Monday, December 6, 2021

မေ့နေမှာစိုးလို့

မေ့နေမှာစိုးလို့

မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။

ကျနော်ကတော့ ရက်စက်တယ်ပဲ ဆိုချင်ဆိုပါစေ ၊ ဒီလို ဖမ်းဆီး နှပ်ကွပ်တာ ကြိုက်တယ် ။ လုပ်တာနောင် အများကြီး နောက်ကျနေတယ်လို့ ယူဆတယ် ။
ဘာကြောင့်လဲဆိုရင် အဲသလို ငြိမ်းချမ်းစွာ ဆန္ဒပြပါတယ်ဆိုတဲ့ လူတွေထဲကပဲ ဒီကနေ့ နိုင်ငံအနှံ့ဖြစ်နေတဲ့ အကြမ်းဖက်သမား လူယုတ်မာ PDF တွေ မွေးပေးလိုက်တာ ပူပူနွေးနွေးပဲ ရှိသေးတယ် ။ သူတို့ကို သနားနေကြသလား.......?
- ကား နဲ့ ရဲကို တိုက်သတ်ကြတာ မေ့သွားပြီလား... ?
- အပြစ်မဲ့ပြည်သူကို တာယာကွင်းစွပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ကြတာ မေ့နေပြီလား...?
- ကျောင်းဆရာတွေကို အုပ်စုလိုက် မုဒိန်းကျင့် ရက်ရက်စက်စက် ဒါးနဲ့ မွှန်းသတ်တာ သတိမရတော့ဘူးလား..?
- ကလေးတွေ ဗုံးခွဲသတ်ကြတာ မေ့ကုန်ပြီလား..... ?
- သံဃာတွေကို ရက်ရက်စက်စက် သတ်ထားတာ သွေးမခြောက်သေးဘူး သတိမရတော့ဘူးလား...... ?
- ပြည်သူတွေရဲ့ စည်းစိမ်ချည်းဖြစ်တဲ့ စျေးကြီးတွေ မီးရှို့ပြီး ဘဝ ပျက်အောင် လုပ်ခဲ့ကြတာ မီးခိုးငွေ့ မသေသေးဘူး မေ့ကုန်ပြီလား..... ?
အဲဒီ ရက်စက်မှုတွေရဲ့ လက်သည်က PDF တွေပဲ ။ အခု ဆန္ဒပြနေတဲ့ လူယုတ်မာတွေ နဲ့ တကိုင်းတည်းနားနေတဲ့ ငှက်ပုပ် ငှက်ယုတ်တွေပဲ ။ အားလုံးက အတူတူဖြစ်တယ် ဘယ်နည်းနဲ့ဖမ်းဖမ်း တယောက်မိရင် တယောက်စာ ငြိမ်းချမ်းတယ် ။
တပ်မတော်က ညှာတာနေခဲ့တဲ့ ကာလ ပြီးသွားပြီ ။ ဒီလို လုပ်ကြဖို့ ကျုပ်တို့မှာ PDF ရန်ကြားကနေ မနည်း စွန့်စား တိုက်တွန်းခဲ့ကြရတာ ။ အသဲကြောင်တဲ့ ဘောကြောင်တွေ ဝေဖန်နေတာ ခံစားမနေနဲ့ ။ လုပ်စရာရှိတာ ရဲရဲ ဆက်လုပ်ကြဖို့ တိုက်တွန်းပါတယ် ။
နောက်သတင်းတခုက ဦးခင်ညွှန့်ကို တပ်ချုပ်ကြီးသွားတွေ့တယ် ။ နောက် MRTV ကနေ ဦးခင်ညွှန့်ကို ဗိုလ်ချုပ်ကြီး (ငြိမ်း) လို့ ဖော်ပြကြေငြာခဲ့သတဲ့ ။ နောက်က (ငြိမ်း) လို့ ထည့်သွင်းထားတာ ယခင်ပြစ်မှုတွေကို ပယ်ဖျက်ပြီး ပင်စင်လစာ ခံစားစေဖို့ ပြန်လည်သတ်မှတ်တဲ့ သဘောသက်ရောက်နေပါတယ် ။
ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော် အနေနဲ့ တချိန်က ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအားလုံးကို ပင်စင်လစာ ခံစားခွင့် ပေးသင့်ပါတယ် ။ သူတို့ တပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ တိုင်းပြည်အပေါ် ခိုင်မြဲတဲ့ သစ္စာရှိမှုကို ပြန်လည် အသိအမှတ် ပြုသင့်ပါပြီ ။
အဲသလို ပြုလုပ်ပေးမယ် ဆိုရင်တော့ တပ်မတော်ထောက်ခံသူတွေ အင်မတန် ဝမ်းသာကြပါလိမ့်မယ် ။ ဒီကိစ္စအတွက် ကြီးမားသော အ​ထောက်အကူဖြစ်စေမယ့် ကိုရဲမိုးရဲ့ စံနမူနာ ဖြစ်စဥ်ကလည်း အရေးပါနေပါလိမ့်မယ် ။
NLD နာယကကြီးထံ သွားတွေ့တာကတော့ နိုင်ငံရေးအရ အပြစ်မကျူးလွန်သူကို တပ်မတော်က ရန်မပြုပါဘူး ဆိုတဲ့ သဘောသဘာဝကို ပြချင်လို့ ဖြစ်နိုင်ပါတယ် ။
Credit: ကိုရွှေမျိုးဝင်း

No comments:

Post a Comment