်တွေကို အသိပေးပြီး မှအာဏာသိမ်းကြည့်ပါလား ?
သေချာပေါက် တနိုင်ငံလုံး သွေးချောင်းစီးရမှာမြေကြီး လက်ခတ် မလွဲပါပဲ ။
- ....မသိမှီလိုက်သော ကလေးတွေကို ပြောချင်တာ တပ်မတော်ရဲ့ သဘောထား အမှန်ကိုလည်း လေ့လာပါနှိုင်းယှဉ်ကြပါ လို့ အကြံပြုချင်ပါတယ် ။
၂ ။ ၂၀၂၁ အရေးအခင်း
သမန်အရပ်သား တပ်မတော်ထောက်ခံသူတွေကိုပင် ရက်စက်စွာ သတ်ဖြတ်ခြင်း ၊ ကြံ့ခိုင်ရေး ပါတီဝင်များအား သတ်ဖြတ်ခြင်း ၊ နစက ခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း နဲ့ အတူ စစ်မှုထမ်းဟောင်းများနဲ့ တပ်နတော်ရှိ ရဲဘော်နှင့် အရာရှိအရာခံ တို့၏ မိဘ ဆွေမျိုးများပါ သတ်ဖြတ် ရန်ရှာခြင်း ခံကြရပါတယ် ။
ကျနော်သိရသလောက် စစ်မှုထမ်းဟောင်းများ နဲ့ စစ်သားမိဘဆွေမျိုးများဟာ နယ်မြို့ အသီးသီး မှာ အကွဲကွဲ အပြားပြား နဲ့ စော်ကားသမျှ ခံကြရပါတယ် ။ နေရပ်ကို စွန့်ခွာ ရှောင်တိမ်းပြီး ခက်ခဲစွာ ရပ်တည်နေကြရပါတယ် ။
ယခု ဖြစ်စဥ် နှစ်ခု အရ (၁၉၈၈ နဲ့ ၂၀၂၁) စစ်မှုထမ်းဟောင်းများ နဲ့ စစ်သားမိသားစုများ အတွက် နိုင်ငံတော်မှ တစုံတရာ စီစဥ်ပေးသင့်ပါပြီ ။
အကောင်းဆုံးကတော့ စစ်မှုထမ်းဟောင်း မြို့တော်များ တည်ဆောက်ပေးခြင်းဖြင့် ဘဝတူ စိတ်တူ ကိုယ်တူ ရဲဘော်ဟောင်းကြီးများ နီးကပ်စွာ နေထိုင်ခွင့် ရရှိကြပြီး အထက်ပါ ပြဿနာများ ပေါ်ပေါက်လာပါလျှင်လည်း စုပေါင်း အင်အားဖြင့် မိမိဘာသာ ကာကွယ် နိုင်ကြပါလိမ့်မည် ။
ကျဆုံး ရဲဘော်များ၏ ကျန်ရစ်သူ မိသားစုအတွက်ပါ နေရာချထားပေးသင့်ပါတယ် ။ တပ်မတော်အတွက် လင်ရော မယားပါ ပေးဆပ်ခဲ့ရတဲ့ အတခက် ဤမျှ ချီးမြှောက်မှုသည် ဘဝပေါင်းများစွာ အတွက် အလွန် ကြီးမားသော အထောက်အပံ့ဖြစ်စေပါလိမ့်မယ် ။
မြန်မာပြည်မှာ မြေအလွန်ပေါနေပါသေးတယ် ။ ခေတ်အဆက်ဆက် မြေဦးပြီး လုပ်ကွက်မပြနိုင်တဲ့ မြေယာများအား နိုင်ငံပိုင်အဖြစ် ပြန်သိမ်းပြီး စစ်မှုထမ်းဟောင်း မြို့သစ်များ တည်ဆောက်ပေးလျှင်ပင် မြို့ များစွာ ရနိုင်ပါတယ် ။ ဥပဒေအရ စီမံကိန်း မလုပ်နိုင်သော မြေများအား ပြန်လည်သိမ်းယူခွင့် ရှိပါတယ် ။
သစ်တောကြိုးဝိုင်း မပါဝင်ပဲ ကြိုးပြင်ကာကွယ်တောများဟာလည်း ဘာပင်မှ မရှိပဲ စိုက်ပျိုးခွင့် မပြုတဲ့ အချီးနှီး မြေလွတ်များ ဖြစ်ပါတယ် ။ နေရာအတွက် ပူစရာ မလိုတာကို တွေးပေးတာပါ ။
အစိုးရအနေ နဲ့ လုပ်ပေးချင်စိတ်သာ လိုအပ်ပါတယ် ။ မြို့သစ်ဖော်ရာမှာ လျှပ်စစ် ရေ လမ်းပန်းဆက်သွယ်ရေး ပဲ လိုအပ်ပါတယ် ။ ယနေ့လို ပေါများလှတဲ့ ယန္တယားများ နဲ့ တည်ဆောက်လျှင် မြို့ပြတခုဟာ လပိုင်းနဲ့ အကောင််ထည်ပေါ်နိုင်ပါတယ် ။
ဖြစ်နိုင်ရင် စက်ရုံ အလုပ်ရုံတွေကိုပါ မြေအလကားပေးပြီး ပူးတွဲ တည်ထောင်နိုင်ပါက စစ်မှုထမ်းဟောင်း မိသားစုများ အတွက်ပါ အကျိုးများဖွယ် ရှိပါမယ် ။ WIN - WIN ပေါ်လစီ အတွက် အစိုးရ အနေနဲ့ လောဘ အနည်းငယ် လျှော်ပေးရုံနဲ့ ဖြစ်နိုင်ပါတယ် ။
သုတပါး ရပ်ရွာတွေမှာ သား သမီး မျက်နှာ ကြည့်နေရရှာတဲ့ စစ်သားအိုကြီးတွေ အတွက် လည်းကောင်း ၊ လင်သားကျဆုံး သွားပြီး နေစရာ မရှိ အလုပ်မရှိ ကြုံရာကျပန်း လုပ်စားနေရရှာသော ကျဆုံးစစ်သားများ၏ ဇနီးမယားများ နဲ့ မိသားစု အတွက်လည်းကောင်း ယင်းကဲ့သို့ မြို့များ လိုအပ်နေပါပြီ ။
နိုင်ငံရေးသမားများ လက်ဝယ်သို့ အာဏာသုံးရပ် ရသွားလျှင် ယခုလို ကိစ္စမျိုးအတွက် ဘက်ဂျက်ကျခံဖို့ မဖြစ်နိုင်ပါဘူး ၊ နေ့တွက်စရိတ်တောင် ရက်စက်ယုတ်မာစွာ ဖြတ်တောက်ခဲ့တာ အားလုံး သိကြမှာပါ ။
တပ်မတော်သားဟောင်းများအတွက် တပ်မတော်လက်ဝယ် တင်းပြည့်ကျပ်ပြည့် အာဏာရရှိဆဲ ကာလတွင် အမြန်ဆုံး အကောင်အထည် ဖော်ပေးခဲ့လျှင် တပ်မတော် ချစ်သူပြည်သူများ နဲ့ တပ်မတော်ပင်စင်စားကြီးများရဲ့ ကျေးဇူးတင် လေးစားမှုအား ရာနှုံးပြည့် ရနိုင်ပါလိမ့်မယ် ။
တိုင်းပြည်၏ ကာကွယ်ရေး ကဏ္ဍ၌ တာဝန်ကျေခဲ့သော စစ်သားဟောင်းကြီးများရဲ့ နေဝင်ချိန် သာယာလှပရေး အတွက် လက်ရှိ တပ်မတော်ရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်က အဓိက ကျနေပါပြီ ။ မိုးရွာတုန်း ရေခံသင့်ပါကြောင်း မေတ္တာရပ်ခံပါတယ် ခင်ဗျား ။
Credit; ကိုရွှေမျိုးဝင်း

No comments:

Post a Comment